ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သမထဘာဝနာ စီးဖြန်းပါ

 

*** သမထဘာဝနာ စီးဖြန်းပါ***

ဒါနကုသိုလ် သီလကုသိုလ်တို့ထက် အကျိုးအမြတ် ကြီးမားတာက ဘာဝနာကုသိုလ်ပါပဲ။ ဘာဝနာကုသိုလ်ကို ရယူဖို့အတွက် ငွေနဲ့ပစ္စည်းနဲ့ အရင်းအနှီးစိုက်ထုတ်ဖို့ မလိုဘူး။ မအားလပ်နိုင်အောင် အလုပ်များနေလို့ အချိန်သီးသန့် မပေးနိုင်ရင်လည်း အရေးမကြီးဘူး။ အလုပ်လုပ်ရင်း၊ ကားစောင့်ရင်း၊ ကားစီးရင်း၊ အစာစားရင်း၊ အိမ်သာတက်ရင်း စတဲ့အချိန်တိုင်းမှာ နှလုံးသွင်းတတ်ရင် ဘာဝနာကုသိုလ်ရတာပဲ။
လူတွေအိပ်ယာကနိုးနေပြီး အသိစိတ်ရှိနေတဲ့အချိန်မှာ ကုသိုလ်စိတ်ဖြစ်ရင်ဖြစ်။ ကုသိုလ်စိတ်မဖြစ်ရင် အကုသိုလ်စိတ်ဖြစ်မှာပဲ၊ ယောနိသောမနသိကာရ ရှိရင် ကုသိုလ်စိတ်ဖြစ်မယ်၊ မရှိရင် အကုသိုလ်စိတ်ဖြစ်မယ်။ အကုသိုလ်စိတ်ဖြစ်ဖို့က သွန်သင်ပေးနေစရာ မလိုဘူး။ ကုသိုလ်စိတ်ဖြစ်ဖို့အတွက် သွန်သင်လေ့ကျင့်ပေးဖို့ လိုတယ်။ အကုသိုလ်စိတ်ဖြစ်ရင် လက်ငင်းစိတ်ဆင်းရဲရတယ်။ နောင်လည်း မကောင်းကျိုးတွေ ခံစားရတယ်။ ကုသိုလ်စိတ်ဖြစ်ရင် လက်ငင်းစိတ်ချမ်းသာရတယ်။ နောင်လည်း ကောင်းကျိုးတွေ ခံစားရမယ်။

နောင်လည်း ကောင်းကျိုးတွေ ခံစားရမယ်။ အကုသိုလ်စိတ်တွေဖြစ်တဲ့အခါ စိတ်မှာ ကိလေသာတွေ ယှဉ်စပ်နေတဲ့အတွက် ပူလောင်ဆင်းရဲရတယ်။ ကုသိုလ်စိတ်တွေဖြစ်ရင် ကိလေသာတွေ ကွာရှင်းပြီး ပီတိ- နှစ်သက်ဝမ်းမြောက်ခြင်း၊ ပဿဒ္ဓိ- ငြိမ်းအေးခြင်း၊ သုခ - ချမ်းသာခြင်း စတဲ့ ကောင်းတဲ့စေတသိက်တွေ ယှဉ် စပ်ကြတဲ့အတွက် စိတ်ငြိမ်းအေးချမ်းသာတယ်။ ဒါကြောင့် ချမ်းသာ အကျိုးရှိအောင် နေထိုင်နည်း ဆိုတာ ကုသိုလ်စိတ်တွေ အဆက်မပြတ်ဖြစ်အောင် နေထိုင်တဲ့နည်းပဲ ဖြစ်ပါတယ်။ ကုသိုလ်စိတ်တွေ အဆက်မပြတ်ပြုလုပ်တဲ့နည်းက ဘာဝနာ ပွားများတဲ့နည်းပဲ ဖြစ်ပါတယ်။ အများပွားများနေကြတဲ့ ဘာဝနာကတော့ ဗုဒ္ဓါနုဿတိနဲ့ မေတ္တာဘာဝနာတို့ ဖြစ်ကြပါတယ်။
“ ဗုဒ္ဓါနုဿတိ ” ဆိုတာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို အထပ်ထပ် အဖန်ဖန် အောက်မေ့ အမှတ်ရနေခြင်း ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ အတုမရှိ မြင့်မြတ်တဲ့ ဂုဏ်တော်တစ်ပါးကို တစ်ချက်ကလေး နှလုံးသွင်းသတိရလိုက်တယ်ဆိုရင်ပဲ မဟာကုသိုလ်စိတ်တွေ အကြိမ်တစ်ကုဋေမက ဖြစ်ပျက်သွားကြတဲ့အတွက် လူချမ်းသာဘ၀ နတ်ချမ်းသာဘ၀တို့ကို ဘ၀ပေါင်းများစွာရအောင် အကျိုးပြုနိုင်တယ်။ ဒါကြောင့် အဖိုးမဖြတ်နိုငအောင် အကျိုးကျေးဇူးကြီးမားပါတယ်။
“ သမထဘာဝနာတို့မှာ အမြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓနုဿတိကို ပွားများကြပါ။ ဗုဒ္ဓနုဿတိ ကိုပွားများရင် အလိုဆန္ဒရှိသမျှ ပြည့်စုံလိမ့်မယ် “ (သုဘူတိထေရအပဒါန် )

