ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

လောက၌အကောင်းဆုံးသောအရာ

လောက၌အကောင်းဆုံးသောအရာ ...

လောကမှာအကောင်းဆုံးသောအရာဟာ ဘာလဲမေးလိုက်ရင် လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း ကိုယ်အကြိုက်ဆုံးအရာကိုပဲ အကောင်းဆုံးအရာလို့ သတ်မှတ်ကြမှာပါ။ ဒါက ပုဂ္ဂလဓိဋ္ဌာန်အနေနဲ့ ပြောတာပေါ့။ ဒါပေမဲ့ ပုဂ္ဂလဓိဋ္ဌာန်အနေနဲ့ မဟုတ်ပဲ ဓမ္မဓိဋ္ဌာန်အနေနဲ့ အကောင်းဆုံးအရာ သတ်မှတ်တဲ့နေရာမှာတော့ ကိုယ်ကြိုက်တာ၊ မကြိုက်တာကို ပဓာနပြုလို့ မဖြစ်ပါဘူး။ ပင်ကိုသဘာဝအရ ကောင်းတာ၊ မကောင်းတာကိုပဲ ပဓာနပြုရပါမယ်။ သူ့ပင်ကိုသဘာဝကိုက အကောင်းဆုံးအရာ ဖြစ်နေဖို့ပဲ လိုအပ်ပါတယ်။ (အရှင်ဆန္ဒာဓိက)
လောက၌အကောင်းဆုံးသောအရာဟာဘာလဲ ဆိုတဲ့ အဖြေမှန်ရဖို့အတွက် ဇတ်တော်ကိုသာဓက ထားပြောပြရရင် ...

"ဘုရားအလောင်းနုစဉ်က ဗာရာဏသီပြည်တွင် ပုရောဟိတ်ပုဏ္ဏ္ဏားဘဝတွင် မင်းနှင့်တကွ ပြည်သူပြည်သား အားလုံးတို့က ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့သို့ လေးစားကိုးကွယ်ကြသည်"


ထိုသို့ ကိုးကွယ်ခြင်း၏ အကြောင်းရင်းကို ပုရောဟိတ်ပုဏ္ဏ္ဏားက သေချာသိချင်သည်။တတ်ထားတဲ့ ဗေဒင်ပညာကြောင့်လား၊ မြင့်မြတ်တဲ့ အမျိုးဇတ်ကြောင့်လား၊ တောင့်တင်းတဲ့ မိတ်ဆွေခင်ပွန်းကြောင့်လား၊ ထိန်းသိမ်းစောက့်ရှောက်လာတဲ့ ငါးပါးသီလကြောင့်လား စသော လားပေါင်းများစွာ၏ အဖြေကိုသိရန်အတွက် နန်းတွင်းရွှေပန်းထိမ်သည်၏ သေတ္တာမှ ငွေသား လက်တစ်ဆုပ်ကို နှိုက်ယူလေသည်။
ပထမတစ်ခါတော့ ရွှေပန်းထိမ်သည်သည်တစ်ပြည်လုံးက ကိုးကွယ်နေသော ပုဏ္ဏ္ဏားကြီးဖြစ်သောကြောင့် ဘာမျှမပြောတတ်အောင်ဖြစ်နေရှာသည်။


ဒုတိယအကြိမ်ယူသောအခါတွင်လည်း ထိုနည်းတူ ဘာမှမပြောမိသော်လည်း စိတ်ထဲ၌ကား တော်တော်အကြည်ညို ပျက်သွားလေပြီ။
တတိယအကြိမ်ယူသောအခါတွင်ကား ပုဏ္ဏ္ဏားကြီး၏ဂုတ်ကိုဖမ်း၍ မြေတွင်နှိမ်ချကာ ဘုရင့်အာဏာသားတို့၏ လက်သို့ခိုးသူအဖြစ် အပ်နှံလိုက်လေတော့သည်။ဘုရင့်ရှေ့ တော်မှောက်ရောက်သောအခါတွင်လည်း ခိုးမှုကထင်ရှားပြီးဖြစ်သောကြောင့် သေဒဏ်အမိန့်ပေးလိုက်လေသည်။ ထိုအခါကျမှ ပုရောဟိတ်ပုဏ္ဏ္ဏားက အောက်ပါဂါထာကို ရွတ်ဆိုကာ မင်းနှင့်တကွ ပရိသတ်အားလုံးအား ဖြစ်ရပ်မှန်ကို ရှင်းပြလေသည်။

