ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဗြဟ္မစရိယ မင်္ဂလာ

ဗြဟ္မစရိယ မင်္ဂလာ

To live a holy life  要過聖潔的生活

 

ဗြဟ္မစရိယ  ကျင့်စဉ်လို့ ခေါ်တဲ့ သူတော် သူမြတ်တို့  ကျင့်စဉ်ကတော့  ကိလေသာ အာရုံ ကာမဂုဏ်တွေနဲ့ ကင်းဝေးရာ တော၊ တောင်တွေမှာ သွားကျင့်ရမှဖြစ်ပါတယ်။ ရှေးအဋ္ဌကထာ ဆရာများက ဗြဟ္မစရိယာ-   မေထုန်ငယ် ၊   မေထုန်ကြီးတို့မှ ရှောင်ကြဉ်ခြင်းလို့ ဘာသာပြန်လေ့ ရှိပါတယ်။ 

 

ဗုဒ္ဓကျမ်းစာ ဇာတ်တော်တွေမှာလာတဲ့ ဗြဟ္မစရိယကျင့်စဉ်ကို အိမ်ထောင်သည် ဘဝမှာပင် ကျင့်ကြံသွားတဲ့ သူတော်စဉ်တွေ အကြောင်းလေ့လာကြည်ရအောင်..

မြတ်စွာဘုရားလက်ထက်က….မဂဓတိုင်း ကြွယ်ဝချမ်းသာတဲ့ မိသားစုမှာ ပိပ္ပလိလို့ခေါ်တဲ့ သားတစ်ယောက် ရှိခဲ့ပါတယ်။  

 

အချိန်တန်အရွယ်ရောက်တော့  မျိုးနွယ်ထိမ်းဖို့ ၊ စီးပွားရေးကို ဦးဆောင်နိုင်ဖို့  အိမ်ထောင်ချပေးရန်  တိုက်တွန်းပါသတဲ့။  သားဖြစ်သူက .. “ဖေဖေ ၊မေမေတို့ သား မိဘတွေကိုပဲ ကောင်းကောင်း ပြုစုစောင့်ရှောက်ပါရစေ.. ၊ မိဘတွေ မျက်ကွယ်ပြုသွားတာနဲ့ မြင့်မြတ်တဲ့ ရဟန်း ဘဝကို ခံယူသွားမှာပါလို့”  မိဘတွေ နားချုတိုင်း ပြန်ပြောလေ့ရှိပါတယ်။ 

 

မောင်ပိပ္ပလိ.. မိဘတွေ အိမ်ထောင်ပြုဖို့ ပြောဖန်များလာတော့.. စိတ်ကူးတစ်ခု ရလာပါတယ်။           ဤကမ္ဘာလောကကြီးမှာ မရှိနိုင်လောက်တဲ့  အလွန်လှပ တင့်တယ်တဲ့ ရွှေစင် အမျိုးသမီးရုပ် ကလေးကို ထုလုပ်ပြီး မိဘတွေတွေကို ပြမယ် ..ရွှေစင်ရုပ်ကလေးလို လှပရင် ကျနော် လက်ထက်မယ်ပေါ့။

 

မောင်ပိပ္ပလိ .. အထင်နဲ့အမြင် တက်တက်စင် လွှဲသွားခဲ့ပါတယ်..။ သူထုလုပ်ထားတဲ့ ရွှေစင်ရုပ်နဲ့ ထယ်တူ ထပ်မျှ လှပတင်တယ်တဲ့ ဘဒ္ဒကာပိလာနီဆိုတဲ့ ကလေးမ တစ်ယောက်ကို မိဘတွေ  မဒ္ဒတိုင်းမှာ ရှာတွေခဲ့ပါတယ်။

မောင်ပိပ္ပလိနဲ့မယ်ဘဒ္ဒတို့ဟာ ပါရမီရှင် သူတော်စဉ်တွေဆိုတော့ နှစ်ယောက်လုံး အိမ်ထောင် ပြုချင်စိတ် မရှိကြောင်း အချိန်တန်ရင် ကိလောသာ ကာမဂုဏ်တွေ ကင်းဝေးရာ ရသေ့ ၊ ရဟန်းပြုမည်ဖြစ်ကြောင်း  နှစ်ယောက်လုံး  အပြန်အလှန် လျှို့ဝှက်စာတွေ မိဘတွေ မသိအောင်ရေး ကြပြန်ပါတယ်။ 

