ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ရယ်ဖွယ်အထူး ဤသုံးဦး

“ရယ်ဖွယ်အထူး ဤသုံးဦး”
  • မိမိကိုယ်ကို, အလိုရှိရာ, ငါပြုနိုင်စွ, အစိုးရဟု, မှတ်ကြသူဝယ်, သေမင်းရယ်၏။
  • အကယ်မာန်ကိုး, မြေနှင့်မိုးကို, အုပ်စိုးရသူ, ငါလျှင်ဟူ၍, မှတ်ယူ မင်းဝယ်, မြေကြီးရယ်၏။
  • သက်လျာနုထွား, ငါ့မယားက, ဖွားသည့်သည်းခြား, ငါ့သားသာဟု, မှတ်ရှာသူဝယ်, မယားရယ်၏။
    ရယ်ဖွယ်အထူး, ဤသုံးဦးကို, အရှုးတမျှ, နိမိတ်ပြရှင့်။

   

(မဃဒေဝလင်္ကာ)


         ရှေးတုန်းက တောရဆောက်တည်နေတဲ့ ဘုန်းတော်ကြီးဦးသီလထံ မြို့ကဒကာနှစ်ယောက် သားသားနားနားနဲ့ရောက်လာပြီး (တပည့်တော်က နယ်ပိုင်ကြီးပါဘုရား။ တပည့်တော်ကတော့ မြို့ပိုင်ကြီးပါဘုရား)နဲ့ မိတ်ဆက်လျှောက်ထားကြတယ်။ သူတို့ပုံစံနဲ့ သူတို့လေသံက ရာထူးအာဏာအတွက် လက်မထောင်ပြီး ဂုဏ်ယူဝင့်ကြွားနေတဲ့ပုံ။


          ဒီတော့လည်း ဘုန်းတော်ကြီးဦးသီလက (သြော်- ဒကာကြီးတို့များ တော်လိုက်တာ။ မြို့တွေနယ်တွေတောင် ပိုင်သတဲ့။ ဘုန်းကြီးတို့များဖြင့် ကိုယ့်ကိုယ်ကိုတောင်မှ ကိုယ်မပိုင်)-လို့ အမိန့်ရှိလိုက်သတဲ့။ တိုတိုတုတ်တုတ်ထိထိမိမိနဲ့ သတိပေးဆုံးမလိုက်တဲ့စကား။ မြို့ကြီးသားဒကာနှစ်ယောက်ကတော့ သဘောမပေါက်။


          တစ်နှစ်လောက်အကြာ နောက်တစ်ခေါက်ပြန်အလာမှာ ဆရာတော်ကြီးက (သြော်- မနှစ်ကလာသွားတဲ့ မြို့ပိုင်မင်း နယ်ပိုင်မင်းတို့ပါလား)လို့ နှုတ်ဆက်တဲ့အခါ ဒကာကြီးနှစ်ယောက်လျှောက်ထားလိုက်ပုံက (တပည့်တော်တို့ အရင်လို မြို့ပိုင်နယ်ပိုင်တွေမဟုတ်တော့ပါ။ ခုတော့ “ပြုတ်ကျော်” တွေ့ဖြစ်သွားပါပြီဘုရား။ အလုပ်ပြုတ်တာတောင်မှ နာမည်ဆိုးနဲ့ကျော်ပြီး ပြုတ်ခဲ့ရတာပါ)-တဲ့။


          “မရှိမရှုပ်, ရှိရင်ရှုပ်” ဆိုတာက ကျောက်တစ်လုံးဆရာတော်ကြီးရဲ့ သြဝါဒ။ “မရှိတောင့်တ, ရှိကြောင့်ကျ” ဆိုတာက အများပြောနေကျစကား။ လောကကြီးကို တည်ဆောက်ထားတာကိုက တောင့်တမှု, ကြောင့်ကြမှုတွေနဲ့ တည်ဆောင်ထားတာ။ ရာထူးအာဏာ, စည်းစိမ်ဥစ္စာတွေကို မရခင်က ကိုယ်ပိုင်မယ်ထင်ပြီး တောင့်တခဲ့တာ။ ရလာပြန်တော့လည်း ကိုယ်နဲ့ဆိုင်တယ်ထင်ပြီး ကြောင့်ကြနေကြပြန်ရော။ အစကတည်းက မဆိုင်မှန်း မပိုင်မှန်းသိရင် မရှိလို့လည်း တောင့်တစရာမရှိလို။ ရှိလို့လည်း ကြောင့်ကြစရာမလို။ ဘယ်သူမဆို ကိုယ်ပိုင်တယ်ဆိုတဲ့ ပစ္စည်းဟာလည်း သူများလက်ထဲက ရောက်လာတာ။ ဒီလိုပဲ ကိုယ့်လက်ထဲရှိတဲ့ ပစ္စည်းဟာလည်း တစ်နေ့ကျ သူများလက်ထဲ ပြန်ရောက်ရမှာ။


          ဘုန်းတော်ကြီးဦးသီလ အမိန့်ရှိသလို ကိုယ့်ကိုယ်ကိုတောင် ကိုယ်မပိုင်တဲ့ဘဝမှာ တခြားဘာတွေကိုများ ပိုင်ချင်နေဦးမှာလဲ။ ကိုယ့်ခန္ဓာကိုတောင် မသေအောင်လုပ်လို့မရတာ သူများခန္ဓာကို မသေအောင် တားလို့ကော ရနိုင်ပါ့မလား။


         ၁၃၅၅-ခုနှစ်ဆီက ဦးမောင်ရှိန်ရဲ့သား မောင်ဘုကြီး နေမကောင်းလို့ ဦးဇင်းသန်းနိုင်နဲ့ကျွန်ုပ် ဗောဇ္ဈင်သုတ် ရွတ်ပေးခဲ့ရတယ်။ အနီးအပါးမှာ ထိုင်နေတာက သူ့မိဘဆွေမျိုးတွေနဲ့ ကောင်လေးရဲ့ ရက်ကန်းအလုပ်ရှင် ဒကာမလေးတစ်ယောက်။ ကျွန်ုပ်တို့နှစ်ပါး ခန့်ခန့်ညားညားနဲ့ ပရိတ်တော်လေးများ ရွတ်ဖတ်မန်းမှုတ်ပေးလိုက်ရင် သူတို့လူနာ ခုချက်ချင်းပဲ ငုတ်တုတ်ထထိုင်တော့မတတ် မျှော်လင့်ချင်များစွာနဲ့ အားကိုးတကြီး ကြည့်နေကြတယ်။


          လူနာအခြေအနေ အားရစရာမရှိပေမယ့် ပရိသတ်အနေအထားအားကောင်းလှတာမို့ စိတ်စေတနာပါပါနဲ့ ရွတ်ဆိုးပေးလိုက်တာ။ ဘာရမလဲ။ ပရိတ်ရွတ်အပြီး အိမ်ပေါ်ကပြန်အဆင်း, ခြံဝလည်းအရောက်, နောက်ဘက်ဆီကနေ (အောင်မယ်လေးသားရဲ့)လို့ အော်ငိုသံကြားလိုက်တာနဲ့ သန်းနိုင်နဲ့ ကျွန်ုပ် ခပ်ကုတ်ကုတ်နဲ့ ပြန်လစ်ခဲ့ရတယ်။ သေမင်းက သူ့ပစ္စည်းသူပြန်ယူသွားတဲ့ဟာ။ ကျွန်ုပ်တို့က လမ်းကဖြတ်ပြီး အနုကြမ်းစီး ဓားပြတိုက်လု ယူချင်လို့ရမတဲ့လား။

Views: 196

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service