ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အချစ်အမုန်းရဲ့ အပြစ်အရှုံး

အချစ်အမုန်းရဲ့ အပြစ်အရှုံး


သတ္တဝါတွေဟာ တွယ်တာမိပြီဆိုရင် တစ်စုံတစ်ယောက်အပေါ်မှာပဲ ဖြစ်ဖြစ်၊ တစ်စုံတစ်ခုအပေါ်မှာပဲ ဖြစ်ဖြစ် အလွန်အကျွံ တွယ်တာမိတတ်ကြပါတယ်။ တွယ်တာမှုဆိုတာက ချစ်ရင်လည်း တွယ်တာတတ်သလို မုန်းရင်လည်း တွယ်တာတတ်ပါတယ်။ အဲဒီလို ချစ်တဲ့အရာတွေ အပေါ်မှာ တသသဖြစ်နေတတ်၊ မုန်းတဲ့အရာတွေအပေါ်မှာ ခဏခဏဖြစ်နေတတ်တဲ့ တွယ်တာမှုမျိုးကိုပဲ ဒီနေရာမှာ သံယောဇဉ်လို့ ခေါ်တာဖြစ်ပါတယ်။

ဒီသံယောဇဉ်ဟာ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အဖြစ်များတာနဲ့အမျှ ဒုက္ခများနေကြမှာ ဖြစ်ပါတယ်။ ချစ်တာလည်း သံယောဇဉ် မုန်းတာလည်း သံယောဇဉ် ဖြစ်တဲ့အတွက် အချစ်ရှိရင်လည်း ဆင်းရဲနေမှာဖြစ်ပြီး အမုန်းရှိရင်လည်း ဆင်းရဲနေမှာ ဖြစ်ပါတယ်။ အချစ်အမုန်းဟာ အလွန်အကျွံဖြစ်လာပြီဆိုရင် အချစ်များတာနဲ့အမျှ အပြစ်လည်း များနေကြမှာ ဖြစ်ပြီး အမုန်းများတာနဲ့အမျှ အရှုံးလည်း များနေကြမှာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အပြစ်များပြီး အရှုံးများကြတယ်ဆိုတာ အချစ်အမုန်းဆိုတဲ့ သံယောဇဉ် တရားကြောင့်ပဲ ဖြစ်ပါတယ်။

ဆိုတော့ကား အချစ်အမုန်း သံယောဇဉ် မကင်းသေးတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ ဒီသံယောဇဉ်တွေကို အကြွင်းမဲ့ မပယ်သေးနိုင်ပေမယ့် နေရတဲ့အခိုက်မှာ အထိုက်အလျောက် သက်တောင့်သက်သာ ရှိစေဖို့ အချစ်အမုန်းတွေကို လျော့ချကြဖို့တော့ လိုပါတယ်။ လူဆိုတဲ့သဘောက ကိုယ့်ကိုသူများက အချစ်သံယောဇဉ်ထားတာ ကြိုက်သလို ကိုယ်ကြိုက်တဲ့သူအပေါ် ကိုယ်ကအချစ်သံယောဇဉ် ထားနေရတာကိုလည်း ကျေနပ်နေတတ်တဲ့ သဘောရှိပါတယ်။ ဒါပေမယ့် အမုန်းသံယောဇဉ်ကိုတော့ ကိုယ့်အပေါ်မှာ သူများက ထားတာကို မလိုချင်ပေမယ့် ကိုယ်ကတော့ သူများအပေါ် မုန်းလိုက်ရတာကိုပဲ ဂုဏ်ယူနေတတ်ပြန်ပါတယ်။

သေချာတွေးကြည့်တော့ ကိုယ်က တစ်စုံတစ်ယောက်အပေါ် အချစ်သံယောဇဉ် ထားလိုက်တာပဲ ဖြစ်ဖြစ်၊ အမုန်းသံယောဇဉ်ထားလိုက်တာပဲ ဖြစ်ဖြစ် နှစ်ခုလုံးဟာ ကိုယ့်အတွက်တော့ ကြာလေဆင်းရဲလေ၊ များလေဆင်းရဲလေပဲ ဖြစ်နေတယ်ဆိုတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ အချစ်ကြီးလို့ပဲဖြစ်ဖြစ်၊ အမုန်းကြီးလို့ပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ငြိမ်းချမ်းနေတယ်၊ ပျော်ရွှင်နေတယ် ဆိုတာ မရှိပါဘူး။ ရှိရင်လည်း အခိုက်အတန့်ပဲ ဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်တွေရဲ့ အဆုံးမှာတော့ အရှုံးတွေနဲ့ပဲ ကြုံတွေ့ရတတ်တာ ဖြစ်ပါတယ်။

ဒါကြောင့် သံယောဇဉ်ဆိုရင် ချစ်တာပဲဖြစ်ဖြစ်၊ မုန်းတာပဲဖြစ်ဖြစ် နှစ်ခုလုံးဟာ အဆုံးမှာတော့ အပြစ်အရှုံးတွေနဲ့ ဆင်းရဲဒုက္ခကိုသာ ဖြစ်စေတတ်တဲ့အတွက် အချစ်အမုန်းမကင်းသေးတဲ့ သူတွေအနေနဲ့ ဒီသံယောဇဉ်ကို အကုန်လုံး မပယ်သေးနိုင်တောင်မှ သတိတရား လက်ကိုင်ထားပြီး တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအပေါ်မှာ ဖြစ်ပေါ်နေတဲ့ အချစ်အမုန်းကို အတတ်နိုင်ဆုံး တစ်စတစ်စ လျော့ချနိုင်အောင် အချစ်အမုန်းအစား မေတ္တာတရား၊ ဒါမှမဟုတ် ဥပေက္ခာတရားနဲ့ အစားထိုးကာ ကြိုးစားပွားပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင်သာ လေ့ကျင့် နေထိုင်ကြရမှာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

မေတ္တာဖြင့်..

စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

Views: 102

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service