 

သို့သော်လည်း စာတမန်းတော်တွေ လမ်းမှာ ဆုံးကြရင်းနဲ့ စာကိုဖောက်ဖတ်ပြီး ..တစ်ဦးကို တစ်ဦး ကြည်နူး ချစ်ခင်ပါကြောင်း စာပြင်ရေးလိုက်တော့ မထင်မှတ်ပဲ…မင်္ဂလာပွဲကြီးဖြစ်သွားခဲ့ပါတယ်။

အိမ်ထောင်ရှင် ဘဝရောက်သော်းလည်း နှစ်ယောက်စလုံး ဗြဟ္မစရိယကျင့်စဉ်ဖြင့် နေခဲ့ကြတာ ညအိမ်ရာမှာ အတူအိပ်ရင်  အလယ်ခေါင်မှာ ပန်းကုန်းတွေ ခြားထားပြီး အိပ်ပါသတဲ့၊ သူတို့ရဲ့ ဖြူစင်တဲ့ စိတ်ဓာတ်ကြောင့် ပန်းကုန်တွေ.. ငြိုးနွမ်းခြင်းမရှိခဲ့ပါဘူး။ 

 

အချိန်တွေ ကြာလာတာနဲ့အမျှ အတူနေရတဲ့ ဘဝကို ငြီးငွေ့ပြီး ရသေ့၊ ရဟန်းပြုဖို့ ဆုံးဖြတ် လိုက်ကြပါတယ်။ နှစ်ဦးသား တောထွက်ရာ လမ်းခရီးမှာ စကားမပြော တိတ်တဆိတ်နေရင်းနဲ့..   မောင်ပိပ္ပလိက.. “ ငါတို့နှစ်ယောက် အတူခရီး ဆက်လျှောက်လို့ မဖြစ်တော့ဘူးထင်တယ်.. ငါတို့ အတူသွားလာနေခြင်းဟာ .. ငါတို့ရဲ့ ဗြဟ္မစရိယ ကျင့်စဉ်နဲ့ ပြဒါးတစ်လှမ်း ၊ သံတစ်လှမ်းလို့ .. ပြောတော့  သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြပါတယ်။ 

ချစ်သူနှစ်ယောက် တောင်နဲ့မာက်လမ်းအခွဲမှာတော့.. ကမ္ဘာမြေကြီးတောင် မခံစာနိုင်တော့ပဲ..    ကောင်းချီး သြဘာ တုန်လှုပ်မြည်ဟီးခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံး     အဆုံးမှာတော့   မြတ်စွားဘုရား နဲ့တွေ့လို့ .. အရိယာသူတော်စဉ်.. ရဟန္တာတွေ ဖြစ်ကုန်ကြပါတယ်။

++++++

 

မြင့်မြတ်သော သူတော်စဉ်ဘဝဖြင့် နေထိုင်ဖို့ဆိုရင် .. သာယာကြည်နူးဖွယ် လောကီ ကိလေသာ အာရုံ ကာမဂုဏ်တွေမှ ရှောင်းခွါနေထိုင်ဖို့ လိုပါတယ်။  ထာဝရအေးချမ်းမှုကို ရယူလိုရင်တော့ .. ခဏတာ ပျော်ရွှင်မှုလို့ခေါ်တဲ့.. လောကီအာရုံးတွေကို စွန့်ခွါရမယ်ပေါ့။ 

လောကီတာဝန်ဝတ္တရားတွေနဲ့ ပြည့်နှက်နေတဲ့ဘဝမှာ ဒီလို နေထိုင်ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဘဝသံသရာမှ လွတ်မြောက်ဖို့ ရည်မှန်းချက်ရှိရင်တော့ လူသူကင်းဝေးရာ   တော၊တောင် တွေမှာနေထိုင်ပြီး ရဟန်းတရားတွေ အားထုတ်ဖို့ မြတ်စွာဘုရား ညွှန်ကြားထားပါတယ်။

