ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဂါရဝေါစ၊ ရိုသေထိုက်သူကို ရိုသေခြင်း မင်္ဂလာ

( ၂၂ ) ဂါရဝေါစ၊ ရိုသေထိုက်သူကို ရိုသေခြင်း မင်္ဂလာ

ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

 

တစ်ရံရောအခါ ဟိမ၀န္တာတောရှိ ညောင်ပင်ကြီးတစ်ပင်ကို အမှီပြုလျက် ခါ-မျောက်နှင့်-ဆင်တို့ နေထိုင်ကြသည်။ သူတို့သည် အဆွေခင်ပွန်းများ ဖြစ်ကြသည်။ သို့ရာတွင် တစ်ဦးကိုတစ်ဦး ရိုသေခြင်း မရှိကြပေ။ တစ်နေ့သ၌ အဆွေခင်ပွန်း ၃-ဦးသည် ဆွေးနွေးတိုင်ပင်ကြ၏။ ယခု ငါတို့ ၃-ဦး ဆက်ဆံနေထိုင်ပုံမှာ မသင့်။

 

တစ်ဦးကိုတစ်ဦး ရိုသေခြင်းမရှိ၊ အဆုံးအမပြုခြင်းမရှိ၊ အသက်ကြီးသူကို ရိုသေလျက် ထိုသူ၏အဆုံးအမကို ခံယူနေထိုင်ကြလျှင် မသင့်ပါလော-ဟူ၍ အကြံအစည် ဖြစ်ကြသည်။ နောက်ဆုံးတွင် ထိုအကြံအစည်အတိုင်း ပြုမူနေထိုင်ရန် အသက်ကြီးသူကို စိစစ်ကြသည်။

 

ငါတို့ ၃-ဦးမှာ ဤညောင်ပင်ကြီးကို အမှီပြု၍ နေကြရသည်။ ဤညောင်ပင်ကိုပင် အမှတ်အသားပြုကြမည်-ဟူ၍ သဘောတူ ဆုံးဖြတ်ကြသည်။

ခါနှင့်မျောက်တို့က ဆင်အား-အဆွေ ဆင်၊ ဤညောင်ပင်ကြီးကို ဘယ်အခါမှစ၍ သင်သိပါသနည်း-ဟုမေးကြ၏။

 

ဆင်က အဆွေတို့-ငါ ဆင်ငယ်ကလေးဘ၀၌ ရှိစဉ် ဤညောင်ပင်ကို ကျော်လွှား၍ သွားခဲ့သည်။ ညောင်ပင်ထိပ်ဖျားသည် ငါ့ချက်အထိသာ ရောက်သည်-ဟူ၍ ဖြေကြားသည်။

တဖန် ဆင်နှင့် ခါတို့က မျောက်အား-အဆွေ မျောက်၊ ဤညောင်ပင်ကို ဘယ်အခါမှစ၍ သိသနည်း-ဟုမေးကြပြန်၏။

 

မျောက်က-အဆွေတို့၊ ငါ မျောက်ငယ်ကလေးဘ၀၌ ရှိစဉ် မြေကြီး၌ထိုင်လျက် ညောင်ပင်၏ အညွန့်အဖျား တို့ကို စားရသည်။ ဤမျှလောက် ငယ်ရွယ်စဉ် အချိန်မှစ၍ သိပါသည်-ဟု ဆို၏။

တဖန် ခါအား မေးကြပြန်သော် ခါက-အဆွေတို့၊ ယခင်အခါက ဤအရပ်၌ ညောင်ပင်မရှိသေး၊ အခြား တပါးသောအရပ်မှ ညောင်ပင်၏အသီးကို ငါစား၍ ဤအရပ်၌ မစင်စွန့်ခဲ့သည်။ ထိုမစင်မှ ဤညောင်ပင် ပေါက်လာပါသည်-ဟူ၍ ပြောပြ၏။

 

ဤတွင် ဆင်နှင့်မျောက်တို့က အဆွေ ခါ၊ သင်သည် ငါတို့ ၂-ဦးထက် အသက်ကြီးသည်။ အတွေ့အကြုံများသည်။ ထို့ကြောင့် ငါတို့ထက်ပို၍ ဉာဏ်ပညာရှိပါသည်။ ငါတို့ ရိုသေထိုက်ပါသည်။ ယနေ့မှစ၍ သင့်အား ငါတို့ ရိုသေခြင်း၊ ဆည်းကပ်ခြင်း၊ ၀တ်ကြီးဝတ်ငယ်ပြုခြင်း အစရှိသည်တို့ ပြုပါမည်။ ငါတို့ကိုလည်း ဆုံးမပါ။ သြ၀ါဒပေးပါ။ ငါတို့ ကောင်းစွာခံယူပါမည်-ဟူ၍ ပြောဆိုတောင်းပန်ကြ၏။

 

ခါလည်း အဆွေခင်ပွန်းနှစ်ဦး၏စကားကို လက်ခံကာ လိုက်နာကျင့်သုံးသည်။ အဆွေခင်ပွန်းနှစ်ဦးအား အဆုံးအမသြ၀ါဒ ပေးရုံမက သီလကိုလည်း ဆောက်တည်စေသည်။ မိမိကိုယ်တိုင်လည်း စံပြနေထိုင်ကာ သီလကို ဆောက်တည်၏။

 

ဤသို့လျှင် အဆွေခင်ပွန်း ၃-ဦးသည် ညီညွတ်စွာ နေထိုင်သွားကြသည်။ ဘေးရန်လည်း ကင်း၍ ပေါင်းသင်းဆက်ဆံရာတွင်လည်း အဆင်ပြေကြလေသည်။ သူတို့သုံးဦးသည် သက်တမ်းစေ့ နေထိုင်သွားကြကာ သေသောအခါ ကောင်းရာသုဂတိသို့ လားကြလေသည်။

 

ကျမ်းကိုး။ ။ ၅၅၀-တိတ္တိရဇာတ်

( မင်းယုဝေ)

 

Views: 194

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service