အရဟံ= မြတ်စွာဘုရားသည် တစ်ထောင့်ငါးရာကိလေသာတို့ ၀ါသနာဓလေ့ အထုံအငွေ့မျှ မငွေ့မသန်းအောင် ကင်းဝေစင်ကြယ်တော်မူတယ်။ ဒါကြောင့် အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ကာ လူနတ်ဗြဟ္မာ တို့ရဲ့ ပူဇော်အထူးကို ခံယူထိုက်ပေတယ်။
သမ္မာသမ္ဗုဒ္ဓေါ = မြတ်စွာဘုရားဟာ အလုံးစုံသော တရားတို့ကို ဆရာ မကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် သိမြင်တော်မူပါတယ်။

ဘဂ၀ါ= မြတ်စွာဘုရားဟာ ဣသရိယ, ဓမ္မ, ယဿ, သီရိ, ကာမပယတ္တ ဆိုတဲ့ အတုမရှိတဲ့ ဘုန်းတော်ခြောက်စုံနဲ့ ပြည့်စုံတော်မူပါပေတယ်။
မိမိနှစ်သက်ရာ ဂုဏ်တော်တစ်ပါးပါးကို နေ့နေ့ညဥ့်ညဥ့် သွားစဉ်အခါမှာရော၊ မတ်တပ်ရပ်စဉ် အခါမှာရော၊ ထိုင်နေစဉ်အခါမှာရော၊ လျောင်းနေစဉ်မှာရော အဆက်မပြတ်သတိရနေအောင် နှလုံးသွင်းပွားများပါ။ အလွန်ကြီးကျယ်တဲ့ ကုသိုလ်တို့ကို အဆက်မပြတ် ဆည်းပူးရရှိတဲ့အပြင် ထူးထူးခြားခြားဘေးရန်ကင်းပြီး လိုအင် ဆန္ဒတွေ ပြည့်ဝလာပါလိမ့်မယ်။
မေတ္တာဘာဝနာ ဆိုတာ လူတစ်ယောက်တည်းကိုဖြစ်စေ လူအများကြီးကို ဖြစ်စေ၊ သတ္တ၀ါအားလုံးကို ဖြစ်စေ အာရုံပြုပြီးတော့
(၁) ဘေးရန်ကင်းပါစေ၊
(၂) စိတ်ဆင်းရဲကင်းပါစေ၊
(၃) ကိုယ်ဆင်းရဲကင်းပါစေ၊
(၄) ကိုယ်စိတ်နှစ်ဖြားချမ်းသာလွယ်ကူစွာဖြင့် မိမိရဲ့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ

