ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ညီမလေးဖတ်ဖို့ (၈)


A female child may prove even to be a better offspring than a male.
မိန်းကလေးတစ်ယောက်ဟာ ယောက်ျားလေးတစ်ယောက်ထက်တောင်
ကောင်းမွန်သော သားသမီးကောင်းတစ်ယောက်အဖြစ် သက်သေပြနိုင်ပါတယ်။
ဒီစာလေးကို ညီမလေးဖတ်ပြီး ဂုဏ်ယူနိုင်ပါတယ်ကွယ်။ ဗုဒ္ဓဘာသာမှာ မိန်းကလေးတွေရဲ့ အခန်းကဏ္ဍဟာ ထင်ရှားစွာရှိပါတယ်။ ဘုရားရှင်ကိုယ်တိုင် ဘာသာရေးနယ်ပယ်မှာလွတ်လွတ်လပ်လပ်ပါဝင်ခွင့်ရဖို့မိန်းကလေးတွေကိုအခွင့်အရေးပေးထားခဲ့တာပါ။ မိန်းကလေးတွေအတွက် ဘာသာရေးလွတ်လပ်ခွင့်ကို ပေးခဲ့တဲ့ ပထမဆုံး ဘာသာရေးခေါင်းဆောင်ကြီးဟာ အစ်ကိုတို့ ရှင်တော်ဗုဒ္ဓပါပဲ။

 

ဘုရားပွင့်တော်မမူခင်တုန်းကဆို အမျိုးသမီးတွေရဲ့တာဝန်တွေက မီးဖိုချောင်ထဲမှာ ချုပ်ချယ်ခံဘ၀ပဲ ဖြစ်ခဲ့ရတာ။ အမျိုးသမီးတွေဆိုရင် ဘာသာရေးဆိုင်ရာ ၀တ်ပြုဆုတောင်းပွဲတွေမှာ ရွတ်ဖတ်ပူဇော်ခွင့်မရတာတို့ကိုမပြောနဲ့ ဘုရားကျောင်းကန်တွေထဲ ၀င်ဖို့တောင် ခွင့်ပြုခဲ့တာမဟုတ်ဘူး။ ဘုရားရှင် လက်ထက်တော်ကာလအတွင်းမှာ လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းကိုနိမ့်ကျခဲ့တာ။ဘုရားရှင်ဟာ အမျိုးသမီးတွေအတွက် ဒီလိုလွတ်လပ်မှု့ကို ပေးခဲ့ချိန်မှာ အချိန်ကြာကြာလွှမ်းမိုးထားတဲ့ ရှေးရိုးစွဲဝါဒီတွေရဲ့ ဝေဖန်တိုက်ခိုက်တာ ကိုတောင် ခံခဲ့ရသေးတယ်။

 

ဘုရားရှင်ကိုယ်တော်တိုင် ကောသလသံယုတ်မှာ အတိအလင်းဟောထားခဲ့တာပါ။ ပညာရှိသော၊ အကျင့်သီလရှိသော၊ ယောက္ခမကိုနတ်ကဲ့သို့ရိုသေသော၊ လင်ကိုလုပ်ကျွေးသော မိန်းမဟာမြတ်ပါတယ်တဲ့။ အဲဒီလိုမိန်းမကနေ မွေးဖွားလိုက်တဲ့ သားဟာ ရဲရင့်ပြီး တိုင်းပြည်အပေါ်မှာတောင် အုပ်ချုပ်မင်းလုပ်နိုင်ပါသတဲ့။ဘုရားရှင်က ခိုင်ခိုင်မာမာထပ်ပြောထားတဲ့ အချက်တစ်ချက်ရှိသေးတယ်။ယောက်ျားတွေပဲအမြဲတမ်းပညာရှိတစ်ယောက်
ဖြစ်နိုင်တာမဟုတ်ဘူးတဲ့ အမျိုးသမီးတွေလည်းပဲ ပညာရှိတစ်ယောက်ဖြစ်နိုင်ပါတယ်တဲ့။


ယနေ့ခေတ်မှာဆိုရင် များစွာသောဘာသာဝင်တွေဟာ သူတို့ဘာသာတရားတွေမှ အမျိုးသမီးတွေအတွက်တူညီတဲ့အခွင့်အရေးတွေကိုပေးဖို့တောင်းဆိုနေကြ
တာတွေတွေ့နေရတယ်။ဒါဟာဘာကြောင့်လဲဆိုရင်သူတို့မှာကိုယ်ပိုင်အခွင့်အရေးမရှိဘူး၊နယ်ပယ်အသီးသီးမှာ ခွဲခြားဆက်ဆံရတာခံနေရတယ်ဆိုတာ ဖော်ပြနေတယ်ဆိုတာပါပဲ။

