ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“ဒေါသဖြစ်ရင် အဆိပ်သင့်သလို”

“ဒေါသဖြစ်ရင် အဆိပ်သင့်သလို”

ဘုရားဟောထားတာရှိတယ်။
" သဒေါသံဝါ စိတ္တံ၊ သဒေါသံ စိတ္တန္တိ ပဇာနာတိ " တဲ့ ။ " ဒေါသနှင့်တကွဖြစ်သော စိတ်ကို ဒေါသနှင့်တကွဖြစ်သော စိတ် ဟူ၍ သိ၏" တဲ့ ။ ဒီထက်ရိုးအောင်၊ ရှင်းအောင်ပြောရရင် " ဒေါသစိတ်ကို ဒေါသစိတ်ဟူ၍သိ၏" တဲ့ ။ ဒေါသစိတ်ကို လို့ ဆိုကတည်းက ငါ့ဒေါသလို့ မဆိုလိုဘူးနော်- ငါမဟုတ်ဘူး။

ဒေါသကို ကြည့်တတ်တဲ့ အလေ့အကျင့်ကို များများလုပ်လာလို့ရှိရင် တစ်ခါတစ်လေ ဒေါသစိတ်ကလေးနည်းနည်းလေ
းပေါ်လာတာနဲ့ ချက်ချင်း မြင်လိုက်တဲ့အခါ ၊ ကိုယ်က မဖန်တီးဘဲနဲ့ဖြစ်လာတာပါလားဆိုတာ ကောင်းကောင်းသိတယ် ။ အလိုမကျတာနဲ့ တွေ့တဲ့အတွက်ကြောင့် ဗြုန်းခနဲဒေါသစိတ်ကလေးတစ်ခု ပေါ်လာတယ် ။အဲဒီလို မြင်လိုက်တဲ့အခါ ဒီဒေါသဟာ ငါ မဟုတ်ပါလားဆိုတာ ပိုရှင်းတယ် ။ ငါမဟုတ်တဲ့ ဒေါသကို မြင်လိုက်တယ် ။ ဒေါသနဲ့ ငါ နဲ့ တခြားစီဖြစ်သွားရင် ဒီဒေါသကို ကိုင်တွယ်ရတာ ၊ အင်မတန် လွယ်သွားတယ် ။ဒါကို သဘောပေါက်ဖို့ အင်မတန် အရေးကြီးတယ် ။

ဘယ်လို ကိလေသာဖြစ်ဖြစ် ၊ လောဘဖြစ်ဖြစ် ၊ ဒေါသ ဖြစ်ဖြစ် ၊ မာန ဖြစ်ဖြစ် ငါဆိုတဲ့ သက္ကာယ ဒိဋ္ဌိ ရဲ့ အထောက်အပံ့ကို မရရင်သူ သိပ်အားမကြီးဘူး ။ ဖြစ်ကြောလည်း မရှည်ဘူး ။ မြန်မြန်နဲ့ ပြေသွားတယ် ။
ကြောက်တာ၊ စိုးရိမ်တာ ၊ ပူပန်တာ၊ သောက ဖြစ်တာလည်း ဒေါသတစ်မျိုးပဲနော် ၊ ဒေါသ ဆိုလို့ စိတ်ဆိုးတာ တစ်ခုတည်းလို့မယူဆပါနဲ့ ။ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ အလုပ်အကိုင်နဲ့ ပတ်သက်လို့ ဖြစ်ဖြစ် တစ်ခုခု နဲ့ ပတ်သက်လို့ ကြောက်တာ ၊စိုးရိမ်တာ ၊ ပူပန်တာ အားလုံးဟာ ဒေါသဘဲ ။

အဲဒီတော့ ဒေါသဖြစ်တဲ့ အခါ ကိုယ့်ခန္ဓာကိုယ် မှာဘယ်လို ခံစားရသလဲ ၊ သေသေချာချာကြည့်ပါ ။ ခန္ဓာကိုယ် ပူလာတယ် ။ချွေးတွေ ပြန်လာတယ် ။အသက်ရှူ မြန်လာတယ် ။နှလုံးခုန် မြန်လာတယ်။ အဲဒီ အချိန်မှာ စိတ်ကလည်း မငြိမ်တဲ့အတွက်ကြောင့်စဉ်းစားတာ ၊ တွေးခေါ်တာ တွေဟာ အေးအေးဆေးဆေး အစီစဉ်တကျမဖြစ်တော့ဘူး ။ ယောက်ယက်ခတ်ပြီးတော့ ဟိုရောက် ဒီရောက်ဖြစ်တယ် ။ အစီစဉ်မရှိတော့ဘူး ။

