ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကန်တော့ဆွမ်း

''ဆွမ်းတော်ဗျို့''
''ရပ်တော်မူပါဦးဘုရား''
''ဆွမ်းတော်ဗျို့''
''ကန်တော့ဆွမ်းပါဘုရား''
ကြားနေကျ ဒီအသံတွေဟာ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်တဲ့ သူတွေ အတွက် မင်္ဂလာရှိတဲ့ နံနက်ချိန်ခါ တေးသံသာ တစ်မျိုးပါပဲ။ မနက်မလင်းခင် ကတည်းက ဆွမ်းတော်မီအောင် ချက်ရပြုတ်ရတာဟာ ဘာသာသွေးရှိတဲ့ ဗုဒ္ဓဘာသာတွေအတွက် အရေး
ပါတဲ့ နေ့စဉ်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အာစိဏ္ဏကံဖြစ်အောင် နေ့စဉ်ပုံမှန် ကြိုးစားပြီး ဆွမ်းလောင်းလှူတယ်ဆိုတာ မလွယ်တဲ့ အလုပ်တစ်ခုပါ။ ကျောင်းသား, ကိုရင်, ဦးဇင်း, ဘုန်းကြီးများ အိမ်ရှေ့မှာ ဆွမ်းလာရပ်တဲ့အခါ ကြိုတင်စီစဉ် ဆွမ်းတော် ပြင်ထားပြီးသား
ဆိုရင် အလွယ်တကူ လောင်းလှူလိုက်နိုင်လို့ ကြည်နူးရတာဟာ နုသစ်တဲ့ နံနက်ခင်းရဲ့ ချိုမြိန်ပီတိ တစ်ခုပါပဲ။ ကြိုကြိုတင်တင် ကြိုးစားစီစဉ်ပေမယ့် ဆွမ်းတော် မမီတာမျိုးလည်း ရှိတတ်ပါတယ်။ အကြောင်းတစ်မျိုးမျိုးကြောင့် အစီအစဉ် လွဲချော်လို့ ဆွမ်းတော် မမီဘူး
ဆိုရင်တော့ 'ကန်တော့ဆွမ်း'ပဲ လောင်းလိုက်ရ ပါတော့တယ်။ ဆွမ်းခံသူနဲ့ ဆွမ်းလောင်းသ ကားက 'ကန်တော့ဆွမ်း'ဆိုတဲ့ စကားတစ်ခွန်းမှာ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါဝင်နေပါတယ်။

ဆွမ်းလာရပ်တဲ့ ကိုယ်တော်ကို ဆွမ်းမလောင်းနိုင်တဲ့အခါ၊ ဆွမ်းမလောင်းချင်တဲ့ အခါမျိုးမှာ ပါဠိစာပေမှာ ''အတိစ္ဆထ ဘန္တေ''လို့ သုံးတာ တွေ့ရပါတယ်။ ပါဠိစာပေမှာက ဆွမ်းခံရပ်တဲ့ ကိုယ်တော်ကို ဆွမ်းမလောင်းနိုင်တဲ့ အကြောင်း ယဉ်ယဉ်ကျေးကျေး ငြင်းတာ
ဖြစ်ပါတယ်။ ''ဒီအိမ်မှာ ဆွမ်းမရနိုင်ပါ။ လှူစရာ မရှိပါ။ ဒီအိမ်ကိုကျော်ပြီး တစ်ခြားအိမ်မှာ ဆွမ်းသွားရပ်တော်မူပါ''လို့ ဆိုလိုပါတယ်။ ဒီတော့ မြန်မာ့အသုံး မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် ''အတိစ္ဆထ ဘန္တေ = ကန်တော့ဆွမ်းပါဘုရား''လို့ ဘာသာပြန်နိုင်ပါတယ်။