 

ဗုဒ္ဓဘာသာရဲ့သဘောထားအရဆိုရင် အမျိုးသမီးတွေကို ယုတ်ညံ့တယ်လို့ ယူဆခြင်းဟာ လုံးဝမလျော်ကန်မသင့်မြတ်ပါဘူး။ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် သံသရာတစ်လျှောက် ကျင်လည်ခဲ့သမျှဘ၀တွေအသာထားဦး ဘုရားအဖြစ်ကို ရတဲ့ဘ၀အထိ အမျိုးသမီးတွေရဲ့မွေးဖွားခြင်းကို ခံခဲ့ရသေးတယ်မဟုတ်လား။ ဒီနေရာမှာ ညီမလေးကိုပြောချင်တာက ညီမလေးဟာ ဗုဒ္ဓဘာသာဝင် သမီးပျိုတစ်ယောက်အနေနဲ့ အစ်ကိုတို့ကျင်လည်ရာ လူ့အဖွဲ့အစည်းထဲမှာ ထိန်းချုပ်ကန့်သတ်မှု့မရှိဘဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်နိုင်တဲ့ အခွင့်အရေးကို ရရှိထားတယ်ဆိုတာ သိစေချင်တာပါပဲ။

 

ဒီလိုပြောရတယ်ဆိုတာကလည်း လူတွေဟာ အခွင့်အရေးတွေ ဗုန်းဘောလအော အလွယ်တကူ ရနေကြရင် တန်ဖိုးဆိုတာ နားလည်ဖို့မေ့တက်ကြလို့ပါကွယ်။ အချို့အချို့သော ဘာသာတွေမှာဆို သူတို့ဘာသာဝင်တွေဟာ တစ်ခြားဘာသ၀င်တွေနဲ့ အိမ်ထောင်ပြုတာတို့ ဆက်ဆံပေါင်းသင်းတာတို့ဆိုရင် လုံးဝခွင့်မလွှတ်တက်ကြဘူး။ ပြင်းထန်ရက်စက်တဲ့ အပြစ်တောင်ပေးကြတယ်။ သူတို့တွေဟာ ပညာရေး၊ လူမှုရေး ဘာသာရေးစနဲ့ နယ်ပယ်အသီးသီးမှာ အနှိမ်ခံတွေဖြစ်နေကြတာ ညီမလေးသိစေချင်တယ်။

 

ညီမလေးတို့ဆို ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ တွေးကြည့်ပါ။ ကိုယ်ချစ်ချင်တဲ့သူဆို ချစ်လိုက်ကြ။ အိမ်ထောင်ပြုလိုက်ကြ။ ဘာလုပ်လုပ် တင့်တယ်နေတယ်လို့ ပြောရင်တောင် လွန်မယ်မထင်ဘူး။ ခုဆိုရင် သူတို့တွေဟာ သူတို့ရဲ့လွတ်လပ်ခွင့်အတွက် အသည်းအသန် တိုက်ပွဲဝင်နေကြရတယ်။ လူတွေပြောပြောနေတဲ့ human right ဆိုတာကို သူတို့ တိုက်ယူနေကြရတာနော်။ ညီမလေးတို့က ဘာတိုက်ပွဲမှ ဆင်နွှဲစရာမလိုအောင် မွေးကတည်းက ရခဲ့ကြတာ မဟုတ်လား။ ဒီလိုပြောလို့ ညီမလေး အစ်ကို့ကို စိတ်မဆိုးနဲ့နော်။

 

