ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဆေးကြောက်တဲ့ အမေ


ဆေးကြောက်တဲ့ အမေ

အနာရောဂါ ကင်းခြင်းသည် အကြီးဆုံးလာဘ်ဖြစ်၏ ၊ တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံး ဥစ္စာဖြစ်၏၊
အကျွမ်းတဝင် ချစ်ခင်သောသူသည် အကောင်းဆုံးဆွေမျိုးဖြစ်၏၊ နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာဖြစ်၏။ ။
(ဓမ္မပဒ-၂ဝ၄)
စာရေးသူလေးစားကြည်ညိုရတဲ့ ဆရာတော်ကြီးတစ်ပါး နာမကျန်းဖြစ်နေတာကို ကြားသိမြင်တွေ့နေရတယ်၊ သာသ
နာကောင်းကျိုး၊ အများကောင်းကျိုးကို အများကြီးလုပ်နိုင်တဲ့ ဆရာတော်ကြီးဖြစ်တာကြောင့် ခုလိုနာမကျန်းဖြစ်နေ
တာကို သိရတော့ အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်၊ ဆရာတော်ဘုရားရဲ့ များပြားလှတဲ့ စာရေးသူသိတဲ့ဂုဏ်၊ မသိ
နိုင်တဲ့ ဂုဏ်တွေထဲမှာ အနေအထိုင်ရိုးသားခြင်း၊ အဝေးအနီး တပည့်သံဃာငယ်များအပေါ်မှာပင် မာန်မာနကင်းကင်း
ပြောဆိုဆက်ဆံတတ်ခြင်းဆိုတဲ့ ဂုဏ်နှစ်ခုကိုဖြင့် စာရေးသူအနေနဲ့ အထူးကိုပဲ မှတ်မှတ်ထင်ထင်ရှိမိသလို အကောင်း
ဆုံး အတုယူဖွယ်ရယ်လို့လည်း မြင်မိပါတယ်။
ကြားသိရတဲ့သတင်းစကားများအရ ကျန်းမာရေးအခြေအနေက နဂိုနေအတိုင်းပြန်လည်ကောင်းမွန်နိုင်ဖို့က အခွင့်
အလမ်းနည်းပါးတယ်ဆိုတာကြောင့်လည်း ပို၍ပို၍ နှမြောတသ သလိုလည်း ခံစားမိရပါတယ်၊ သက်တော်ထင်ထင်
ရှိနေစဉ်အခိုက်မှာ သက်တောင့်သက်သာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သီတင်းသုံးနေထိုင်နိုင်ပါစေကြောင်းကိုလည်း အကြိမ်
များစွာဆုတောင်းပေးရင်းနှင့်အတူ မေတ္တာများလည်း အခါခါပွားများနေမိပါတယ်။
ခုမနက်မှာလည်း ဘုရားဝတ်တက်၊ မေတ္တာပွားများနေရင်းပဲ ဓမ္မပဒလာ အထက်ကဂါထာလေးက စိတ်ထဲမှာပေါ်လာ
ပါတယ်၊ လာဘ်တကာလာဘ်ထဲမှာ ကျန်းမာရေးကောင်းမွန်ခြင်းဆိုတဲ့လာဘ်ဟာ အကောင်းဆုံးလာဘ်ဖြစ်တယ်ရယ်
လို့ မိန့်တော်မူခဲ့လေတဲ့ မြတ်ဗုဒ္ဓြွရဲ့မိန့်ကြားချက်လေးဟာ တခြားအချိန်များမှာထက် ခုလိုမျိုး ကိုယ်ကြည်ညိုအား
