ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မာတာပိတု ဥပဋ္ဌာနံ၊ အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင် မင်္ဂလာ

(၁၁) မာတာပိတု ဥပဋ္ဌာနံ၊ အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။

တစ်နည်းအားဖြင့်-ကြီးပွားခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်သည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ လုလင်ပျိုတစ်ယောက် ရှိသည်။ သူသည် အမိအဖတို့ကို လွန်စွာချစ်မြတ်နိုး၏။ နတ်သိကြားကဲ့သို့ အမှတ်ပြု၍ ရိုသေစွာလုပ်ကျွေး၏။ ပြုစုစောင့်ရှောက်၏။ ထို့ကြောင့် ထိုလုလင်သည် မာတုပေါသက ပိတုပေါသက-ဟူ၍ အမည်တွင်လေသည်။

 

တစ်နေ့သောအခါ ထိုလုလင်သည် အမိအဖတို့ကို ချမ်းသာစွာထားနိုင်ရန် အခကြေးငွေရလို၍ သင်္ဘောဖြင့် စွန့်စားလိုက်ပါလေသည်။ ထိုသင်္ဘောသည် သီဟိုဠ်ကျွန်း (သီရိလင်္ကာ)သို့ ဆိုက်ကပ်သည်။ ထိုအချိန်မှာ သီဟိုဠ်ကျွန်း၌ သဲမိုးတို့ အဆက်မပြတ်ရွာကာ လူအများ အတိဒုက္ခရောက်နေကြသည်။ လယ်ယာစိုက်ခင်းများ ပျက်စီးကြသည်။

 

သီဟိုဠ် (သီရိလင်္ကာ) မင်းလည်း သဲမိုးရွာသောကပ်မှ လွတ်မြောက်ရန် မည်သို့ပြုရမည်ကို သမားဖြူ၊ သမားညိုတို့ကိုခေါ်၍ မေးမြန်းသည်။ သမားဖြူ သမားညိုတို့က -အရှင်မင်းကြီး ဤသဲမိုးရွာသောကပ်သည် အလွန်ထူးခြားသော သစ္စာကို ပြုလျှင် ပျောက်ပါလိမ့်မည်-ဟူ၍ လျှောက်တင်ကြသည်။

 

အဘယ်သစ္စာကို အဘယ်သူအား ပြုစေရမည်နည်း-ဟူ၍ မင်းက မေးမြန်း၏။

အရှင်မင်းကြီး၊ အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ လုပ်ကျွေးသောသူကို သစ္စာပြုစေရပါမည်-ဟူ၍ သမားဖြူ၊ သမားညိုတို့ကို လျှောက်၏။

မင်းကလည်း-အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ ရိုသေစွာ လုပ်ကျွေးသူကို များစွာဆုလာဘ်ပေးမည်။ မောင်းခတ်၍ ရှာလေ-ဟူ၍ အမိန့်တော်ရှိ၏။

 

မှူးမတ်တို့လည်း မောင်းကြေးနင်းခတ်၍ ရှာကြသည်။ တစ်ပြည်လုံးတွင် တစ်ယောက်မျှ မရှိ။ အခက်တွေ့နေကြသည်။ ထိုအခါ မာတုပေါသက ပိတုပေါသက လုလင်သည် သင်္ဘောထက်ကနေ၍ အို-အချင်းတို့၊ ငါသည် အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ ရိုသေစွာ လုပ်ကျွေးသူတည်း-ဟု လှမ်းအော်ပြောသည်။

 

မှူးမတ်တို့လည်း မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားသည်။ ထိုအခါ မင်းကြီးက-ထိုသူကိုခေါ်၍ သစ္စာဆိုစေလော့-ဟူ၍ မိန့်တော်မူလိုက်သည်။

မှူးမတ်တို့သည် လုလင်ထံသွား၍ သူတို့၏ဒုက္ခကို ပြောပြကြသည်။ ထိုဒုက္ခမှ လွတ်မြောက်အောင် သစ္စာဆိုပါရန်လည်း ပန်ကြားကြသည်။

 

ထိုအခါ မာတုပေါသက ပိတုပေါသက လုလင်လည်း သင်္ဘောဦးသို့တက်ပြီးလျှင် -ငါသည် လူလားမြောက်ကာ သိမြင်လိမ္မာသည်မှစ၍ အမိအဖနှစ်ပါးတို့၏ ကျေးဇူးကို အောက်မေ့ဆင်ခြင်ခဲ့သည်။ ကြည်ညိုမြတ်နိုးမဆုံး ရှိခဲ့သည်။ ထို့ကြောင့် အမိအဖနှစ်ပါးတို့ကို မငတ်မမွတ်၊ မနွမ်းနယ်စေရန် အိမ်ဦးနတ်ကဲ့သို့၎င်း၊ သိကြားမင်း၊ ဗြဟ္မာမင်းကဲ့သို့၎င်း၊ အမှတ်ထား၍ ရိုသေစွာ လုပ်ကျွေးမွေးမြူသူ မှန်ပါသည်။

 

ဤသစ္စာအတိုင်း မှန်ပါက ဤသဲမိုးသည် ချက်ချင်းရပ်ပါစေသတည်း။ ဤသဲမိုး ရပ်သဖြင့် ပြည်သူပြည်သား၊ မင်း၊ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်မှစ၍ သတ္တ၀ါအားလုံး ချမ်းသာကြပါစေသတည်း-ဟူ၍ သစ္စာပြုသည်။

 

ထိုသို့ သစ္စာပြုသော ခဏမှာပင် သဲမိုးသည် ရပ်လေ၏။ အားလုံး ချမ်းသာရာ ရကြလေသည်။

ထိုအခါ မင်းနှင့်တကွ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်မှစ၍ ပြည်သူပြည်သားတို့သည် လုလင်အား များပြားလှစွာသော ပစ္စည်းဥစ္စာတို့ဖြင့် ပူဇော်ကြသည်။

 

လုလင်သည် ထိုပစ္စည်းတို့ကို သင်္ဘောငါးစင်းဖြင့်တင်၍ အိမ်သို့ပြန်ခဲ့သည်။ ရောက်သော် အမိအဖတို့အား အကျိုးအကြောင်းပြောပြကာ ရရှိသောပစ္စည်းများဖြင့် ပူဇော်လေသည်။ သူတို့ ၃-ဦးသည် ဒါနကောင်းမှု စသည်များကို ပြု၍ ချမ်းမြေ့စွာ နေထိုင်သွားကြသည်။ သေလွန်ပြီးသောအခါ နတ်ပြည်သို့ လားကြလေသတည်း။

 

အကိုး။ ။ မင်္ဂလာသာရ ဒီပနီကျမ်းမူဟောင်း (၁၉၂၀-ပြည့်နှစ်)

 

Views: 395

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service