ဒီလောက်အခွင့်အရေးတွေရထားတာကို ညီမလေး တလွဲအသုံးချလိုက်မှာစိုးလို့ပါ။ တလောက သတင်းလေးတစ်ခု ဖတ်လိုက်ရတယ်။ မလေးရှားရောက်မြန်မာမိန်းကလေးတွေ အကြောင်းပါ။ ဘာသာခြား၊ တိုင်းတစ်ပါးသားနဲ့ ချစ်ကြွမ်းဝင်နေတာကို မြင်တွေ့နေရတဲ့ မြန်မာအမျိုးသားတွေက အမျိုးဘာသာအတွက် တားဆီးကာကွယ်ဖို့ ပြောတာကို မချေမငံ ပြန်လည်ပြောဆိုဆက်ဆံကြတယ်ဆိုပဲ။ ဒီလိုသတင်းတွေက ကြားရတာ နားဝမှာ မချိုမြိန်ပါဘူးကွာ။ ကုန်ကုန်ပြောမယ်ကွာ ညီမလေးတို့က ချစ်ချင်ကြသလား၊ ချစ်ချင်ရင်ချစ်ကြပါ။ တစ်ဘ၀လုံးအတွက် လက်တွဲဖော်ရှာမယ်လား၊ ရှာလိုက်ပါ။ ဒါပေမယ့် နောက်တစ်ချိန်ကြမှ နောင်တတွေနဲ့ ရင်ကွဲပက်လက် ဖြစ်ကျန်ခဲ့မယ့် အဖြစ်မျိးကိုတော့ အစ်ကိုမမြင်ချင်တာတော့ အမှန်ပါကွယ်။


ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ စာလေးတစ်ခုကိုသတိရမိတယ်။ ဘာသာခြားတစ်ယောက်နဲ့ အိမ်ထောင်ကျလို့ မွေးလာတဲ့သားလေးကို သင်္ကန်းလေးစည်းခွင့်ရဖို့တောင် အခွင့်မရတဲ့အမေတစ်ယောက်အကြောင်းပါ။ ငယ်တုန်းအချိန် အချစ်ဒီဂရီတွေ အရှိန်တက်နေတုန်းကတော့ သိပ်ပြီးမသိသာလှပေမယ့် စိတ်ဓါတ်တွေရင့်ကျက်လို့ ကောင်းကောင်းမွန်မွန် ချင့်ချိန်တွေးတက်ချိန်မှာတော့ အရာအားလုံးဟာ နောက်ကျသွားပြီလေ။

 

ဒီလိုပြောလို့ အသားအရောင် ဘာသာစကား လူမျိုးရေးစကားတွေပြောနေရသလားလို့ အစ်ကို့ကို သေးသိမ်တယ်လို့မတွေးစေချင်ဘူး။ သူစိမ်းနှစ်ယောက် စိတ်တူကိုယ်တူ ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခုဟာ အယူအဆမတူတဲ့အတွက်ကြောင့် ဘယ်လောက်အထိ ခိုင်မြဲတည်နေနိုင်သလဲဆိုတာတော့ အစ်ကိုလည်း အဆုံးဖြတ်ရဲဘူး။ ဘ၀တစ်လျှောက်လုံး ပျော်ရွှင်စိတ်ချမ်းသာဖို့အတွက် ငွေအတွက်ကြောင့်ဖြစ်စေ အချစ်အတွက်ကြောင့်ဖြစ်စေ လက်လွတ်စပယ်တော့ အဆုံးအဖြတ်မရဲစေချင်ဘူး။


ပြောချင်တာတွေအများကြီးထဲက နောက်ဆုံးအနေနဲ့ပြောရရင် လွတ်လပ်တဲ့ လူ့ပတ်ဝန်းကျင်မှာ ဘ၀တစ်လျှောက်လုံးပျော်ရွှင်နေနိုင်ဖို့အတွက် ညီမလေးဟာ လူတော့ဆင်းရဲကောင်းဆင်းရဲမယ်။ စည်းစိမ်ချမ်းသာတွေကို မစွန့်နိုင်လို့ စိတ်ဆင်းရဲခံမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ တစ်မျိုးပေါ့ကွယ်။ အားလုံးဟာ နှစ်တစ်ရာအတွင်းလေးသာ အသက်ရှင်ကြရမှာပါ။ဘာပဲပြောပြောကွာ တကယ်တန်းလွတ်လပ်တဲ့အခွင့်အရေးကို ဆုပ်ကိုင်ထားခွင့်ရတဲ့ ညီမလေးသဘောအတိုင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ကောင်းသည်၊ ဆိုးသည်ဆိုတဲ့အရာတွေကို ပြုလုပ်စီမံနိုင်တဲ့ အခွင့်အရေးဟာ လူသားတိုင်းမှာရှိနေလို့ပါပဲ။


ကိုယ်းကားချက် ။။ what Buddhsits believe written by Dr.K.sri Dhammananda
တေမိ(မော်ကျွန်း)

 

Views: 176

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service