တကယ်လုပ်သင့်တာ ၊ ဦးစားပေးသင့်တာကို မလုပ်တော့ဘဲ ၊ စိတ်လိုက်မာန်ပါနဲ့ မလုပ်သင့်တာတွေ လုပ်မိတယ် ။ မပြောသင့်တာတွေ ပြောမိတယ် ။
ဒေါသဖြစ်တာဟာ အဆိပ်ကို မြိုတာနဲ့တူတယ် ။ ဒေါသဖြစ်ရင် ခန္ဓာကိုယ်ရော ၊ စိတ်ပါ အဆိပ်သင့်သလို ဖြစ်သွားတယ် ။ဒေါသဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ ဓာတ်အပြောင်းအလဲဖြစ်တယ် ။ခန္ဓာကိုယ် ပျက်ဆီးမှုနှုန်း ပိုများလာတယ် ။ ဒါကြောင့် ဒေါသများများ ဖြစ်ရင်မြန်မြန်အိုတယ် ။

ဒေါသ ဟာ လေးဘက်လေးတန် အရပ်မျက်နှာအားလုံးပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ် ။ ဒေါသ ဖြစ်နေတဲ့အခါ ကြည့်ရတာမကောင်းတော့ဘူး ။ မျက်စိ ရဲ့ မြင်နိုင်စွမ်း လျော့သွားတယ် ၊ ဒါကြောင့်ဒေါသကြီးလွန်းသ အခါဘာမှမမြင်တော့ဘူး ။ မှောင်သွားတယ် လို့ တချို့ပြောကြတယ် ။ အကြောက်လွန်တာလည်းတူတူပါဘဲ ။

ဒေါသ ဖြစ်နေတဲ့အခါ နားကလည်းကောင်းကောင်းမကြားတော့ဘူး ၊ဒါကြောင့် နားကြား လွဲတတ်တယ် ။ ဒေါသ ဖြစ်နေတဲ့အခါ စားချင် သောက်ချင်စိတ်မရှိဘူး ၊စားရင် လည်းစားလို့မကောင်းဘူး ။ အရသာ ကို ကောင်းကောင်းမသိဘူး ။အနံ့ကို လည်း ကောင်းကောင်းမသိဘူး ။ ဒါကြောင့်ဒေါသ ဖြစ်နေတုန်းမှာ ထိခိုက်ဒါဏ်ရာရရင်မနာဘူး ။ဒေါသ ပြေသွားတဲ့အခါ ကျမှ နာတယ် ။

ဒေါသဖြစ်နေရင်အိပ်လို့ မပျော်ဘူး ၊ အိပ်ရေး ပျက်တယ် ။ အကြောင်းတစ်ခုခု ကြောင့် တစ်ယောက်ယောက်ကို ဒေါသ ဖြစ်နေရင်ဘာမှမဆိုင် တဲ့သူတွေ ကို ပါဒေါသနဲ့ ပြောမိတတ်တယ် ။ ဘာမှ အပြစ်မရှိတဲ့ သူဟာ သူ့ ကိုဒေါသ ကြီးကြီးနဲ့အော်တာ ငေါက်တာ ကိုခံရတဲ့ အခါ ဘာမှ အပြစ်မရှိပဲ မတရားခံရလို့ စိတ်ပျက်နာကြည်းသွားမယ် ။
ဒေါသ ဟာ ကိုယ့်အကျိုးရော သူတပါး အကျိုးကိုပါမသိ တော့ဘူး ၊ မမြင်တော့ဘူး ။

"ဒေါသော အတ္တံ နဇာနာတိ ၊ ဒေါသော ဓမ္မံ နပဿတိ "
ဒေါသ ဟာ အကျိုးကို လည်း မသိဘူး ၊ အကြောင်းကိုလည်း မမြင်ဘူး ။
ဒေါသ က ဆင်ခြင်နိုင်တဲ့ စွမ်းရည်ကို ဓားပြတစ်ယူသွားတယ် ။ ပြောသင့်တယ် ၊ မပြောသင့်ဘူး ဆိုတာ မဆင်ခြင်နိုင်တော့ဘူး ။လုပ်သင့်တယ် ၊ မလုပ်သင့်ဘူး ဆိုတာကိုလည်း မသိတော့ဘူး ၊ အကျိုးရှိတယ် ၊ အကျိုးမရှိဘူး ဆိုတာလည်း မသိတော့ဘူး ။
ဒေါသ ဖြစ်လာရင် စနစ်မရှိတော့ဘူး ။ discipline မရှိတော့ဘူး ။ စည်းကမ်းမရှိတော့ဘူး ။ ဒေါသ က ကိုယ့်ကို စနစ်မရှိတဲ့ သူ ၊ စည်းကမ်းမရှိတဲ့ သူ ဖြစ်အောင်လုပ်တယ် ။

ဒေါသ နည်းသွားရင်ကြောက်တာ၊ စိုးရိမ်တာ နည်းသွားတယ် ။ ဒေါသ ဖြစ်တာ ကို သိတာ များလာလေလေ ၊ ဒေါသ နည်းသွားလေလေဘဲ ။ ကြောက်တာ ၊ စိုးရိမ်တာ ကို သိလေလေ ကြောက်တာ စိုးရိမ်တာ နည်းသွားလေလေဘဲ ။အဲဒါ တကယ် လက်တွေ့ လုပ်ကြည့်မှပဲသိမယ် ။

(ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) -
(ဒေါသကိုနားလည်ပါစာအုပ်မှ)

Views: 68

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service