ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မွေးခြင်းနဲ့ သေခြင်းဒဿန

မွေးခြင်းနဲ့ သေခြင်းဒဿန

 

ဘုန်းဘုန်းတို့ မကြာမကြာ တရားဟောတဲ့အခါပဲဖြစ်ဖြစ် စကားပြောတဲ့အခါပဲဖြစ်ဖြစ် ပြောဟောပေးလေ့ရှိတဲ့ ဒဿန စာသားလေးတစ်ခုရှိပါတယ်။ ရထားတာကြာပါပြီ။ ဘယ်သူဖော်ထုတ်ခဲ့တယ်ဆိုတာ အတိအကျမသိပေမယ့် အရမ်းကောင်းပြီး၊ အရမ်းအဓိပ္ပါယ် ရှိတဲ့အတွက် အမြဲပြောဆို အသုံးပြုနေမိပါတယ်။ အဲဒီဒဿနလေးက “မွေးသေဒဿန“လို့ ပြောလို့ရတဲ့စာသားလေးပါ။

 

“လူဟာ မွေးကတည်းက ငိုပြီးထွက်လာရတယ်။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက ပြုံးကြပျော်ကြတယ်။ သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေက ငိုကြ၀မ်းနည်းကြတယ်။ အဲဒီအချိန်မှာ ကိုယ်ကဘယ်လိုသေမလဲ…ပြုံးပြီးသေမလား..။ တစ်ခါငိုပြီး သေမလား…” တဲ့။

 

သိပ်ကောင်းပြီး သိပ်အဓိပ္ပါယ်ရှိတယ် စကားလေးပါ။ ဘုန်းဘုန်းတို့ အားလုံးဒီဒဿနလေးကို သေချာတွေးကြည့်ဖို့ လိုပါတယ်။ မှန်ပါတယ်။ လူတိုင်းလူတိုင်း မွေးမွေးချင်း မိခင်ဗိုက်ထဲက ငိုပြီးထွက်လာကြရပါတယ်။ မငိုရင်လည်း ငိုအောင်လုပ်ပေးရပါတယ်။ ဒါမှ အသက်ရှင်လှုပ်ရှားလာတာပါ။ အဲဒီအချိန်မှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့သူတွေက “ဟာ…မွေးပြီဟေ့.. ယေက်ျားလေးဟဲ့.. မိန်းခလေးဟဲ့…ကိုယ်လက်အင်္ဂါအစုံပါတယ်ဟဲ့..”စသဖြင့် ၀မ်းသာပျော်ရွှင်ကြပါတယ်။

 

ဒါဟာ လူသားအားလုံးရဲ့ မွေးဖွားမှုအစပါ။ ဒါပေမယ့် သေတဲ့အခါတော့ အဲလိုမဟုတ်ပါဘူး။ မသေခင် အစမ်းသေကြည့်ကြပါ။ သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့ပတ်သက်တဲ့ သူတွေက ၀မ်းနည်းကြ၊ ငိုကြပူဆွေးကြ၊ နှမြောတသဖြစ်ကြပါတယ်။ အဲဒီအခါမှာ ကိုယ်ကဘယ်လိုသေမလဲ ကြိုတင်စဉ်းစားကြဖို့ပါ။ ပြုံးပြီး သေမလား…။ ငိုပြီးသေမလား…။ ငိုပြီး သေသွားမယ်ဆိုရင်တော့ အရှုံးနဲ့သေတာပါပဲ။ မွေးတုန်းကလည်း ငိုပြီးမွေးလာခဲ့ရတယ်။ သေတဲ့အခါမှာလည်း ငိုပြီးသေသွားရမယ်ဆိုရင် ရှုံးပြီပေါ့။

 

ဒီတော့ ဘုန်းဘုန်းတို့က မွေးတဲ့အခါတုန်းက ငိုပြီး မွေးခဲ့ရပေမယ့်။ သေတဲ့အခါမှာ ပြုံးပြီးသေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။

မှန်ပါတယ်။ ပြုံးပြီးသေနိုင်ဖို့အတွက် အခုလက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင်၊ ကုသိုလ်တရားတွေနဲ့ ပျော်နိုင်အောင်ကြိုးစားရပါမယ်။ ကုသိုလ်ကောင်းမှုတွေကသာ လူတစ်ယောက်ကို ပြုံးပြီးသေနိုင်အောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ကျန်တဲ့အချိန်တွေမှာ သိပ်မသိသာပေမယ့် သေခါနီးအခါမှာတော့ ကုသိုလ်တွေနဲ့ ပြည့်နေတဲ့သူနဲ့ အကုသိုလ်တွေပဲ လုပ်ခဲ့တဲ့သူ သိပ်ကိုကွာခြားပါတယ်။ ကုသိုလ်တရားရှိတဲ့သူက သေရမှာကို မကြောက်ပါဘူး။ ပြုံးပြီးသေနိုင်ပါတယ်။

 

အကုသိုလ်တွေနဲ့နေခဲ့တဲ့သူကတော့ သေခါနီးမှာ ဘယ်လိုမှ မပြုံးနိုင်တော့ပါဘူး။ သေပြီးနောက်ဘ၀မှာ အကျိုးပေးမယ့်နိမိတ်တွေ ထင်လာတဲ့အခါ ပိုပြီးဆိုးပါတယ်။ အဲဒီအချိန်ဆိုရင်တော့ သူ့အတွက် ငိုပြီးသေရုံမှတစ်ပါး ဘာမှမရှိတော့ပါဘူး။ ဒါကြောင့် ဘုန်းဘုန်းတို့ ပြင်ဆင်ထားရမှာက မွေးလာတုန်းက ငိုပြီးမွေးလာပေမယ့် သေတဲ့အခါမှတော့ ပြုံးပြီးသေနိုင်ဖို့ အတွက် အခုကတည်းက ကောင်းတဲ့အလုပ်တွေ၊ ကုသိုလ်တရားတွေ၊ ကောင်းတဲ့အကြံ၊ ကောင်းတဲ့အပြော၊ ကောင်းတဲ့အလုပ်တွေနဲ့ နေနိုင်အောင် လေ့ကျင့်ပြင်ဆင်ထာဖို့ပါ။

 

ဒါဆိုရင် မွေးလာတုန်းက ကိုယ့်ကငိုပြီးထွက်လာ၊ ကိုယ့်ပတ်ဝန်းကျင်ကသူတွေက ပြုံးပျော်ကြပေမယ့် သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ဘယ်လောက်ပဲငိုငို ကိုယ်ကတန်ပြန်ပြုံးပြီး သေသွားနိုင်မှာ သေချာပါတယ်။ ဒါကြောင့် မွေးတုန်းက ငိုပြီးမွေးလာကြပေမယ့် သေတဲ့အခါ ပြုံးပြီးသေနိုင်အောင် ကြိုးစားကြပါလို့…အားလုံးကို အသိပေးတိုက်တွန်းလိုက်ပါတယ်။ အားလုံး ပြုံးပြီးသေနိုင်ကြပါစေ…။

 

Ashin Vicitta

Views: 79

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Tomorrow

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service