" နဗေဒါ သမ္ပရာယာယ၊ န ဇာတိနာပိဗန္ဓဝါ။
သကဉ္စ သီလ သံသုဒံ္ဓ၊ သမ္ပရာယ သုခါယစ။ "

ဗေဒင်သုံးပုံတို့သည်လည်း သံသရာ၌ ချမ်:သာကိုမဆောင်နိုင်ပါ။ မြင့်မြတ်တဲ့ အမျိုးဇတ်သည်လည်း သံသရာ၌ ချမ်:သာကိုမဆောင်နိုင်ပါ။ ဆွေမျိုးမိတ်ဆွေအပေါင်းသည်လည်း သံသရာ၌ ချမ်:သာကိုမဆောင်နိုင်ပါ။ စင်ကြယ်သန့်ရှင်းအပြစ်ကင်းသောမိမိစောင့်ထိန်းအပ်သော ငါးပါးသီလသည်သာလျှင် သံသရာ၌ ချမ်:သာကိုဆောင်နိုင်သည်။

"မင်းကြီး … အကျွန်ပ်သည် ရွှေပန်းထိမ်ထံမှ ငွေကို ရယူလို၍ ခိုးယူခြင်းမဟုတ်ပါ၊ ကျွန်ပ်အား မင်းနှင့်တကွ တိုင်းသူပြည်သားအားလုံးတို့က လေးစားကိုးကွယ်ကြခြင်း၏ အကြောင်းကိုသိလို၍ ယူခြင်းဖြစ်ပါသည်။ ယခုကား သိရပါပြီ။ ကျွန်ပ်တတ်ထားသော ဗေဒင်ပညာ၊ အမျိုးဇတ်၊ ဆွေမျိုးမိတ်ဆွေတို့ကြောင့်လေးစားကိုးကွယ်ခြင်းမဟုတ်ပဲ ကျွန်ပ်စောက့်ရှောက်ထိန်းသိမ်းထားသော ငါးပါးသီလကြောင့်သာလျှင် ဖြစ်သည်။"

ယနေ့ မှစ၍ မင်းနှင့်တကွ ပြည်သူအပေါင်းလည်း ငါးပါးသီလကို လုံခြုံအောင်စောင့်ကြပါ ဆိုပြီး မင်းကြီးအားခွင့်ပန်ကာ တောထွက်၍ ရသေ့ရဟန်းပြုကာ ဈာန်အဘိညာဉ်တို့ဖြင့်တစ်သက်ပတ်လုံး နေသွားခဲ့ပါသည်။ (အရှင်ဇဝန)

ဘယ်ပန်းရနံ့
ဘယ်လောက်မွှေးမွှေး
လေညာဆန်ရိုးမရှိပါဘူး ။
ကိုယ်ကျင့်သီလပန်းရနံ့ကတော့
လေစုန်ရောလေဆန်ပါ
လေအောက်ရောလေညာပါ
ထက်အောက်ဝဲယာ
မွှေးပျံ့သင်းကြိုင်ပါတယ်။
(အရှင်ဆန္ဒာဓိက)

http://www.facebook.com/World0fWisdom

the eXistence မှ အတွင်းရန်သူ - အရှင်ဇဝန မေတ္တာရှင် { ရွှေပြည်သာ } - စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ (စာမျက်နှာ - ၁၄၂)
လောက၌အကောင်းဆုံးသောအရာ - အရှင်ဆန္ဒာဓိက - စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ (စာမျက်နှာ - ၁၂)

Views: 278

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service