ထားသူများ ရောဂါဝေဒနာများနဲ့တွေ့ကြုံရတဲ့အခါမျိုးမှာ ပိုပြီးသိသာထင်ရှားလာသလို ထင်မိတယ်၊ ဒီမိန့်ကြားချက်
ကလေးဟာ ကိုယ့်မှာ ရောဂါတစ်ခုခုခံစားနေရတဲ့ အချိန်မျိုးမှာ အဓိပ္ပါယ်ရှိလာသလို ခံစားမိဖူးပေမယ့် သာမန်နှာစေး
ချောင်းဆိုးလို အာဂန္တုနာမျိုးသာဖြစ်တာကြောင့် ခုလောက်လေးလေးနက်နက် မတွေးမိတတ်ခဲ့ပါဘူး၊ သို့ပေမယ့် သေး
သေးငယ်ငယ် ရောဂါဖြစ်လာတယ်ဆိုလျင်ဖြင့် နေရထိုင်ရတာ အဆင်မပြေလှတာကိုတော့ ထင်ထင်ရှားရှားပဲ သိနိုင်ခဲ့
ပါတယ်၊ လူတိုင်းနီးပါးလောက်လည်း ဒီအနေမျိုးကိုဖြင့် ခံစားသိရှိဖူးကြမှာပါ၊ ကြီးမားတဲ့ရောဂါ ဝေဒနာခံစားနေရ
သူများအဖို့တော့ စိတ်လက်ကြည်သာဖြစ်နိုင်ဖို့ရာ ပိုပြီးခက်ခဲပေမပေါ့။
ဒါကြောင့်လည်း လာဘ်တကာလာဘ်တွေထဲမှာ ကျန်းမာရေးကောင်းမွန်ခြင့်လာဘ်ဟာ ဘာကြောင့် အကောင်းဆုံး
ဖြစ်ရပါသလဲဆိုတာကို အဌကထာဆရာက ဓရောဂါရှိနေတဲ့သူအတွက် ပစ္စည်းလာဘ်လာဘတွေရနေပေမယ့် ရတယ်
လို့မဆိုနိုင်ပါဘူး၊ ရောဂါကင်းနေသူအတွက်ကတော့ လာဘ်အားလုံး ရောက်လာနေသလိုပါပဲဓ ရယ်လို့ ဖွင့်ပြခြင်းဖြစ်
မှာပါပဲ။
ဘာပဲဖြစ်ဖြစ်၊ ဘဝမှာက ဇာတိ-ဆိုတဲ့ ဖြစ်ပေါ်မကို လက်ခံလိုက်တာနဲ့ သူနဲ့ဘယ်လိုမှ ခွဲခြားလို့မဖြစ်နိုင်တဲ့ ဇရာဆိုတဲ့
ရင့်ရော်အိုဆွေးမ၊ ဗျာဓိနဲ့ မရဏ-ဆိုတဲ့ နာကျင်မနဲ့ ပျက်စီးသေကြေမသဘောတရားက တွဲပြီးပါလာစမြဲပါပဲ၊
အဲဒီလို အိုနာသေမတွေနဲ့ တွေ့ကြုံရတဲ့အခါတိုင်းမှာလည်း ခံစားရသူ ကာယကံရှင်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ဒီအိုနာသေ
မတွေနဲ့ တစ်နည်းနည်းအားဖြင့် နှီးနွယ်ဆက်စပ်နေတဲ့သူတွေမှာပဲဖြစ်ဖြစ် စိုးရိမ်ကြောင့်ကြဖြစ်ရမတွေ၊ ငိုေºကွးမြည်
တမ်းရမတွေဆိုတာက အနည်းနဲ့အများဆိုသလို ခံစားတွေ့ကြုံကြရတော့တာပါ ၊ ဒီ အိုနာသေမတွေ၊ စိုးရိမ်ငိုေºကွးရ
မတွေဆိုတာကလည်း သူသူကိုယ်ကိုယ် ဘယ်ပုဂ္ဂိုလ်မှ လက်ခံချင်တဲ့အရာ၊ တောင့်တလိုလားတဲ့အရာမျိုးတွေတော့
လည်း မဟုတ်ပါဘူး၊ ဘယ်လိုပင် မလိုချင်၊ မတောင့်တပေမယ့်လည်း ဒီအရာတွေက မဖိတ်ခေါ်ပဲ ရောက်လာတတ်တဲ့
အရာတွေပဲဖြစ်ပါတယ်၊ ကြိုဆိုလက်ခံသည်ပဲဖြစ်စေ၊ ကြိုဆိုလက်မခံလိုသည်ပဲဖြစ်စေ သူ့အချိန်တန်လျင်တော့ ဆိုက်
