ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မြင့်မြတ်သူတို့ရဲ့အလုပ်

မြင့်မြတ်သူတို့ရဲ့အလုပ်



ပါရမီရဲ့ ထူးခြားချက်တစ်ခုက ပရဟိတအလုပ်တစ်ခုလုပ်တော့မယ် ဆိုရင် အလုပ်ပြီးမြောက်တဲ့အထိ အဆုံးအထိလုပ်ပေးရပါတယ်။

ပြီးတော့ ပါရမီတစ်ခုကို ဦးတည်ပြီး ပြုပေမဲ့ ကျန်တဲ့ ပါရမီ (၉)ပါးကလည်း စိတ်ထားတက်ရင် ထားတက်သလို တွဲပြီး ပါသွားတက်ပါတယ်တဲ့။ ဒါကိုလည်း လယ်တီဆရာတော်ဘုရားကြီးက" ဥတ္တမပုရိသဒီပနီ" မှာ မဟာကပိဇာတ်ကို ထုတ်ပြပြီး တစ်ခုချင်း ဆင့်ပွားရေတွက်ပြထားပါတယ်။

တစ်ခါတုန်းက ဗာရာဏသီပြည် ကာသိရွာမှာ လယ်သမားပုဏ္ဏား
တစ်ယောက်ဟာ လယ်ကွင်းမှာ လယ်ထွန်နေပါတယ်။ အတော်အတန်ပြီးတော့ နွားတွေကို အနားပေးတဲ့အနေနဲ့ အစာစားဖို့ လွှတ်ပေးလိုက်ပါတယ်။ သူကတော့ ပေါက်တူးယူပြီး လယ်ထဲမှာ ပေါက်စရာရှိတာ ပေါက်နေပါတယ်။

နွားတွေက အစာစားရင်း တောထဲဝင်သွားပါတော့တယ်။ ပုဏ္ဏားက သူတူးစရာ ပေါက်စရာတွေပြီးတော့ နွားတွေကို ကြည့်လိုက်ပါတယ်။  ဒါပေမဲ့ နွားတွေက အနားမှာ မရှိတော့ပါဘူး။ နွားတွေ တောထဲဝင်သွားပြီ ဆိုပြီးတော့ တောထဲကို လိုက်ရှာပါတယ်။ ရှာရင်း ရှာရင်းနဲ့ တောထဲမှာ မျက်စိလည်သွားပါတယ်။ ကြာလာတော့ မောပြီးလာပါတယ်။ တည်ပင်တစ်ပင်တွေ့တော့ တည်ပင်ပေါ်တက်ပြီး ဆာလည်းဆာ မောလည်းမောနေတာနဲ့ တည်ပင်ပေါ်မှာပဲ တည်သီးကို စားပါတယ်။

စားနေရင်းပဲ အောက်ချောက်ထဲကို ပြုတ်ကျသွားပါတယ်။ ချောက်ထဲကျသွားတော့ အစာက ပိုငတ်သွားပါတယ်။ ဒီအချိန်မှာ ဘုရားအလောင်းတော်က မျောက်မျိုးမှာ ဖြစ်နေတာပါ။ အစာရှာထွက်ရင်း ချောက်ထဲကျနေတဲ့ ပုဏ္ဏားကိုတွေ့သွားပါတယ်။ ဘုရားအလောင်းမျောက်အနေနဲ့ ချောက်ထဲဆင်းပြီးကယ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

ဆင်းကယ်ရင် ကိုယ်ပါပြန်တက်လို့ ၇တော့မှာမဟုတ်ပါဘူး။ ဘုရားအလောင်း မျောက်မင်းက ဥာဏ်သုံးပြီး ကယ်ပါတယ်။ အနီးအနားမှာရှိတဲ့ ကျောက်ခဲတွေကို ချောက်တွင်းထဲ ပစ်ပစ်ချပေးပါတယ်။ ခဲတစ်လုံး ပစ်ချလိုက် ပုဏ္ဏားကခြေထောက်ကိုမပြီး ခဲလုံးလေးကို ခြေထောက်အောက်သွင်းထားလိုက်နဲ့ ကြာလာတော့ ခဲတွေပြည့်လာပြီး ပုဏ္ဏားလည်း  အပေါ်တက်လို့ ရသွားပါတော့တယ်။

ဒါပေမဲ့ ဘုရားအလောင်းမျောက်မင်းခမျာ တွင်းတစ်တွင်းစာ ခဲတွေပစ်ချပေးလိုက်ရတော့ တော်တော်လေး မောပန်းသွားပါတယ်။
ဒါကြောင့် ပုဏ္ဏားကို ခဏလှဲပါရစေဦးဆိုပြီး အိပ်ပျော်သွားပါတယ်။ ပုဏ္ဏားက အိပ်ပျော်နေတဲ့ မျောက်မင်းကိုကြည့်ပြီး
“ဒီမျောက်သတ်ပြီး အိမ်သယ်သွားရင် မိသားစုစားလို့ရမှာပဲ” လို့ တွေးမိပုံ ပေါ်ပါတယ်။

ဒါကြောင့် အနီးမှာရှိတဲ့ ကျောက်ခဲနဲ့ မျောက်ခေါင်းကို  ထုချလိုက်ပါတယ်။ ဒါပေမဲ့ ချောက်ထဲကျပြီး အစာငတ် ရေငတ်နဲ့ အားပျော့နေတာဆိုတော့ သေလောက်အောင်  အင်နဲ့အားနဲ့ မထုလိုက်နိုင်ပါဘူး။ မျောက်မင်းလည်း အထုခံလိုက်ရတာနဲ့ သစ်ပင်ပေါ်ပြေးတက်လိုက်ရပါတယ်။

