ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကဲ့ရဲ့သူကို အကောင်းဆုံး လက်စားချေနည်း

လောကမှာ အကဲ့ရဲ့မခံရသူဆိုတာ မရှိနိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ သာဓက တစ်ခုဆောင်ပြပါ့မယ်။ သာဝတ္ထိမြို့ထဲက အမျိုးသားတစ်ယောက်ဟာ တရားနာဖို့ရန် ရှားတောထဲမှာ တစ်ပါးတည်းသီတင်းသုံးနေတဲ့ ရှင်ရေ၀တထံ သွားပါတယ်။ ရှင်ရေ၀တက တရားနှလုံးသွင်းနေလို့ ဘာစကားမှ ပြန်မပြောလိုက်ဘူး။ ဒါကို သူက “ဆွံ့အနေသူ ဖြစ်မှာပါ၊ စကားလည်း တစ်လုံးမှမပြောဘူး” လို့ကဲ့ရဲ့ပြစ်တင်ပါတယ်။
အရှင်သာရိပုတ္တရာထံ သွားပြန်တယ်။ မထေရ်ကြီးက ပညာဉာဏ်ကြီးသူမို့ လေးနက်တဲ့တရားကို ဟောတယ်။ ဒါလည်း မကြိုက်ပြန်ဘူး။ “ဒီကိုယ်တော်ကြီးကလည်း ဘာတွေဟောမှန်းကို မသိဘူး။ တရားဟောတာက ပေါက်ပေါက်ဖေါက်နေတာ ကျနေတာပဲ” လို့အပြစ်တင်ပြန်တယ်။ အရှင်အာနန္ဒာထံ သွားပြန်တယ်။ အရှင်အာနန္ဒာက သိလွယ်မြင်လွယ်တဲ့ တရားစကားကို ဟောတယ်။ “ဒီကိုယ်တော့်နှယ် နွားကျောင်းသားတွေတောင် သိနိုင်တဲ့တရားမျိုးကို ငါ့ လာဟောနေသေးတယ်” ဆိုပြီး ပြစ်တင်ကဲ့ရဲ့ပြန်တယ်။ နောက်ဆုံး ဘုရားရှင်ထံသွားတော့ ဘုရားရှင်က လောကမှာ ကဲ့ရဲ့လွတ်သူမရှိကြောင်း ဟောတော်မူလိုက်ပါတယ်။

အပြစ်ကင်းတော်မူပြီးသော ရဟန္တာမထေရ်ကြီးများပင် ကဲ့ရဲ့ပြစ်တင်ခံရမှုမှ မလွတ်ကင်းနိုင်သေးလျှင် ကျွန်ုပ်တို့လို သာမန်လူသားများအတွက်တော့ ပြောစရာပင် လိုမယ်မထင်ပါ။ ကဲ့ရဲ့မလွတ်တဲ့လောကမှာ ကဲ့ရဲ့ခံရမှာကြောက်ပြီး ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို မလုပ်ဘဲနေရင် ကိုယ့်အတွက် လောကအတွက် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့လမ်းပေါ်မှာ မှန်မှန်လျှောက်ဖို့သာ အရေးကြီးပါတယ်။

ဆရာတော်ကြီးတစ်ပါး အမိန့်ရှိခဲ့ဖူးတာလည်း ကြားဖူးပါတယ်။ “ငါ့ကိုကဲ့ရဲ့သူဟာ ငါ့ဆရာပဲ။ ဘာလို့လဲဆိုတော့ ကဲ့ရဲ့တဲ့သူဆိုတာ အပြစ်ပဲမြင်တယ်၊ ဒီတော့ ကိုယ့်ရဲ့အားနည်းချက်တွေ ပြင်စရာရှိရင် ပြင်လို့ရတာပေါ့။ ငါ့ကိုချီးကျူးသူဟာ ငါ့တပည့်ပဲ။ သူကကောင်းကွက်ကိုပဲရှာပြီး ချီးကျူးတတ်တာ။ စေတနာကောင်းနဲ့ ထောက်ပြပြောဆိုသူဆိုရင်တော့ ငါ့မိတ်ဆွေကောင်းပေါ့။”

တကယ်တော့ ကဲ့ရဲ့လာသူ ဝေဖန်လာသူတို့ရဲ့ အတွင်းစိတ်ကို ဖတ်တတ်ဖို့ မြင်အောင်ကြည့်တတ်ဖို့ အရေးကြီးပါတယ်။ တပည့်လား ဆရာလား မိတ်ဆွေလားဆိုတာကိုပေါ့။ ဝေဖန်သူရဲ့နှလုံးသားဟာ စေတနာမေတ္တာနဲ့ ထုံမွှမ်းထားသလား၊ ဣဿာမစ္ဆရိယတွေ လွှမ်းခြုံနေသလားဆိုတာ သိရင်ပြီးပါပြီ။ ပြန်တုန့်ပြန်ဖို့ မကြိုးစားမိပါစေနဲ့။ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ပါ။
ကလဲ့စားချေတယ်ဆိုတာ ပြန်တုန့်ပြန်မှ မဟုတ်ပါဘူး။ ခွင့်လွှတ်သည်းခံခြင်းနဲ့လည်း ကလဲ့စားချေလို့ရပါတယ်။ ဒါဟာ အကောင်းဆုံးလက်စားချေနည်းပါပဲ။ ဒါကြောင့် ကိုယ့်အပေါ် ကဲ့ရဲ့ပြစ်တင်သူကို ခွင့်လွှတ်သည်းခံခြင်းဖြင့် အကောင်းဆုံး လက်စားချေနိုင်ပါစေဟု ဆန္ဒပြုလျှက်……..

ဧရာဝတီအရှင်

Views: 177

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Tomorrow

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service