ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မာယာ၏ ဖန်ဆင်းချက်

မာယာ၏ ဖန်ဆင်းချက်

ဘ၀ဟူသည် ရှည်လျားသောအိမ်မက်သဖွယ်သာဖြစ်၏။ အိမ်မက်အတွင်း၌ ရှင်ဘုရင်၊သူတောင်းစား အစရှိသဖြင့် အမျိုးမျိုးဖြစ်နိုင်၏၊
မဖြစ်နိုင်သောအရာဟူသည် ဘာမှမရှိ၊ အားလုံးဖြစ်နိုင်သည်သည်ချည်းသာဖြစ်၏။ အိမ်မက်အတွင်း၌ ဖြစ်ဖြစ်သမျှသည် အိမ်မက်အတွင်း၌သာမှန်၏။
သို့ရာတွင်နိုးလာသောအခါ၌မူ အိမ်မက် အတွင်း၌ တွေ့ကြုံရသမျှအားလုံးသည် တကယ်မှန်ကန်သော အတွေ့အကြုံများနှင့် အသိအမြင်များမဟုတ်ပါတကားဟူ၍ ပိုင်ပိုင်နိုင်နိုင်သိလာ၏။
နိုးလာသောအခါ၌ တွေ့ကြုံရသော အတွေ့အကြုံများနှင့် အသိအမြင်များက အိမ်မက်အတွင်း၌ တွေ့ကြုံခဲ့သော အတွေ့အကြုံများနှင့် အသိအမြင်များအားလုံးကို ချေဖျက်ပစ်လိုက်လေ၏။

ထိုနည်းတူပင် ဘ၀အတွေ့အကြုံနှင့် အသိအမြင်များသည်လည်း ဘာမှဟုတ်ကြသည်မဟုတ်။

သစ္စာလေးပါးကိုထိုးထွင်း၍ မသိမှီ အချိန်အထိ ထိုထိုပုဂ္ဂိုလ်တို့သည် မိမိတို့၏ စရိုက်အားလျှော်စွာ
မိမိတို့၏ အတွေ့အကြုံနှင့် အသိအမြင်များကို တကယ်မှန်ကန်သောအတွေ့အကြုံများနှင့် အသိအမြင်အဖြစ်ခံယူကြ၏။

လူ့လောက၌ ဘ၀သမ္ပတ္တိနှင့်ပတ်သက်၍ ရှင်ဘုရင် ဖြစ်ရခြင်းကိုလည်းပျော်စရာအဖြစ်ဂုဏ်ယူ၏။ ဆင်းရဲမွဲတေသူ ဖြစ်ရခြင်းကိုလည်းကြေကွဲစရာ အဖြစ် ၀မ်းနည်း၏။ နတ် ဗြဟ္မာဘ၀ သမ္ပတ္တိဖြစ်ရခြင်းကိုလည်း အံ့သြစရာအဖြစ် ၀မ်းသာ၏။

ဘေဂသမ္ပတ္တိနှင့်ပတ်သက်၍ သုဂတိဘ၀၌ဖြစ်စေ၊ ဒုဂ္ဂတိဘ၀၌ဖြစ်စေ လောကဓံရှစ်ပါးကို တွေ့ကြုံကြရာတွင် တိရစ္ဆာန်ဖြစ်စေ၊လူဖြစ်စေ၊ နတ်ဖြစ်စေ၊ဗြဟ္မာဖြစ်စေ သတ္တ၀ါတို့သည် သုခနှင့်ကြုံလျှင်ဝမ်းသာကြ၍ ဒုက္ခနှင့်ကြုံလျှင်ဝမ်းနည်းကြ၏။

သို့ဖြစ်ပါသော်လည်း တကယ်တမ်း အရိယာသစ္စာ အမြင်ဖြင့်ကြည့်ပါက ဘ၀သမ္ပတ္တိ၊ဘောဂသမ္ပတ္တိသည်လည်း ဒုက္ခပင်ဖြစ်၏။ အမှန်အားဖြင့်(၃၁)ဘုံ၌ ဖြစ်ရခြင်းသည်ပင် ဒုက္ခစင်စစ်သာဖြစ်၏။

ဘ၀ဟူသည်ရှည်လျားသော အိမ်မက်သဖွယ်သာဖြစ်၍ ဘ၀၌တွေ့ကြုံရသမျှသည်လည်းကောင်း၊ ခံစားရသမျှသည် လည်းကောင်း
“အိမ်မက်တွင်း အမှန်ကဲ့သို့” သမ္မုတိသစ္စာအရသာမှန်၏။
နိုးလာသောအခါ ဘာမျှမဟုတ်ဘဲအားလုံးမာယာ၏ ဖန်ဆင်းချက် သက်သက်မျှသာဖြစ်ချေသည်ဟု သိလာသကဲ့သို့ အရိယသစ္စာကိုထိုးထွင်း၍ သိလာသောအခါ သမ္မုတိသစ္စာဟူသည် အားလုံးအမှားသာဖြစ်လေ၏ ဟုသိ၏။

(ဦးရွှေအောင်၏ချမ်းသာကိုရှာဖွေခြင်းမှ)
သမ္မုတိသစ္စာ ထဲ၌နေကုန်ကြသော မိတ်ဆွေအပေါင်းတို့သည် မာယာထောင်ခြောက်မှလွတ်ကင်းကြပါစေဟု
စေတနာ မေတ္တာဖြင့်ဒေ၀ီခင်

Views: 171

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service