ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဆရာတော်ဘုရားကြီးများ၏ နှလုံးလှ အဆုံးအမ သြဝါဒ


ဆရာတော်ဘုရားကြီးများ၏ နှလုံးလှ အဆုံးအမ သြဝါဒ

၁။ မျက်စိက မြင်သော်လည်း မမြင်သင့်တဲ့အရာဆိုလျှင် အကန်းလိုနေပါ။

၂။ နားက ကြားသော်လည်း မကြားသင့်တဲ့အရာဆိုလျှင် နားထိုင်းသူ
လိုနေပါ။

၃။ စကားအရာလိမ္မာတဲ့ ပညာရှိဖြစ်သော်လည်း မပြောသင့်တဲ့အရာ
ဆိုလျှင် ဆွံ့အသူလို မပြောဘဲနေပါ။

၎။ ခွန်အားဗလကောင်းသော်လည်း မလုပ်သင့်တဲ့အရာဆိုလျှင် အားခွန်
ဗလ မရှိသူလိုနေပါ။

၅။ မပြုသင့်တဲ့ကိစ္စ ဖြစ်ပေါ်လာလျှင် လူသေကောင်လိုနေပါ။

(မဟာကစ္စာယန မထေရ်မြတ် )


ဖျက်စု နှစ်ဆယ်

၁။ စေတီမှန်းထား၊ မြတ်ဘုရား၊ တည်ထားကောင်းလျက်၊ ညောင်ပင် ဖျက်သည်။

၂။ မြစ်မရေနက်၊ သောင်ပြင်ဖျက်သည်။

၃။ မင်းကောင်းပါလျက်၊ မင်းမြှောင်ဖျက်သည်၊

၎။ လက်စုံစား၊ မယားကောင်လျက်၊ အမြှောင်ဖျက်သည်။

၅။ မောင်းသွင်းခူနင်း၊ ရေလျှင်သွင်း၊ ပျိုးခင်းကောင်းလျက်၊
မြှောင်တောင် ဖျက်သည်။

၆။ လက်ဆက်တံကူ၊ လှေမူခိုင်လျက်၊ စီးပိုးဖျက်သည်။

၇။ လက်တီးကြမ်းပြင်၊ ဆင်ဝင်ကောင်းလျက်၊ ဝဲလင်းဖျက်သည်။

၈။ က္ကုတ္ထိယမူ၊ ရူပါကောင်းလျက်၊ ဆံထုံးဖျက်သည်။

၉။ ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊
လက်ဆောင်ဖျက်သည်၊

၁၀။ ရဟန်းတရား၊ ကျင့်ပါများလျက်၊ အစားဖျက်သည်။

၁၁။ သီလငါးပါး၊ ကျင့်သူအားကို၊ စီးပွားမရက်၊ လောဘဖျက်သည်။

၁၂။ သုခမိန်ဟု၊ ကျော်ရှိန်နှံ့သိ၊ ပညာရှိ၊ ကြီးဘိအမျက်၊
ဒေါသဖျက်သည်။

၁၃။ တိုက်နှင့်ကျီကြ၊ ထုပ်လျောက်စသည်၊ ခိုင်လှပေလျက်၊ ပေါင်းကွပ် ဖျက်သည်။

၁၄။ ပြည်ရွာတိုင်းကား၊ စည်ပင်ငြားလည်း၊ ခေါင်းပါးခေါင်လျက်၊ စပါးဖျက်သည်။

၁၅။ ပဉ္စ္စင်တူရိယာ၊ နှဲခရာ၊ သာယာပေလျက်၊ လင်းကွင်းဖျက်သည်။

၁၆။ လက်သင်လှော်ကား၊ လှော်ပေငြားလည်း၊ အသွားကောင်းလျက်၊
လှေပဲ့ ဖျက်သည်။

၁၇။ ဘောဇဉ်ငါးပါး၊ ပျားအရသာ၊ ကောင်းပါပေလျက်၊ ဆားငံဖျက်သည်။

၁၈။ ဆီမီးတန်ဆောင်၊ ဝင်းပြောင်ပေလျက်၊ လေဆိုးဖျက်သည်။

၁၉။ က္ကုတ္ထိယမူ၊ ရူမလက္ခဏာ၊ ကောင်းပါပေလျက်၊ ရောဂါနှိပ်စက်၊ အနာဖျက်သည်။

၂၀။ သူကောင်းဖြစ်ငြား၊ မူထားကောင်းလျက်၊ အပေါင်းဖျက်သည်။

(တောင်ဖီလာ ဆရာတော်)


တဏှာမရှိခြင်း သဘောတရားကို နိဗ္ဗာန်ခေါ်တာပါတဲ့။
အထူးသတိပြုစရာကတော့ နိဗ္ဗာန်ဆိုတာ မြင်စရာမဟုတ်ဘူး။
ခံစားစရာမဟုတ်ဘူး။ နိဗ္ဗာန်ကို ခံစားစရာ၊ မြင်စရာအဖြစ်နဲ့ရှာကြတယ် ဆိုရင် တစ်သက်လုံးတွေ့မှာ မဟုတ်ဘူး။ ပရိယာယ်နဲ့ ဟောထားတာကို နားလည်ရတယ်။

အရှင်ဇေယျပဏ္ဍိတ (ပိုင်းလော့ဆရာတော်)


စိတ်ချမ်းသာ ကိုယ်ချမ်းသာ
သွားချင် လာချင် ရပ်ချင် အိပ်ချင်သလား
တွယ်တာမှုတွေကို ဥပေက္ခာပြုလိုက်ပါ။

(ဘဒ္ဒိယမထေရ်၊အပဏ်ဏက၀ဂ်၊ သုခ၀ိဟာရီဇာတ်တော်)


သူတော်ကောင်း
စိတ်ထားရှည်ကာ မကြွားဝါ
ထိုဟာ သူတော်ကောင်း၊
မပြင်းဒေါသ မာန်မာန
ကင်းက သူတော်ကောင်း၊
ကျေးဇူးသိမြင် ပြန်ဆပ်လျှင်
ခေါ်တွင် သူတော်ကောင်း၊

ဂုဏ်ပြိုင်တုပ မပြုက
ခေါ်ရ သူတော်ကောင်း
ကိုယ်ကျိုးကို သာ မရှာတာ
ထိုဟာ သူတော်ကောင်း
ကိုယ်ကျိုးကိုသာ မရှာတာ
ထိုဟာ သူတော်ကောင်း။

သူအပြစ်များ မပြောငြား
ခေါ်ငြား သူတော်ကောင်း
မကောင်းမှု၌ မနှစ်ခြိုက်
ခေါ်ထိုက် သူတော်ကောင်း
ကောင်းမှုမြင်သာ ကြည်ဝမ်းသာ
ထိုဟာ သူတော်ကောင်း။
သည်းခံများစွာ အရာရာ

ထိုဟာ သူတော်ကောင်း
ဂုဏ်နှစ်များစွာ ရှိလေတာ
ပြောငှား မကုန်တောင်း။
ဓမ္မဒူတအရှင်ပညာဇောတဆရာတော်ဘုရားကြီး၏ နှလုံးလှအဆုံးအမ

Views: 580

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service