ပုဏ္ဏားရဲ့လက်ချက်ကြောင့်ပဲ ခေါင်းမှာ သွေးတွေ တစ်စက်စက်ကျလာပါတယ်။ ပုဏ္ဏားဟာ သူ့အစွမ်းအစနဲ့ ဘယ်လိုမှ တောထဲက ထွက်ပြီး ရွာကိုရောက်အောင် မပြန်နိုင်ပါဘူး။  ဒါကိုသိတဲ့ ဘုရားအလောင်းမျောက်မင်းက “ပုဏ္ဏား. . . ဒီတောဟာ သိပ်ထူထပ်တယ်၊ ငါက သစ်ပင်ပေါ်က လမ်းပြမယ်၊ သင်က အောက်ကလိုက်ခဲ့ပါ” လို့ပြောပြီး တောအုပ်အပြင်ဘက် ရွာအနီးအထိ လိုက်ပို့ပေးပါတယ်။

လယ်တီဆရာတော်ဘုရားကြီးက ဒီဝတ္တုလေးကို ထုတ်ပြပြီး ပါရမီဆယ်ပါးပါပုံကို ဖွင့်ပြပါတယ်။

ပုဏ္ဏားရဲ့ အသက်ကို ကယ်လိုက်တာက "ဒါနပါရမီ"။

ပုဏ္ဏားက ခေါင်းကို ကျောက်ခဲနဲ့ထုပေမဲ့ ပြန်ပြီး လက်တုံ့မပြန်တာ ၊ ကြမ်းကြုတ်တဲ့ စကားတွေကို မပြောမိအောင် 

စောင့်ထိန်းတာက "သီလပါရမီ"ပါ။

✿တစ်စုံတစ်ရာ လောကီအကျိုးကို မတောင့်တဘဲ ပုဏ္ဏားကို ကယ်တင်လိုက်တာက" နေက္ခမ္မပါရမီ"ပါ။

ပုဏ္ဏားကို ချောက်ထဲကနေ အပေါ်ရောက်အောင် ဘယ်လိုကယ်ရမလဲလို့ သိတာက "ပညာပါရမီ"ပါ။

✿သိတဲ့အတိုင်း ကြိုးပမ်းအားထုတ်တာက "၀ီရိယပါရမီ"ပါ။

✿ကျောက်ခဲနဲ့ ခေါင်းထုတာကို သည်းခံတာ ၊ နာကျင်တဲ့ဝေဒနာကို သည်းခံနိုင်တာတွေက "ခန္တီပါရမီ"ပါ။

✿သင့်ကို ငါကယ်မယ်လို့ ပုဏ္ဏားကို ပြောကြားထားတဲ့ “နှုတ်ပဋိညာဉ်” ကို မဖျက်တာက "သစ္စာပါရမီ" ပါ။

ပုဏ္ဏားရဲ့အကျိုးကို အဆုံးတိုင်အောင် ငါဆောင်မယ်လို့ ဆုံးဖြတ်ထားတဲ့ “စိတ်ပဋိညာဉ်” ကို မရွှေ့မပြောင်းတာက "အဓိဌာန်ပါရမီ"ပါ။

✿ချောက်ထဲကျနေတဲ့ ပုဏ္ဏားကိုကြည့်ပြီး ငါမကယ်ရင်တော့ သေတော့မှာပဲလို့ ပုဏ္ဏားရဲ့အကျိုးကို လိုလားတောင့်တစိတ် ပုဏ္ဏားအပေါ်မှာ သနားကျင်နာစိတ် ၀င်လာတာက" မေတ္တာပါရမီ"ပါ။

✿သူ့အကျိုးကို ဒီလောက်အပင်ပန်းခံပြီး ပြုပေမဲ့ ငါ့ကို ဒီလိုလုပ်ရက်လေခြင်းလို့ ပုဏ္ဏားရဲ့အပေါ်မှာ စိတ်မကွက်တာက "ဥပေက္ခာပါရမီ"ပါ။

ကိုယ်က စိတ်ထားတက်ရင် ထားတက်သလောက် ပါရမီ (၁၀)ပါး ဖြည့်ပြီးသားဖြစ်သွားတာပါပဲ

တကယ်လို့ မျောက်မင်းဟာ ကျောက်ခဲနဲ့အထုခံလိုက်ရတာကို စိတ်ပျက်ပြီး ပုဏ္ဏားကို လမ်းဆုံးရွာထိပ်အထိ ဆက်မပို့တော့ရင် ပါရမီမမြောက်တော့ပါဘူး။

ဒီသာဓက ဖြစ်စဉ်ဝတ္ထုလေးကို အာရုံပြုပြီး ကိုယ့်ရဲ့ ပရဟိတလုပ်ငန်းလေးတွေမှာလည်း စိတ်ကလေးတွေ ထားတက်ရင်ထားတက်သလို ပါ၇မီ(၁၀)ပါးလုံး ဖြစ်သွားတာပါ။

[အရှင်ရာဇိန္ဒ /ရဝေနွယ် (အင်းမ)]

(မြင့်မြတ်သူတို့ရဲ့အလုပ်စာအုပ်မှ -)

Views: 198

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service