လို့ အကြိမ်ကြိမ် အဖန်ဖန် နှလုံးသွင်း စီးဖြန်းနေခြင်း ဖြစ်ပါတယ်။ မေတ္တာဟာ အဖျက်ဆီးတတ်ဆုံးဖြစ်တဲ့ ဒေါသမီးတောက် မီးလျှံကို ငြိမ်းအေးစေနိုင်တဲ့ သီတာရေစင်ဖြစ်ပါတယ်။ မေတ္တာပွားပို့နေတဲ့အခါ ဒေါသငြိမ်းအေးနေတဲ့အတွက် အလွန်တရာ အေးမြတဲ့ ချမ်းသာကို ရရှိပါတယ်။ မေတ္တာဟာ လူအပေါင်းတို့ရဲ့ ချစ်ခင်ကြည်ညိုမှုကို ဆွတ်ခူးနိုင်ရုံတင်မကဘူး။ နတ်ဗြဟ္မာများနဲ့ တိရစ္ဆာန်များရဲ့ ချစ်ခင်မြတ်နိုးမှုကိုလည်း ဆွတ်လှမ်းယူနိုင်ပါတယ်။ ‘ရန်ကို ရန်ချင်း မတုံ့နှင်း’ ဘဲ ရန်သူကို အကောင်းဆုံး အောင်နိုင်တဲ့နည်းက ထိုသူကို စူးစူးစိုက်စိုက် မေတ္တာပို့သပေးခြင်း ဖြစ်ပါတယ်။ ရန်သူက မိတ်ဆွေအသွင်သို့ ကူးပြောင်းပြီး မိမိရဲ့ အကျိုးကို သယ်ပိုးထမ်းရွက်လာပါ လိမ့်မယ်။

ခန္တီမေတ္တာက မအောင်နိုင်တဲ့အရာဆိုတာ မရှိဘူး
သစ္စာက မစွမ်းဆောင်နိုင်တဲ့အရာ မရှိဘူး။
သီလက အလိုမဖြည့်နိုင်ပေးနိုင်တဲ့အရာလည်း မရှိဘူး။
မေတ္တာ,သစ္စာနဲ့ သီလ တို့က အချင်းချင်း အထောက်အကူပြုပြီး ဆက်သွယ်နေကြတဲ့ တရားတွေပဲ။ မေတ္တာရှင်ဟာ သစ္စာရှင်ဖြစ်လာနိုင်သလို မေတ္တာပိုင်ရှင်ဟာလည်း သီလဖြူစင်သူဖြစ်လာနိုင်ပါတယ်။ မေတ္တာဟာ လူနတ်သတ္တ၀ါတို့ရဲ့ ချစ်ခင်လေးစားမှုကို ရယူဖို့ အကောင်းဆုံးပီယဆေးဖြစ်သလို လောကမှာ အောင်မြင်ကြီးပွားရေး အတွက်လည်း အကောင်းဆုံးဆေးတစ်လက် ဖြစ်ပါတယ်။
မေတ္တာနဲ့နေထိုင်နည်းဟာ ချမ်းသာစွာနေထိုင်နည်းပဲ ဖြစ်ပါတယ်။ ကမ္ဘာလောကတစ်ခုလုံး ငြိမ်းချမ်းသာယာ စိုပြည်ဝေဆာရေးအတွက် မေတ္တာတရားကို ပွားများအားထုတ်ကြပါ။ မိမိရဲ့ ဘ၀လှပရေးနဲ့ ငြိမ်းချမ်းသာယာရေးအတွက် မေတ္တာပန်း အလှရတနာကို နေ့စဉ်မပြတ် အခါမလပ် ဆင်မြန်းတော်မူကြပါ။

ဒေါက်တာမင်းတင်မွန်၏ “ဘ၀ချမ်းသာရေး ” စာအုပ်မှကူးယူဖေါ်ပြပါသည်။

Views: 329

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Gigi Jenner posted blog posts
6 hours ago
Cara Lima posted a blog post
12 hours ago
Profile IconCara Lima and Gigi Jenner joined ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
yesterday
Cara Lima posted a blog post
Tuesday

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service