'ကန်တော့ဆွမ်း'ဆိုတဲ့ စကားထဲမှာ ဗုဒ္ဓဘာသာလောက ဆရာဒကာ ဆက်ဆံရေးမှာ တကယ် လိုအပ်တဲ့ နွေးထွေးမှုတွေ၊ ယဉ်ကျေးသိမ့်မွေ့မှုတွေ အလုံအလောက် ပါဝင် စီးမျောနေပါတယ်။ ဆွမ်းခြံ<ွကကြတဲ့ ရှင်ရဟန်းတွေဟာ ဆွမ်းမရရင်တောင်မှ တလေးတစားနဲ့ 'ကန်တော့ဆွမ်းပါဘုရား'လို့ လျှောက်ထားခံလိုက်ရတယ်၊ အသိအမှတ်ပြု ခံရတယ် ဆိုရင်ကိုပဲ
ကျေနပ်ကြည်နူး ရပါတယ်။ ရှင် ရဟန်းများအတွက် သာသနာတော်ကို မြတ်နိုးတဲ့စိတ်၊ ဒကာဒကာမတွေ အပေါ်မှာထားတဲ့ မေတ္တာစိတ်တို့ ရင့်သန်ခိုင်မာအောင် လှုံ့ဆော် ပေးနိုင်တာမို့ 'ကန်တော့ဆွမ်း'ဆိုတဲ့ စကားလေးတစ်ခွန်းဟာ ခွန်အား ကြီးမားလှပါတယ်။
အရှင်နာဂသေန အလောင်းအလျာရဲ့ မိဘနှစ်ပါးအိမ်မှာ ဆွမ်းခံရပ်တဲ့ ရောဟန မထေရ်ဟာ 'ကန်တော့ဆွမ်း'ဆိုတဲ့ ဝစနပဋိသန္ထာရ ပြေပြေလည်လည် ပျူပျူငှါငှါ နှုတ်ဆက် အသိအမှတ်ပြုတဲ့ စကားကိုရဖို့ ခုနစ်နှစ်နဲ့ဆယ်လ ကြာအောင် ဆွမ်းရပ်ခဲ့ရပါတယ်။
ဆွမ်းဟာ ရှင်ရဟန်းတို့အတွက် အရေးပါတဲ့ မှီရာတစ်မျိုး ဖြစ်ပါတယ်။ ဆွမ်းဆိုတာ တကယ်တော့ စားသောက်ဖွယ်ရာ ရုပ်အာဟာရပါပဲ။ ရဟန်းသာမဏေတို့နဲ့ လိုက်ဖက်အောင် ဝိနည်းစကားအနေနဲ့ စားဖွယ်သောက်ဖွယ် အာဟာရတွေကို 'ပိဏ္ဍပါတ-ဆွမ်း'လို့ ပြောဆို
သုံးနှုံးရပါတယ်။ ရဟန်းသာမဏေတို့ ဘုဉ်းပေးသုံးဆောင်ကြတဲ့ အစာအာဟာရ မှန်သမျှကို 'ဆွမ်း'လို့ ခေါ်ရပါတယ်။ ဆွမ်းလို့ ပြောလိုက်ရင် လူတွေစားတဲ့ ထမင်းပဲလို့ ယေဘုယျ နားလည်ကြပါတယ်။ ဝိနည်းကံနဲ့ လျှော်ညီအောင် 'ထောပတ်ဆွမ်း'၊ 'မုံ့ဆွမ်း'၊ 'သစ်သီးဆွမ်း' စသည်ဖြင့် စားစရာမှန်သမျှကို '...ဆွမ်း'ဆိုတဲ့ နာမည်နဲ့ခေါ်ပြီး ရဟန်းသာမဏေတွေကို
ဆက်ကပ်လှူဒါန်း ရပါတယ်။

ဝိနည်းက ဆင်းသက်လာတဲ့ ဒီအစဉ်အလာ ယဉ်ကျေးမှုကနေ 'ကန်တော့ဆွမ်း'ဆိုတာ ဖြစ်လာပါတယ်။ ဆွမ်းလာရပ်တဲ့ ကိုယ်တော်ကို စားသုံးဖွယ် တစ်မျိုးမျိုး မလောင်းလှူနိုင်လို့ ရှိခိုးကန်တော့ခြင်းကိုပဲ ဆွမ်းအဖြစ် လောင်းလှူလိုက်တဲ့