ဆိုက်မြိုက်မြိုက် ရောက်လာမှာကတော့ မလွဲမသွေပါ၊ ဒါဟာ သတ္တဝါတိုင်းနဲ့ သက်ဆိုင်တဲ့အရာ၊ ကြီးကြီးငယ်ငယ်
ရွယ်ရွယ်လတ်လတ်အပေါ် အမှတ်မထင် အချိန်မရွေး ကျရောက်လာနိုင်တဲ့ အရာလည်းပဲဖြစ်ပါတယ်၊ ဒါကြောင့်လည်း
အဲဒီလို ကိုယ်လက်မခံလိုတဲ့အရာတွေနဲ့ အမှတ်မထင် တွေ့ကြုံဆုံစည်းရတဲ့အခါမျိုးမှာ ခံနိုင်ရည်စွမ်းအားတွေ ပြည့်ဝ
နေအောင်ဆိုပြီး စွမ်းရည်တွေ ကြိုတင်ဖြည့်ဆည်းဖို့ကို မြတ်ဗုဒ္ဓြွက လမ်းညွှန်သင်ကြားခဲ့ခြင်း ဖြစ်ပေလိမ့်မယ်၊ ရောဂါ
ရမှ ဆေးကိုသောက်သုံးတာထက် အလွယ်တကူနဲ့ ရောဂါမဖြစ်ရအောင် နေထိုင်တတ်ဖို့နဲ့၊ ရောဂါ မဖြစ်မီကပင်
သောက်သုံးသင့်တဲ့ ကြိုတင်ကာကွယ်ဆေးကို ကြိုတင်သောက်သုံးနိုင်ဖို့ကိုလည်း မိန့်ကြားထားခြင်း ဖြစ်ပေလိမ့်မယ်။
အိုနာသေမဆိုတဲ့ ဘေးမျိုးတွေနဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တမာနနဲ့ ပူဆွေးသောက ဗျာပါဒစတဲ့ ကိလေသာ
အနာရောဂါဆိုးက ပကတိ အနာရောဂါမျိုးထက် ပိုပြီးခံစားချက် ဆိုးရွားစေတယ် မဟုတ်လား။
ဆေးနဲ့ရောဂါအကြောင်းစဉ်းစားမိတော့ ရွာကအမေ့ကိုလည်း သတိရမိတယ်။ မြန်မာပြည်ပြန်သူကြုံလို့ မိဘနှစ်ပါး
အတွက် ပစ္စည်းဝတ္ထုအနည်းအကျဉ်းပေးခဲ့လေတိုင်း ဆေးကိုထည့်ပေးဖို့ ဦးစွာသတိရမိတယ်၊ တောရွာမှာနေထိုင်ကြ
တဲ့ လူမဘဝထုံးစံအတိုင်း မိဘများအနေနဲ့ အစားအသောက် အနေအထိုင်ကစလို့ အစစအရာရာ ချို့ငဲ့ကြပါတယ်၊ဒါ
ကြောင့် အစားအသောက်ကနေ မရနိုင်မဲ့ အားဖြစ်ဖွယ်ရာဓာတ်စာကို ဆေးကနေ အထောက်အကူပေးနိုင်ပါစေတော့
ဆိုတဲ့ အနေနဲ့ ဆေးဝါးများကို အထူးတလည် ထောက်ပံ့လိုခြင်းဖြစ်ပါတယ်၊ အများဆုံးပေးခဲ့တာကတော့ အားဆေးပဲ
ဖြစ်ပါတယ်၊ သို့ပေမယ့် အမေက ဆေးသောက်ရမှာကို အင်မတန်ကြောက်တယ်၊ သူ့မှာ ဘာရောဂါမှမရှိလို့ ဆေး
သောက်ဖို့ မလိုဘူးလို့ ယူဆတယ်၊ ဆေးဆိုတာ ကြိုတင်ကာကွယ်ဆေး၊ ရောဂါဖြစ်ကာမှ ကုစားတဲ့ဆေးရယ်လို့
အမေ့ကို နားလည်အောင် ခွဲခြားပြောပြကာ မဆွဲဆောင်နိုင်သေးတဲ့ စာရေးသူမှာ ဒီလိုပဲ ကြည့်ပြီးနေရပါတယ်၊ အမေ
တစ်ယောက်ကတော့ဖြင့် ဆေးသောက်ဖို့ ကြောက်နေဆဲပါ။