 

အိမ်ထောင်သည်ဘဝဖြစ်သော်လည်း ကိလေသာ အာရုံ ကာမဂုဏ်တွေကို လွန်လွန်ကျူးကျူး မဟုတ်ပဲ ထိမ်းထိမ်းသိမ်းသိမ်း နေလို့ရပါသေးတယ်။ 

မြတ်စွာဘုရားလက်ထက်က မိသားစု ဘဝနဲ့ တရားဓမ္မတွေရသွားကြတဲ့ ဝိသာခါကျောင်းအမကြီးတို့လို    သောတာပန်၊ သကဒါဂါမ်၊တွေရှိခဲ့ပါတယ်။ အနာဂါမ်အဆင့်ရောက်ရင်တော့ .. အာရုံတွေများပြားလှတဲ့ လူဘဝကို မနေတော့ပဲ ရဟန်းဘဝကို ခံယူရပါတယ်။

 

မြတ်စွားဘုရာက… ဒီကိလေသာ အာရုံတွေမှ ကင်းလွှတ်ဖို့ရာ ရဟန်းတွေအတွက် သီးခြား ဝိနည်း ဥပဒေတွေ ပြဋ္ဌာန်းထားပါတယ်။ 

ဒါကြောင့် မြင့်မြတ်တဲ့သော ရသေ့၊ ရဟန်းဘဝနှင့် သာမန် အိမ်ထောင်သည်ဘဝနှင့် နိုင်ယှဉ်လို့မရပါဘူး။    မိသားစုဘဝမှာ   ဗြဟ္မစရိယကျင့်စဉ်ကတော့ ခက်ခဲ့မှုတွေရှိပြီး အဓိကပန်းတိုင်း နိဗ္ဗာန်လည်း ဝေဝါးဝါး အဆင့်မှာပဲ ရှိနေတတ်ပါတယ်။ 

သူတော်စဉ်တွေလို တော၊ တောင်တွေမှာနေပြီး မကျင့်နိုင်သေးပေမယ့်..  ဗြဟ္မစိုရ်တရားလေးပါး ကိုတော့ ကျင့်ကြံနိုင်ပါတယ်။

 

(၁) မေတ္တာ = သတ္တဝါအားလုံး အပေါ်မှာ ကိုယ့်သား၊သမီးလို  ချစ်ခြင်းမေတ္တာ။

(၂) ကရုဏာ =  သတ္တဝါအားလုံး အပေါ်မှာ ကြင်နာတတ်တဲ့  နှလုံးသား။

(၃) မုဒိတာ =  သတ္တဝါတွေ အောင်မြင်၊ ကြီးပွားမှု အပေါ်မှာ ကြည်နူးတတ်တဲ့ နှလုံးသား။

(၄) ဥပေက္ခာ =  အကောင်း၊ အဆိုးပေါ်မှာ တန်းတူ ထားတတ်တဲ့ စိတ်နေသဘောထား။ 

ဒီဗြဟ္မစိုရ် တရားလေးပါနဲ့ နေမယ်ဆိုရင်.. ...။

 

ရန်သူတွေကြားမှာတောင် ပျော်ပျော်ရွှင်ရွှင်နေနိုင်မှ ဖြစ်ပါတယ်။ မြတ်စွာဘုရားက

 ဓမ္မပဒမှာ… “ ရန်သူတွေကြားမှာ .. ပျော်အောင်နေပါလို့” လမ်းညွှန်ခဲ့ပါတယ်။ 

ဗြဟ္မစရိယ ကျင့်စဉ်ဟာ… သာမန် လူသားတစ်ယောက်အတွက် ခက်ခဲမှုရှိသော်လည်း .. ရည်မှန်းချက်နဲ့ ဆုံးဖြတ်ချက်ခိုင်းမာရင်တော့ မောင်ပိပ္ပလိတို့လို့…  လွတ်မြောက်ရာ လမ်းစကို ရှာတွေ့နိုင်ပါတယ်။

 

မြင့်မြတ်သော အကျင့်ဟာ.. မင်္ဂလာပါ

 


Views: 200

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service