သဘောပါ။ 'ကန်တော့ဆွမ်း'ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ အာနာမှုလည်း ပါဝင်နေပါတယ်။ 'အားနာတယ်'ဆိုတဲ့ မြန်မာဝေါဟာရနဲ့ ထပ်တူညီတဲ့ စကားမျိုး ဘယ်ဘာသာစကားမှာမှ ရှာမတွေ့နိုင်ပါဘူး။ အထူးသဖြင့် အနောက်တိုင်းမှာ 'အားနာတယ်'ဆိုတာ မရှိပါဘူး။ နေ့စဉ် ပုံမှန် ဆွမ်းလောင်းနေ့တဲ့ ဗုဒ္ဓဘာသာတစ်ယောက် အဆင်မပြေတဲ့တစ်နေ့ ဆွမ်းခံ ကိုယ်တော်ကို 'ကန်တော့ဆွမ်း' ဆိုလိုက်ရတဲ့အခါ သူ့စိတ်ထဲမှာ ဆွမ်းခံကိုယ်တော်ကို အားတုံ့အားနာ ဖြစ်နေမှာ သေချာပါတယ်။ သာသနာရေး, ဘာသာရေး, ကုသိုလ်ရေး မပြောနဲ့ လောက လူမှုဆက်ဆံရေးမှာတောင် မြန်မာတွေ အားနာတတ် ကြပါတယ်။ မပေးချင်းဘူး, မလာနိုင်ဘူး, မယူနဲ့, မသွားနဲ့စတဲ့ တစ်ဘက်သားနဲ့ တိုက်ရိုက် ဆန့်ကျင်တဲ့ စကားမျိုးကို ပြောဖို့ မြန်မာတွေ အားစေးနေတတ်ကြပါတယ်။ တတ်နိုင်သလောက်
တစ်ဘက်သားကို လိုက်လျှော ပေးတတ်ကြပါတယ်။ 'ကန်တော့ဆွမ်း'ဆို့တဲ့ စကားဟာ ဝိနည်းသဘော၊ အလင်္ကာသဘော၊ ဥပစာ
သဘောတွေ ပါဝင်နေတဲ့အတွက်၊ တစ်ဘက်သားကို အားနာတတ်ခြင်း, တစ်ဘက်သားကို အရေးထား လေးစားခြင်းစတဲ့ မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေ ပါဝင်နေတဲ့အတွက် အဓိပ္ပာယ် လေးနက်သိမ်မွေ့နေပါတယ်။
အာဟာရတစ်မျိုးမျိုး မလောင်းလှူနိုင်ဦးတော့ ရဟန်းသာမဏေနဲ့ တွေ့ရတဲ့ အခွင့်အရေးကို ဒီအတိုင်း လက်လွတ်မခံနိုင်ဘူး အရိုအသေ ပေးလိုက်မယ် ရှိခိုးလိုက်မယ် လက်အုပ်ချီလိုက်မယ်၊ ဒါနစေတနာ မဖြစ်တောင်မှ ပဏာမစေတနာ၊ ဂါရဝစေတနာတော့
ဖြစ်အောင်ကြိုးစားလိုက်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကုသိုလ်အခွင့်ရေးကို အရယူတဲ့သဘောလည်း ပါဝင်နေပါတယ်။ ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့ တစ်ခုပါပဲ။ ပါဠိစာပေမှာတော့ 'ကန်တော့တယ်'ဆိုတဲ့ အဓိပ္ပယ်နဲ့ 'ဝန္ဒေ-ဝန္ဒာမိ, ပူဇေမိ...'စတဲ့
အသုံးတွေ တွေ့ရပါတယ်။ ဒီ ပါဠိပုဒ်တွေရဲ့ အဓိပ္ပာယ်ကို ဓမ္မဂီရိက ထုတ်ဝေတဲ့ ဆဋ္ဌသံဂါယနာစီဒီရွမ် (လနမျငသည-၃) နဲ့ ငြခမသျသ်အျွှသမီငခအငသညမေပ တို့မှာ ဆက်စပ်ရှာဖွေကြည့်တော့ ''ႊၽသမ့်ငစယ ဗိာငမနယ ဗိသမနယ ြၽန်စနခအယ ဴငုနယ ဴသလန''စတဲ့