သို့ပေမယ့် ခုလိုခန္ဓြွာကိုယ်မှာဖြစ်ပေါ်လာနိုင်တဲ့ အနာရောဂါမျိုးကိုကာကွယ်နိုင်တဲ့ ဆေးတွေကိုသောက်ဖို့ကြောက်ရွံ့
ပေမယ့် နာမ်-စိတ်အပေါ်ကျရောက်လာနိုင်တဲ့ ပကတိရောဂါထက်ပိုဆိုးတဲ့ အိုနာသေဘေးမျိုးတွေ၊ ချစ်ခင်သူတွေနဲ့
ဝေးကွာကွေကွင်းရခြင်းဆိုတဲ့ (ပိယေဟိ ဝိပ္ပယောဂ ဒုက္ခ)ဆင်းရဲတွေ၊ အဲဒီလို အိုနာသေးဘေးစတာတွေကို အမှီပြုပြီး
ဖြစ်ပေါ်လာနိုင်တဲ့ သောက ပရိဒေဝရောဂါမျိုးတွေကို ခုခံရင်ဆိုင်နိုင်စေဖို့ ကြိုတင်ပြီးဆေးသောက်နိုင်စေဖို့ကိုတော့
လေးလေးနက်နက် မပြတ်တမ်းပဲ တိုက်တွန်းအားပေးနေရပေလိမ့်ဦးမယ်။
စာရေးသူ ပြည်ပကို မထွက်ခွါမီမှာ (ဒကာကြီး၊ဒါယိကာမကြီး) အမေနဲ့အဖေကို တစ်လကျော်ကျော်ခန့်လောက်စီ
ရိပ်သာတစ်ခုမှာ တရားဝင်စေခဲ့တယ်၊ တရားမှတ်နေကြအတွေ့အကြုံ မရှိတာရယ်၊ နေထိုင်မပတ်ဝန်းကျင်က ကွာ
ခြားလွန်းတာရယ်ကြောင့် အဖေရော အမေရော ရိပ်သာမှာ မပျော်ရွှင်နိုင်ခဲ့တာကို နားလည်ခဲ့ပါတယ်၊ သို့ပေမယ့်
တရားရှုမှတ်ပွားများခြင်းဟာ တကယ်ပဲအကျိုးများတယ်ဆိုတာကို လက်တွေ့အသိအရ ကိုယ်တိုင်ယုံကြည်လက်ခံ
တာကြောင့် ကိုယ့်ဘဝရဲ့ အရေးကြီးဆုံးသူနှစ်ဦးဖြစ်တဲ့ အမေနဲ့အဖေကို မရမကပဲ လမ်းစကလေးမှ ရစေတော့ဆိုပြီး
တွန်းအားပေးခဲ့တယ်၊ နှစ်ယောက်စလုံးပဲ ရိပ်သာမှာ မပျော်ရွင်ပေမယ့် သားရဲ့လိုလားမကိုဖြည့်စွမ်းပေးတဲ့အနေနဲ့
တစ်လကျော်ကျော်စီ နေထိုင်ပေးသွားခဲ့ကြတယ်၊ တရားလုပ်ခြင်းဟာ လုပ်သူအတွက်သာဖြစ်ပေမယ့် သူတို့တွေ
တရားရှုမှတ်ပွားများခဲ့မကတော့ သားရဲ့လိုလားမကို ဖြည့်ဆည်းပေးလိုလို့သာပဲဖြစ်တယ်၊ မိဘမေတ္တာများစွာထဲက
တစ်ခုသော ပြယုဂ်လို့ဆိုနိုင်မှာပါ၊ ဒီအတွက်လည်း ဝမ်းမြောက်ပီတိဖြစ်ခဲ့ရပါတယ်။
ရဟန်းတော်များအနေနဲ့ မိဘများကို ကိုယ်တိုင်ပင်ပြုစုလုပ်ကျွေးနိုင်ကြောင်း ဗုဒ္ဓြွကိုယ်တိုင်မိန့်ကြားထားခဲ့ပါတယ်၊ သို့
ပေမယ့် အစားအသောက်စတဲ့ ရုပ်ဝတ္ထုတွေနဲ့ ထောက်ပံ့တာထက် သဒ္ဓြွါတရားမရှိတဲ့ မိဘများဆိုလျင် သဒ္ဓြွါတရား ရှိ
ဖို့၊ သီလမရှိတဲ့ မိဘမျိုးဖြစ်နေလျင်လည်း သီလရှိသူဖြစ်လာအောင် တိုက်တွန်းအားပေး၊ ပညာနည်းပါးနေတဲ့ မိဘများ
ဆိုလျင်လည်း ပညာတရားတိုးပွားအောင် ပံ့ပိုးပေးခြင်းမျိုးက ပိုမိုအကျိုးကြီးကြောင်းကိုလည်း မိန့်ကြားထားခဲ့ပါတယ်၊
ဒီထက် တရားမသိတဲ့မိဘမျိုးကို တရားရှိအောင်ပံ့ပိုးမျိုးကတော့ မြတ်မှမြတ်လှစွာသောပေါ့။ မိဘနှစ်ပါးကို တတ်အား
သမျှ ဝတ္ထုငွေကြေးနဲ့ ထောက်ပံ့ပေးကမ်းပေမယ့် အမေနဲ့အဖေကိုပေးလိုတဲ့အရာတွေထဲမှာ ငြိမ်းချမ်းမဆိုတဲ့အရာဟာ
ရှေ့ဆုံးမှာပါဝင်ပါတယ်၊ သို့ပေမယ့် ဒီအရာဟာ တခြားရုပ်ဝတ္ထုပစ္စည်းတွေလို ရော့ အင့် ဆိုပြီး ပေးလို့ရနိုင်တဲ့ အရာ
မျိုးမဟုတ်ပဲ ကာယကံရှင်များကိုယ်တိုင်ပါဝင်ပါမှ ဖြစ်နိုင်တာမျိုးမဟုတ်ပါလား၊ သို့အတွက် သူတို့ကိုယ်တိုင်ပါဝင်ဖို့ကို
တွန်းအားပေးခဲ့ပါတယ်။
ကိုယ့်ဘဝရဲ့ အရေးကြီးလူသားတစ်ဦးဖြစ်တဲ့ အမေ့အတွက် လာဘ်ကြီးတစ်ခုကို ရရှိပိုင်ဆိုင်စေချင်ပါတယ်၊ အဲဒီ ပိုင်
ဆိုင်စေလိုတဲ့လာဘ်ဟာ တခြားရုပ်ဝတ္ထုတွေထက် ကျန်းမာရေးကောင်းမွန်မဆိုတဲ့ လာဘ်ကြီးလည်းပဲဖြစ်တယ်၊ အဲဒီ
ကျန်းမာရေးကောင်းမွန်စေရေး လာဘ်ကလည်းပဲ ကိုယ်ခန္ဓြွာကျန်းမာရေး လာဘ်မျှလောက်သာမက ဘယ်အရာ
အတွက်ကြောင့်မှာမှ ပူဆွေးသောက စိုးရိမ်ကြောင့်ကြဖြစ်မနေရပဲ စိတ်မှာပါ အနာကင်းကင်း ကိလေသာအနှောင်
အဖွဲ့ကနေ ရှင်းရှင်းကြီးလွတ်ကင်းတဲ့ ငြိမ်းချမ်းအေးမြခြင်းဆိုတဲ့ လာဘ်ကြီးတစ်ပါးကို ပိုင်ဆိုင်စေလိုခြင်းပဲဖြစ်ပါတယ်၊
ဒီအတွက် အမေ့ကို စကားတစ်ခွန်းတော့ပြောချင်ပါတယ်၊ ဓအမေ သားပေးတဲ့အားဆေးကို ကြောက်ရင်ကြောက်ပါ၊
မသောက်ပဲလည်း ထားချင်ထားလိုက်ပါ၊ ဒါပေမယ့် ဘုရားပေးတဲ့ တရားဆေးကိုတော့ မှန်မှန်သောက်ဖြစ်အောင်
သောက်ပါဓဆိုတဲ့စကားပါ၊ ဆေးကြောက်တဲ့ အမေတစ်ယောက် ဘေးမရောက်စေဖို့နဲ့ ကိလေသာဆိုတဲ့ဘေးတွေ
ပျောက်အောင် ဘုရားပေးတဲ့ တရားဆေးကို ပုံမှန်သောက်သုံးသူတစ်ယောက်ဖြစ်ပြီး အမြတ်ဆုံးသုခကို အပြည့်အဝ
ခံစားနိုင်ပါစေဆိုတာကိုတော့ဖြင့် အမြဲတမ်းပဲ ဆုတောင်းနေမိမှာပါ။ ။
အရှင်ဥာဏိက

Views: 55

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service