ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မဇ္ဇပါနာစ သံယမော၊ သေရည်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း မင်္ဂလာ

( ၂၀ )မဇ္ဇပါနာစ သံယမော၊ သေရည်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း မင်္ဂလာ

သေရည်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

 

ရှေးသရောအခါ ဗာရာဏသီပြည်တွင် အလွန်ကြွယ်ဝချမ်းသာသော သူဌေးတစ်ဦးရှိသည်။ သူဌေးကြီးသည် ကြွယ်ဝချမ်းသာသည်နှင့်အမျှ ကုသိုလ်ကောင်းမှုတို့ကိုလည်း အထူးပြုသည်။ ထို့ကြောင့် ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ သိကြားမင်း သွားဖြစ်သည်။

သူဌေးကြီးတွင် သားတစ်ယောက်တည်းသာ ရှိသည်။ အမွေပစ္စည်းတို့ကို ထိုသားတစ်ဦးတည်းသာ ရရှိသည်။ သူဌေးသားကား မလိမ္မာ၊ မိုက်မဲသူ ဖြစ်သည်။ ထို့ကြောင့် ဥစ္စာတို့ကို အကျိုးရှိအောင် မသုံး၊ အမျိုးမျိုး ဖြုန်းတီးပစ်၏။

 

သူသည် အပေါင်းအဖော် အခြံအရံတို့နှင့်အတူ အရက်သောက်သည်။ ပွဲလမ်းသဘင် အမျိုးမျိုးကို ကြည့်ရှုသည်။ အစားအစာမျိုးစုံကို စားသည်။ မိန်းမတို့ကိုခေါ်၍ ပျော်ပါးသည်။ ဤသို့သုံးဖြုန်းလာရာ အဖေထားခဲ့သော ဥစ္စာတို့သည် တစ်စတစ်စ ကုန်ခန်းသွားလေသည်။ နောက်ဆုံးတွင် သူဌေးသားမှာ ဆင်းရဲနွမ်းပါးကာ အထီးကျန်ဘ၀သို့ ရောက်သွားသည်။ ဟောင်းနွမ်းသော အ၀တ်တို့ကို ၀တ်ဆင်လျက် ဆင်းရဲစွာ နေထိုင်စားသောက်ရသည်။

 

ဖခင်ဖြစ်သူ သိကြားမင်းသည် ဆင်ခြင်ကြည့်သော် သား၏ဖြစ်ပျက်ပုံအလုံးစုံကို သိမြင်သွားလေသည်။ ဤတွင် သားကိုချစ်ခင်သဖြင့် လူ့ပြည်သို့ဆင်းလာသည်။ သားအား တောင့်တတိုင်း အလိုရှိရာပေးသော ဣစ္ဆာသယ အိုးကို ပေးအပ်သည်။

အမောင်-ဤအိုးသည် လိုရာကို ရစေသော ဣစ္ဆာသယအိုး ဖြစ်သည်။ သင့်အလိုရှိရာ တောင့်တ၍ အသုံးပြုပါ။ ဤအိုးကိုလည်း မကွဲအောင် သတိဖြင့် ထိန်းသိမ်းထားပါ။ နောက်ထပ် ငါ မပေးနိုင်တော့ပါ-ဟူ၍ ပြောဆိုမှာကြား၏။ ထို့နောက် နတ်ပြည်သို့ ပြန်ကြွသွားလေသည်။

 

သူဌေးသားသည် ၀မ်းမြောက်မဆုံး ဖြစ်၏။ အလိုရှိရာကို တောင့်တရာ အိုးထဲတွင် ပေါ်လာ၏။ ယင်းတို့ကို သုံးစွဲ၏။ မကြာမီ သေအရက်ကို တောင့်တ၍ သောက်စားမူးယစ်ပြန်သည်။ တနေ့သ၌ သူဌေးသားသည် အရက်ကို တောင့်တ၍ သောက်စားပြီး အလွန်မူးယစ်သောအခါ ဖခင် သိကြားမင်း မှာသောစကားကို အလေးမပြု၊ အရက်မူးမူးဖြင့် ဣစ္ဆာသယအိုးကို မြှောက်ချည် ဖမ်းချည် ပြု၍ ကစားသည်။ တကြိမ်တွင် အိုးကို မြှောက်ကာ လက်ဖြင့်ဖမ်းရာ မမိ၊ ချော်ထွက်သွား၍ အိုးသည် မြေသို့ကျကာ ကွဲလေ၏။

 

ထိုအချိန်မှစ၍ သူဌေးသားသည် တဖန် ဆင်းရဲမွဲတေသွားပြန်သည်။ ဖခင်သိကြားမင်းသည် အရက်သမားကို ထပ်မံ မ,မစနိုင်တော့ပေ။ သူဌေးသားသည် အ၀တ်နွမ်းကို ၀တ်လျက် ခွက်လက်စွဲကာ တောင်းရမ်းစားသောက် ရသည်။ နောက်ဆုံးတွင် သူတပါး၏ အိမ်နံရံကို မှီလျက် သေဆုံးသွားလေသတည်း။

 

( ကျမ်းကိုး) ၅၅၀-သုရာဃဋဇာတ်။

( မင်းယုဝေ)

( မြတ်မင်္ဂလာ ၂၀၀၃-ခု မတ်လ)

 

Views: 163

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service