ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ပါပါ ဝိရတီစ၊ မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်း မင်္ဂလာ

( ၁၉ ) ပါပါ ဝိရတီစ၊ မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်း မင်္ဂလာ

မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။

တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

 

ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဒိသာပါမောက္ခ ဆရာကြီးတစ်ဦး ရှိသည်။ သူသည် ပညာလည်းရှိသည်။ အကျင့်သီလလည်း ကောင်းသည်။ သူ့ထံသို့ အမျိုးကောင်းသား လုလင်များစွာတို့သည် လာရောက် အတတ်သင်ကြသည်။ ဆရာကြီးတွင် လှပယဉ်ကျေးသော သမီးပျိုကလေးတစ်ဦး ရှိသည်။

 

တစ်နေ့တွင် ဆရာကြီးက-တပည့် လုလင်တို့ကို ကိုယ်ကျင့်တရား ကောင်း-မကောင်း ငါစူးစမ်းမည်။ သူတို့အထဲမှ ကိုယ်ကျင့်တရား ကောင်းသူကို ငါ့သမီးနှင့် လက်ဆက်ပေးမည်-ဟူ၍ ကြံစည်သည်။

 

ထို့နောက် သူသည် တပည့်လုလင်တို့ကို ခေါ်သည်။ အမောင်တို့-ငါ့ သမီးသည် အရွယ်ရောက်ပြီ။ ငါ့သမီး ဆင်မြန်းရန် သင်တို့အိမ်မှ အ၀တ်တန်ဆာတို့ကို မိဘဆွေမျိုးတို့ မသိအောင် တိတ်တဆိတ် ခိုးယူလာခဲ့ပါ။ အဖိုးအထိုက်ဆုံးသော အ၀တ်တန်ဆာကို ခိုးယူလာနိုင်သူအား ငါ့သမီးနှင့် ထိမ်းမြားပေးမည်-ဟူ၍ ပြောဆိုသည်။

 

တပည့်တို့သည် ဆရာကြီး၏ သမီးကို စုံမက်ကြသည်။ ထို့ကြောင့် ဆရာကြီး စေခိုင်းသည့်အတိုင်း အိမ်သို့ပြန်၍ အဖိုးတန် အ၀တ်တန်ဆာများကို မိဘဆွေမျိုးတို့ မသိအောင် ခိုးယူလာကြသည်။ ဆရာကြီးကို ပေးအပ်ကြသည်။ ဆရာကြီးကလည်း ပစ္စည်းအားလုံးကို အမှတ်အသားပြု၍ စနစ်တကျ သိမ်းဆည်းထားသည်။

 

ဤသို့ တပည့်လုလင်တို့သည် အိမ်မှ အ၀တ်တန်ဆာတို့ကို ခိုးယူလာသော်လည်း ထူးခြားသော တပည့်လုလင် တစ်ဦးမူ လုံးဝ ခိုးယူခြင်း မပြုပေ။ တစုံတစ်ခုသော အ၀တ်တန်ဆာကိုမှ ဆရာကြီးထံ ပေးအပ်ခြင်း မပြုပေ။

 

ထိုအခါ ဆရာကြီးက ထိုလုလင်အား အကြောင်းရင်းကို စုံစမ်းမေးမြန်းသည်။ လုလင်က-ဆရာ အကျွန်ုပ်သည် ဆရာကြီးသမီးပျိုကို စုံမက်ပါသည်။ သို့ရာတွင် အိမ်မှအ၀တ်တန်ဆာကိုမူ ခိုးယူခြင်းမပြုလိုပါ။ လောက၌ မကောင်းမှုပြုသူအဖို့ ဆိတ်ကွယ်ရာ အရပ်မည်သည် မရှိပါ။ ခိုးယူမှုစသော မကောင်းမှုကို အကျွန်ုပ်သည် စိတ်ဖြင့်ပင် မပြစ်မှားလိုပါ-ဟူ၍ ပြောဆိုသည်။

 

ဆရာကြီးသည် ထိုလုလင်ကို အလွန်နှစ်သက် မြတ်နိုးသွားသည်။ အမောင်-ငါ့သမီး၌ အ၀တ်တန်ဆာမရှိ၍ ခိုးခိုင်းသည် မဟုတ်ပါ။ ကိုယ်ကျင့်တရား ကောင်းသူကို စမ်းသပ်ရွေးချယ်ခြင်းသာ ဖြစ်သည်။

 

အမောင်သည် ငါ့သမီးနှင့် ထိုက်တန်သူ ဖြစ်သည်-ဟု ပြောဆိုသည်။ ထိုလုလင်ပျိုကို ချီးကျူးကာ သမီးနှင့် ထိမ်းမြားပေး လေသည်။

ကျန်တပည့်တို့အား မကောင်းမှု မပြုရန် ဆိုဆုံးမသည်။ ခိုးယူလာခဲ့သော ပစ္စည်းများကိုလည်း အသီးသီး ပြန်လည်ပေးစေလေသည်။

 

( ကျမ်းကိုး-၅၅၀-သီလ၀ီမံသနဇာတ်)

( မင်းယုဝေ)

( မြတ်မင်္ဂလာ ၂၀၀၃-ခု ဖေဖော်ဝါရီလ)

 

Views: 110

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Tomorrow

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service