အဖွင့်တွေ တွေ့ရပါတယ်။ ဒီတော့ 'ကန်တော့ဆွမ်းပါဘုရား'ဆိုတဲ့ စကားကို 'တပည့်တော်မှာ လောင်းလှူစရာ မရှိလို့ ဘာမှ မလောင်းလှူလိုက်နိုင်ပေမယ့် အရှင်ဘုရားကို လေးစား ကည်ညိုပါတယ်၊ ချစ်ခင်မြတ်နိုး တန်ဖိုးထားပါတယ် ဘုရား...'လို့ အဓိပ္ပာယ် ဖွင့်ဆို နိုင်ပါတယ်။ 'ကန်တော့ဆွမ်း'ဆိုတဲ့ စကားထဲမှာ သိမ်မွေ့တဲ့ အလှတရားတွေ ပါဝင်နေသလို အရုပ်ဆိုး အကျည်းတန်ခြင်းတွေလည်း ပါဝင်နိုင်ပါတယ်။ စကားတစ်ခွန်းရဲ့ အဓိပ္ပာယ် အဆိုးအကောင်း ဆိုတာကတော့ ပြောဆိုသူရဲ့ အလိုဆန္ဒရည်ရွယ်ချက် အတိုင်း ဖြစ်ရတာပါ။
ရှင်ရဟန်းများ ဆွမ်း လာရပ်တဲ့အခါ တကယ်လှူစရာမရှိလို့ 'ကန်တော့ဆွမ်း' ဆိုရသလို လှူစရာ ရှိပေမယ့် မလှူချင်လို့၊ ဆွမ်းလာရပ်တာကို ကြည့်မရလို့ 'ကန်တော့ဆွမ်း'လို့ ပြောချလိုက်တာလည်း ရှိနိုင်ပါတယ်။ အဲဒီလို 'ကန်တော့ဆွမ်း'မျိုးမှာတော့ အရုပ်ဆိုးဆိုး အကုသိုလ်တွေ ပါဝင်လာပါတယ်။ နှမြောလို့, မလှူချင်လို့ 'ကန်တော့ဆွမ်း'ဆိုလိုက်တယ် မစ္ဆရိယဖြစ်ရော။ ဆွမ်းလာရပ်တာကို ကြည့်မရလို့ 'ကန်တော့ဆွမ်း' ဆိုလိုက်တယ် ဒေါသဖြစ်ရော...။ ဒီလို ဆိုပြန်တော့လည်း 'ကန်တော့ဆွမ်း'တစ်ခုဟာ အကုသိုလ် အမျိုးမျိုးနဲ့ ဆက်စပ်နေပြန်ပါရောလား။ ရှင်ရဟန်းတွေကတော့ ဘယ်လို 'ကန်တော့ဆွမ်း'ပဲ
ဖြစ်ဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံရပါတယ်။ မြန်မာ့သာသနာ အဝန်းအဝိုင်းကို ကျေးလက်နဲ့ မြို့ပြလို့ နှစ်ပိုင်းခွဲမယ်ဆိုရင်
အရုပ်ဆိုးတဲ့ 'ကန်တော့ဆွမ်း'တွေဟာ မြို့ပြမှာ ပိုတွေ့ရပါတယ်။ မြို့နေလူတန်းစား တော်တော်များများဟာ လူနေမှုအဆင့်မီအောင် အပြိုင်အဆိုင် ရုန်းကန်ကြိုးစား နေကြရတာ ဆိုတော့ ယေဘုယျပြောရရင် သာသနာနဲ့ စိမ်းနေပါတယ်။ ဒီတော့ 'ကန်တော့ဆွမ်း'
လွယ်လွယ် ဆိုဖြစ်တာပေါ့။ ရဟန်းသာမဏေနဲ့ နီးစပ်မှု ရှိနေတယ်ဆိုရင် 'ကန်တော့ဆွမ်း' ဆိုဖို့ နှုတ်လေးသွားပါတယ်။
ဆွမ်းခြံ<ွကကြတဲ့အခါ အတန်အသင့် အရွယ်ရလာတဲ့ ကိုရင်တွေ၊ ဦးဇင်းတွေဟာ အရိပ် အကဲကြည့်ပြီး ဆွမ်းရပ်ကြတာဆိုတော့ ကန်တော့ဆွမ်းနဲ့ ကြုံရခဲပါတယ်။

