ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အနာကုလာစ ကမ္မန္တာ၊ အပြစ်ကင်းသော အလုပ်လုပ်ခြင်းမင်္ဂလာ

( ၁၃)အနာကုလာစ ကမ္မန္တာ၊ အပြစ်ကင်းသော အလုပ်လုပ်ခြင်းမင်္ဂလာ

ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရပ်စွာ အလုပ်လုပ်ခြင်းသည် မင်္ဂလာတတစ်ပါးဖြစ်သည်။

ကြီးပွားခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။

အချိန်ကို သိနားလည်ခြင်း၊ သင့်လျော်အောင် ပြုတတ်ခြင်း၊ မပျင်းရခြင်း၊ လုံ့လရှိခြင်း၊ ပျက်စီးအောင် မပြုခြင်းတို့သည် ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရ့ပ်စွာ အလုပ်လုပ်ခြင်းတွင် အကျုံးဝင်ပေသည်။

 

တစ်ရံရောအခါ ဗာရာဏသီပြည်မှ လှည်းမှူးကြီးတစ်ဦးသည် လှည်းသားငါးရာကို ဦးဆောင်၍ ကုန်သွယ်သွားသည်။ သူတို့သည် ကျယ်ဝန်းလှသော သဲကန္တာရကြီးကို ဖြတ်သန်းသွားရသည်။ သဲကန္တာရမှာ နေ့အခါ ပူပြင်းလှ သောကြောင့် လှည်းသားတို့သည် ခရီးမသွားနိုင်။ တဲဆောက်၍ နားနေကြရသည်။ ညဘက်သို့ရောက်သော အခါတွင်မှ ကြယ်များကိုကြည့်လျက် လမ်းညွှန်သူ၏ အကူအညီဖြင့် သွားကြရသည်။

 

 ဤသို့သွားရာမှ သဲကန္တာရခရီးဆုံးရန် တစ်ညသာလိုတော့သည်အထိ ခရီးပေါက်လာခဲ့သည်။ ဤတွင် နောက်ဆုံးညခရီး ဖြစ်သဖြင့် ထိုညအတွက် ညာစာစားပြီးနောက် ထင်း-ရေ စသည်တို့ကို စွန့်ပစ်ကာ ခရီးဆက်ကြသည်။ လမ်းညွှန်သူသည် ညများစွာ မအိပ်ရသဖြင့် ပင်ပန်းနွမ်းနယ်ကာ အိပ်ပျော်သွားလေသည်။ ထိုအခါ လမ်းမှားပြီးလျှင် လာခဲ့သည့်လမ်းအတိုင်း ပြန်၍ လာမိကြသည်။ လမ်းညွှန်သူသည် အရုဏ်တက်မှ နိုးသည်။ လမ်းမှားနေသည်ကို သိသဖြင့် ပြန်လှည့်ကြ၊ ပြန်လှည့်ကြ-ဟူ၍ ဆို၏။

 

ဤသို့ပြော၍ လှည်းများကို ပြန်လှည့်ရန် စီစဉ်နေဆဲမှာပင် နေထွက်လာသည်။ အနီးဝန်းကျင်ကို ကြည့်လိုက်သောအခါ ယခင်ည ထွက်ခွာခဲ့ရာ စခန်းသို့ ပြန်ရောက်နေသည်ကို တွေ့ရသည်။ အားလုံးပင် စိတ်အားငယ်၍ စိတ်ဓာတ်ကျကုန်ကြသည်။ စိတ်ပျက်လက်ပျက်ဖြင့် တဲဆောက်၍ အိပ်ကြသည်။ ရေမရှိဖြင့် လူရောနွားပါ ဒုက္ခရောက်တော့မည့် အခြေအနေသို့ ရောက်နေသည်။

 

ထိုအခါ လှည်းမှူးကြီးက-ငါ ၀ီရိယလျှော့သော် အားလုံး ပျက်စီးရှာကြတော့မည်။ မဖြစ်မနေ ငါကြိုးစားမှ ဖြစ်မည်-ဟု ဆိုကာ ရေရနိုင်မည့်နေရာကို လှည့်လည်ရှာဖွေသည်။ မကြာမီ နေစာမြက်တခုကို တွေ့မြင်သည်။ သည်နေရာတွင် ရေရှိရမည်-ဟူ၍ တွက်ဆကာ လှည်းသားများအား တူးစေသည်။

 

လှည်းသားမျာသည် ကြိုးစားတူးဖော်ကြသည်။ အတောင် ၆၀-အရောက်တွင် ရေမတွေ့ဘဲ ကျောက်ဖျာကြီးကို တွေ့လေသည်။ စိတ်ပျက်၍ အားလျှော့ကြသည်။ လှည်းမှူးကြီးကား အားမလျှော့၊ တွင်းထဲသို့ ဆင်း၍ ကျောက်ဖျာကို နားဖြင့် ကပ်လျက် ထောင်၏။

 

ထိုအခါ ရေစီးသံကို ကြားရသည်။ ချက်ချင်း တွင်းပေါ်သို့ ပြန်တက်ကာ တပည့်လုလင်တဦးအား-အမောင် စိတ်မလျှော့နှင့် စိတ်လျှော့လျှင် အားလုံး ပျက်စီးကြလိမ့်မည်။ ဤသံတူဖြင့် ကျောက်ဖျာကို ကြိုးစားထုခွဲပါ။ ၀ီရိယအကျိုးကို ငါတို့ မုချခံစားရလိမ့်မည်-ဟူ၍ ဆို၏။

လုလင်လည်း လှည်းမှူးကြီး၏ စကားကို နာယူသည်။ သံတူဖြင့် ကျောက်ဖျာကို ထုခွဲ၏။

ခဏကြာသော် ကျောက်ဖျာကွဲ၍ ရေများ ဒလဟော ထွက်လာလေသည်။ လှည်းသမားတို့သည် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ ရေကို သုံးစွဲ၍ ထမင်းချက်စားကြသည်။ နေ၀င်သော် ခရီးဆက်ကြရာ သဲကန္တာရကို လွန်မြောက်၍ အလိုရှိရာအရပ်သို့ ရောက်ရှိကြလေသည်။

 

ကျမ်းကိုး။ ။ ၅၅၀-၀ဏ္ဏပထဇာတ်။

(မင်းယုဝေ)

(မြတ်မင်္ဂလာ ၂၀၀၂-ခု သြဂုတ်လ)

 

Views: 192

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service