ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သတိ နဲ့  မေတ္တာကို အဆောင်အဖြစ်ထားပါ

သတိ နဲ့  မေတ္တာကို အဆောင်အဖြစ်ထားပါ

 *** သတိ နဲ့ မေတ္တာနဲ့  နေ ရင် တော် တော် များ များ အန္တရယ် ကင်း တယ် လုံ ခြုံ တယ်...၊ ကိုယ့်ရဲ့ မေတ္တာ ...သတိ... သမာဓိ ကြောင့်....အင်မတန် ကြည် ကြည်လင် လင် အေး အေး ချမ်း ချမ်း နေထိုင် သွား လာ လုပ် ကိုင် နိုင် ပါ တယ်...၊ တချို့  ဆရာ တော် ကြီး တွေ အင် မ တန် စိတ် ကြည်လင် အေး ချမ်း ပြီး တော့ သတိ .. သမာဓိ အလွန် ကောင်း တယ်...၊ သူတို့ နား ရောက် သွား ရင်....ကိုယ့် စိတ်ကလည်း အေး ချမ်း ပြီး တော့ ငြိမ်း ချမ်းသွားတာ မျိုး ခံစား ရ တယ်...၊


**** ဘာဖြစ် လို့  လဲ ဆို တော့ သူတို့ ရဲ့ မေတ္တာ စက် ကွင်း....သူ တို့ ရဲ့ သမာဓိ... သူတို့  ရဲ့ အေးချမ်း မှု စက်ကွင်းထဲ ရောက် သွား တယ်...၊ အဲ ဒီလို ပဲ မေတ္တာ ကို ပွား နေ မယ်..၊ ကိုယ့်စိတ်ထဲ မှာ မေတ္တာ စိတ် တွေ ဖြစ် နေ မယ် ဆိုရင် .... ကိုယ် ခန္ဒာ ကိုယ် ပါတ်ဝန်း ကျင် မှာ မေတ္တာ စက်ဝင်း ဖြစ်လာ တယ်..၊ ဒီ မေတ္တာ စက်ကွင်း ရဲ့ အား ကြောင့် ကိုယ် ကို တိုင် နူးညံ့ ကြည်လင် အေး ချမ်း နေ ပြီး တော့..ကိုယ် နဲ့ ပါတ် သက် ဆက်ဆံတဲ့ သူ တွေမှာ လည်း နူး ညံ့ကြည်လင် အေးချမ်းမှု ကူး ဆက် နိုင် ပါ တယ်...၊

*** ဘ၀ကို ညံ့ဖျင်း သွားစေတဲ့ အရာထဲ မှာ သတိမပါ ဥာဏ် မပါ ဖြစ်သလို နေတတ် လုပ်တတ်တာ ဟာ ထိပ်ဆုံးက ပါ နေတယ်..၊ သတိကောင်း လာ ရင် ဥာဏ်လိုက်လာ တယ်... သတိ မပါ ဘဲ ဥာဏ်မ ဖြစ်ဘူး....၊

*** "မမေ့ မ လျော့ သတိနဲ့  နေ ပါ" ဆို တဲ့ မြတ်စွာဘုရား ရဲံ့ အဆုံး အမ ဟာ အင် မတန် လေး နက် တယ်...၊ ဒီအဓိ ပ္ပါယ် နဲ့  တူ တာ မပြော နဲ့ နီး စပ် တာ ကို တောင် အခြား အယူဝါ ဒ မှာ ရှာ လို မရ ဘူး....၊ ဒါကို အရေးကြီး တယ် လို့  ဘယ်သူ မှ မသိကြ ဘူး..... ဒါ ကြောင့် ဘုရား ကို ကြည် ညို တယ် ဆို ရင် မြတ်စွာ ဘုရား အလေးထား ဆုံး ဖြစ် တဲ့ ၀ါ ဒ ကို အတတ်နိုင်ဆုံး ကြိုး စား ပြီး တော့ လိုက် နာ ရ မယ်...၊