အဆင်မသင့်လို့ 'ကန်တော့ဆွမ်း'နဲ့ ကြုံရရင်လည်း သိပ်အရုပ်မဆိုးလှပါဘူး။ ဒီတော့ မြို့ပြက အရုပ် ဆိုးဆိုး 'ကန်တော့ဆွမ်း'တွေကို ကိုရင်ငယ်တွေ အများဆုံး ကြုံရတတ်ပါတယ်။ ကိုရင်ငယ် တွေ ကြုံရတာလည်း ဈေးဆိုင် လက်ဖက်ရည်ဆိုင် စတဲ့ လူပေါင်းစုံ စုဝေးမိတဲ့ နေရာတွေမှာ ဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ လူတစ်ယောက်ဟာ တော်ရုံတန်ရုံ သဒ္ဓါတရားရှိတယ်၊
အတန်အသင့် သာသနာတော်ကို ချစ်တတ်တယ် ဆိုရင်ပဲ လက်ဖက်ရည်ဆိုင်မှာ တွေ့ရတဲ့ ကိုရင်ငယ်တွေကို မုံ့၊ ဒါမှမဟုတ် ငွေအြေ<ွက ပေးလှူလိုက်ကြပါတယ်။ လက်ဖက်ရည်ဆိုင်မှာ တွေ့ရတဲ့ ကိုရင်လေးတွေဟာ အနေအထိုင် မသပ်မရပ်နဲ့ အကြည်ညို မဲ့စရာတွေပဲ
များပါတယ်။ ဒီလို အလှူခံမျိုးကိုတောင် ရက်ရက်ရောရော ပေးလှူနိုင်တဲ့ ဒကာဒကာမရဲ့ သာသနာစိတ်ဟာ ပေါ့သေးသေး မဟုတ်ပါဘူး။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်မှာ ဆွမ်းရပ်တဲ့ ကိုရင်လေးတွေဟာ 'ကန်တော့ဆွမ်း'ရတာသာ များပါတယ်။ ကိုရင်တွေက တစ်ပါး
မဟုတ်တော့ လှူတဲ့သူလည်း အပါးစေ့ ဘယ်တတ်နိုင်မှာလည်း။ တစ်ခု၊ တစ်ခွက်၊ တစ်လိပ် သောက်ဖို့ မနည်းတိုင်းထွာ နေရသူဟာ ဘယ်လိုလုပ် လှူနိုင်တော့မှာလည်း။ စိတ်ဓာတ် သိမ်မွေ့တဲ့သူ၊ သာသနာချစ်စိတ်ရှိတဲ့သူ ဆိုရင် 'ကန်တော့ဆွမ်းပါဘုရား'လို့ သိမ်သိမ်မွေ့မွေ့ လျှောက်ထားလိုက်ရုံ ရှိတော့တာပါပဲ။

သာသနာနဲ့ အလှမ်းဝေးတဲ့သူ ဆိုရင်တော့ လာရပ်တဲ့ ကိုရင်ကို မမြင်ချင်ဟန် ဆောင်နေ လိုက်မယ်၊ မျက်နှာလွှဲ နေလိုက်မယ်။ သဘောပေါက်ရင် <ွကပေတော့ပေါ့။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ၊ ထောင့်မကျိုးတဲ့သူ ဆိုရင်တော့ မျက်စောင်း
ထိုးလိုက်မယ်၊ အံကြိတ်ပြလိုက်မယ်၊ လက်ခါထုတ်လိုက်မယ်။ အသံတိတ် 'ကန်တော့ဆွမ်း' တွေပေါ့။ အရုပ်ဆိုးလွန်းပါတယ်။ သာသနာတော်အတွင်း ဆရာဒကာ ဆက်ဆံရေးမှာ ဒီလို သွေးကြဲတဲ့ အûပအမူမျိုးတွေ မရှိသင့်ပါဘူး။ ဒီနေရာမှာ အရုပ်ဆိုးတဲ့ 'ကန်တော့ဆွမ်း'တွေ ရှိနေတာ သဒ္ဓါမွဲတဲ့၊ စေတနာမဲ့တဲ့ ဒကာဒကာမတွေ ကြောင့်ပဲလို့ တစ်ဘက်သတ်လည်း အပြစ်မဆိုသင့်ပါဘူး။ လောင်းလှူဖို့ အသင့်ပြင်ထားတဲ့ ဆွမ်းအုပ် မရှိတဲ့ဆိုင်မှာ ဆွမ်းလာရပ်တယ် ဆိုကတည်းက ကိုရင်လေး တွေရဲ့ မရိုးသားမှုလည်း ထင်ရှားနေပါပြီ။ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ဆွမ်းအလှူခံတာ အပြစ် မဟုတ်ပေမယ့် ကိုရင်တော်တော်များများ ဆိုင်တွေမှာ ဆွမ်းရပ်တယ် ဆိုတာ ဆွမ်းရဖို့ မဟုတ် ပါဘူး။ သူတို့မျှော်လင့်ထားတာက ဝတ္ထုငွေကြေးပါ။ စာသင်ရမယ့် အရွယ်မှာ ဝတ္ထုငွေကြေး
လာဘ်လာဘကို ကြည့်နေတတ်ကြပါပြီ။ ဒီလိုဖြစ်နေရတာ သူတို့လေးတွေရဲ့ မိုက်မဲမှုပဲလို့ အပြစ်ပြောလို့လည်း မရသေးပါဘူး။ တကယ်တော့ သူတို့လေးတွေဟာ ကြပ်ကြပ်မတ်မတ် သွန်သင်ပေးမယ့် ဆရာကောင်း သမားကောင်းနဲ့ မတွေ့ကြရတဲ့အတွက် သနားစရာတောင် ကောင်းပါသေးတယ်။ အရုပ်ဆိုးတဲ့ 'ကန်တော့ဆွမ်း'တွေ ပပျောက်သွားအောင် ဆိုင်စဉ်လှည့်
ဆွမ်းခံမယ့် အစား အိမ်စဉ်လှည့် ဆွမ်းခံဖို့ ကိုယ့်တပည့် ကိုရင်ငယ်ကို နီးစပ်ရာ ဆရာ
သမားတို့က သွန်သင်ပေးရမှာ ဖြစ်ပါတယ်။
ကိုရင်ငယ်လေးတွေ စာကိုပဲ စိတ်ဝင်စားလာအောင် ဆွဲဆောင် ပုံသွင်းပေးလို့ ရပါတယ်။ သူတို့စရိုက်ကိုလိုက်ပြီး အလွယ်အခက်၊ အောင်မြင်မှု အနည်းအများတော့ ကွာမှာပေါ့။ ဆရာ့ရှေ့မှာ တစ်နေ့တာအတွက် အလွတ်ပြန်ပြရမယ့်စာကို စာရွက်
သေးသေးမှာရေး၊ သပိတ်ပေါ်တင်ပြီး ဆွမ်းခြံ<ွကရင်း စာကျက်တဲ့ ကိုရင်လေးတွေ ရှိပါတယ်။ တစ်နေ့တစ်ခါ မှန်မှန် စာပြန်ခိုင်းပြီး တပည့်ကို ထိန်းကွပ် ပေးတာဟာလည်း ဆရာကောင်း သမားကောင်းတို့ရဲ့ ဂုဏ်အင်္ဂါတစ်ရပ် ဖြစ်ပါတယ်။ ဆရာကောင်း သမားကောင်းရဲ့ သွန်သင်မှု အောက်မှာ နေခွင့်ရတဲ့၊ ကံကောင်းတဲ့ ကိုရင်ငယ်တွေဟာ စာပေကို စိတ်ဝင်စား တတ်ကြပါတယ်။ သူတို့အတွက် အရုပ်ဆိုးဆိုး 'ကန်တော့ဆွမ်း'တွေကြောင့် မျက်နှာငယ်ရ တာမျိုး မရှိပါဘူး။ ကိုရင်လေးတွေ မျက်နှာငယ်ရတယ်ဆိုရင် သာသနာတော်လည်း အသရေ
ယုတ်ပါတယ်။