*** ကျေးဇူး ရှင် ဆရာတော် ဦး ဇောတိက ၏ ဆုံး မတရား တော်***

လွတ်လပ်မှုကို အလွဲသုံးစား မလုပ်ပါနဲ့

လွတ်လပ်မှုကို အလွဲသုံးစား မလုပ်ဖို့ သိပ်အရေးကြီ:ပါတယ်။ လွတ်လပ်မှုကို အလွဲသုံးစားလုပ်တဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်ဘူ:။ ကိုယ့်လွပ်လပ်မှုကို တန်ဖိုးထားရင် သူတစ်ပါးရဲ့ လွပ်လပ်မှုကိုလည်: တန်ဖိုးထားမှ ဖြစ်မယ်။ 
ကိုယ်အကျိုးရှိဖို့ သူတစ်ပါးအကျိုး ထိခိုက်တဲ့အလုပ်တွေကို စည်းမဲ့ကမ်:မဲ့ လုပ်တာဟာ လွပ်လပ်မှု မဟုတ်ဘူ:။ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက် အကျိုးရှိတာကို သိပြီ: လုပ်နိုင်တဲ့သူဟာ လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ လွတ်လပ်မှု မရှိတဲ့သူ လွတ်လပ်မှုနဲ့ မတန်တဲ့သူ ဖြစ်တယ်။

" အစိုးရဆိုတာ ဥပဒေကိုခေါ်တာ၊ လူကိုခေါ်တာ မဟုတ်ဘူး။
ဥပဒေက လူတွေကို အုပ်ချုပ်တာ၊ လူက လူတွေကို အုပ်ချုပ်တာ မဟုတ်ဘူး။ "
  
လွတ်လပ်တဲ့စိတ် စာအုပ် ( စာမျက်နှာ - ၂၅၅ )
 ***
ဥပဒေဆိုတာ လွတ်လပ်မှုကို တားဆီ:တဲ့အရာလို့ ဆိုနိုင်ပေမဲ့ ဥပဒေမရှိပဲ လွတ်လပ်မှု မရှိနိုင်ဘူ:။ စည်းကမ်:နဲ့ လွတ်လပ်မှု၊ တာဝန်နဲ့ လွတ်လပ်မှုတို့ဟာ တွဲနေတယ်။ ဥပဒေမရှိ စည်းကမ်:မရှိတဲ့ အသိုင်းအဝိုင်းမှာ လုံခြုံမှုမရှိဘူ:။ လုံခြုံမှု မရှိရင်လည်: လွတ်လပ်မှု မရှိတော့ဘူ:။ ကိုယ့်အိမ်ထဲကို ကိုယ်ခွင့်မပြုပဲ ဘယ်သူမဆို ဝင်လာလို့ရရင် လုံခြုံမှုရှိသေ:သလား။ 
လွတ်လပ်မှုရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို နားလည်ဖို့ သိပ်အရေးကြီ:တယ်။ အတ္တစိတ်ကလိုချင်တဲ့ လွတ်လပ်မှုက တစ်မျိုး၊ သတိနဲ့ဥာဏ်ပါတဲ့ အတ္တစွဲကင်းတဲ့စိတ်က လိုချင်တဲ့ လွတ်လပ်မှုက နောက်တစ်မျိုး။ အတ္တစွဲကင်းတဲ့လူက လိုချင်တဲ့ လွတ်လပ်မှုဟာ သူ့တစ်ယောက်ထဲအတွက် လိုချင်တဲ့ လွတ်လပ်မှု မဟုတ်ဘူ:။ လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက် လိုချင်တဲ့ လွတ်လပ်မှုဖြစ်တယ်။
အတ္တစွဲကင်းတဲ့လူဟာ ကိုယ်ထင်ရာ မလုပ်ဘူ:။ နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို ထည့်စဉ်းစားတယ်။ အမြော်အမြင်ကြီ:တဲ့အတွက် နိုင်ငံ တစ်နိုင်ငံလုံးအတွက်ကော နောက်လာမယ့် ခေတ်အဆက်ဆက် အတွက်ကော ထည့်စဉ်းစားပြီ: လုပ်သင့်တာကိုပဲ လုပ်မယ်။ သူတွေးတာက ငါတို့ဟာ လူ့အသိုင်အဝိုင်းကြီ:တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တယ်။
ငါတို့ဟာ အသိုင်းအဝိုင်းကြီ:တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တို့ရှေက သွားတဲ့သူတွေနဲ့ တို့နောက်က လာမယ့် သူတွေကို အလေးမထားပဲ နေလို့မဖြစ်ဘူ:။
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၂၅) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Views: 512

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service