အမျိုး ဘာသာ သာသနာနဲ့ ပတ်သက်လို့ တစ်နှစ်, နှစ်နှစ်တင် ကြည့်လို့ မရပါဘူး။ လေးငါးခြောက်နှစ်တင်လည်း ကြည့်လို့ မရပါဘူး။ နှစ်ပေါင်းများစွာ မျိုးဆက်ပေါင်းများစွာ မျှော်ကြည့်ရပါမယ်။ အနာဂတ်မျိုးဆက် ကောင်းစားဖို့ လူငယ်တွေ အရေးကြီးပါတယ်။
လူငယ်တွေ ပညာရေးမှာ စိတ်ဝင်စားဖို့ လိုပါတယ်။ အနာဂတ်ကို ဦးဆောင်မယ့် လူငယ်တွေ ပညာရေးမှာ စိတ်ဝင်စားနေရပါမယ်။ အနာဂတ်သာသနာတော် တင့်တယ်ဖို့ သာသနာ့ မျိုးဆက်သစ် ကိုရင်လေးတွေကို ဂရုစိုက်ပေးကြရပါမယ်။
ဝိပဿနာအလုပ် ပဋိပတ္တိသာသနာတော်ဆိုတာ ကိုရင်လေးတွေအတွက် အဆင့် မြင့်လွန်း နေပါသေးတယ်။ ပရိယတ္တိသာသနာတော် ဆိုတာကတော့ ဗုဒ္ဓစာပေဖြစ်လို့ ကိုရင်လေးတွေ စိတ်ဝင်စားလာအောင် ဆွဲဆောင်သိမ်းသွင်းရမယ့် ပညာရေးပါပဲ။
ပရိယတ္တိစာပေကို ကိုရင်လေးတွေ စိတ်ဝင်စားလာအောင် ဆရာသမားတွေက ထိန်းကွပ် ပေးရပါမယ်။ ဆရာကောင်း သမားကောင်းတို့က ကိုယ့်တပည့်ကို သနားတဲ့ကရုဏာ ချစ်ခင်တဲ့ မေတ္တာနဲ့ နုငယ်တဲ့အရွယ်မှာ ပဲ့ပြင်ပုံသွင်း ပေးရမှာ ဖြစ်ပါတယ်။ ဆရာ့တာဝန်ကို
သိမြင်ကျေပွန်ရမှာ ဖြစ်ပါတယ်။
အရုပ်ဆိုးတဲ့ 'ကန်တော့ဆွမ်း'တွေနဲ့ အများဆုံး ကြုံတွေ့နေကြရတဲ့ ကိုရင်လေးတွေရဲ့ စိတ်ဝင်စားမှု ကို ဝတ္ထုငွေကြေး လာဘ်လာဘကနေ စာပေဘက် ပညာရေးဘက် ဦးတည်ရာ ပြောင်းပေးလိုက်နိုင်ရင် အရုပ်ဆိုးတဲ့ 'ကန်တော့ဆွမ်း'တွေ နည်းပါးလာပါလိမ့်မယ်။
တဖြည်းဖြည်း ပျောက်ကွယ်သွားဖို့ မျှော်လင့်နိုင် ပါတယ်။ ဒကာဒကာမတွေဘက်ကလည်း ဆွမ်းခံကိုယ်တော်ကို ဘာမှလောင်းလှူစရာမရှိလို့ မတတ်သာတဲ့ အခါမျိုးမှာ 'ကန်တော့ဆွမ်းပါဘုရား'ဆိုတဲ့ စကားတစ်ခွန်းကို လေးစားမှုတွေ
အားနာမှုတွေ ထည့်သွင်းပြီး ယဉ်ယဉ်ကျေးကျေး ပျူပျူငှါငှါ ပြောဆို လျှောက်ထား သင့်ပါတယ်။ ဒီထက် ပိုပြီး ယဉ်ကျေးချင်သေးတယ် ဆိုရင်တော့ လက်အုပ်ပါ ချီလိုက်ဖို့ ဝန်မလေးသင့်ပါဘူး။ အရုပ်ဆိုးဆိုး 'ကန်တော့ဆွမ်း'များ ကွယ်ပျောက်ပါစေသတည်း။ ။

ရှင်အာစာရ
အပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊
မရမ်းကုန်း၊ ရန်ကုန်


Views: 188

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service