ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

"လိုရာခရီးရောက်ဖို့"

"လိုရာခရီးရောက်ဖို့"

တစ်သိန်းမှာ တစ်ယောက်

လောကမှာ လူတစ်သိန်းရှိတယ် ဆိုးကြပါစို့။

စုဝေးပြီးသော လူတစ်သိန်းမှာ သုံးပုံပုံ နှစ်ပုံက ရုပ်လှတာကို သဘောကျတယ်။ ရုပ်ကြည့်ကောင်းတာကိုသဘောကျပါတယ်။

လူတစ်သိန်းရှိတယ်ဆို ငါးပုံလေးပုံက နာမည်ကြီးတာ၊ အသံကောင်းတာကို သဘောကျပါတယ်။

လူတစ်သိန်းမှာ ဆယ်ပုံပုံကိုးပုံက စားဝတ်နေရေး ခေါင်းခေါင်းပါးပါး ခြိုးခြိုးခြံခြံ ကျင့်တာကို သဘောကျပါတယ်။

လူတစ်သိန်း ရှိမယ်ဆိုရင် တစ်ဦးတစ်ယောက်သာ -

သီလ၊ သမာဓိ၊ ပညာ တရားအစစ်ကို သဘောကျတာ၊ ကွာခြားလှပါတယ်။

ရုပ်အဆင်းတင့်တယ် သပ္ပာယ်တဲ့ဂုဏ်နဲ့ ဘုန်းတော်ကြီးမြတ်စွာဘုရားမှာ ပြည့်စုံပါတယ်။ ပိုတောင် ပိုနေသေးတယ် ပြောရမယ်။

ဘယ်သူနဲ့မှလဲ မတူနိုင်ပါ။

စကြာဝဠာတစ်သောင်းလုံး နာမည်ကြီး၊ အသံကောင်းတာလည်း ဘယ်သူနဲ့မှ နှိုင်းလို့ မရပါဘူး။

ဘုန်းတော်ကြီး မြတ်စွာဘုရားမှာ ဘုန်းကံကြီးမားလို့ လာဘ်လာဘတွေ ပေများပေမယ့် -

ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး စားဝတ်နေရေးကို ခေါင်းပါးစွာ ကျင့်ကြံခဲ့ပါတယ်။

ဒါလည်း ဂုဏ်တစ်မျိုး ဖြစ်ပါတယ်။

ဘယ်သူမှ တုနှိုင်းလို့ မရအောင် ကျင့်ပါတယ်။

သီလရှိတယ်၊ သမာဓိရှိတယ်၊ ပညာရှိတယ်၊ ဒီတရားတွေက ဘုန်းတော်ကြီးမြတ်စွာဘုရားမှာ တုနှိုင်းမရအောင် ရှိတော်မူပါတယ်။

တကယ်ပြောရင် အဲဒီသုံးမျိုးက တရားအစစ် ဖြစ်ပါတယ်။

အဲဒီ တရားအစစ်ကိုတော့ လူတိုင်း မကြည်ညိုနိုင်ပါဘူး။

လူတစ်သိန်းမှာ သုံးပုံပုံ နှစ်ပုံဆိုရင် ၆၆,၆၆၆ ယောက်ရှိပါတယ်။

အဲဒီ ၆၆,၆၆၆ ယောက်က ရုပ်ရည်အဆင်း သပ္ပာယ်တာကို ကြည်ညိုကြပါတယ်။

၅ ပုံ ၄ ပုံဆိုရင် လူ ၈၀,၀၀၀ ရှိပါတယ်။

လူ ၈၀,၀၀၀ က အသံကောင်းတာနဲ့ နာမည်ကြီးတာကိုကြည်ညိုကြပါတယ်။

ဆယ်ပုံပုံ ကိုးပုံဆိုရင် ၉၀,၀၀၀ ရှိပါတယ်။

လူကိုးသောင်းကတော့ ပစ္စည်းလေးပါး ခေါင်းပါးစွာ ကျင့်တာကို ကြည်ညိုကြပါမယ်။

များသောအားဖြင့်ကတော့ ခေါင်းခေါင်းပါးပါး ကျင့်တာကို ကြည်ညိုကြပါတယ်။ အစားအသောက် အနေအထိုင် ခြိုးခြံချွေတာ ဆင်းရဲခံတာကို ပိုကြည်ညိုကြပါတယ်။

သီလ၊ သမာဓိ၊ ပညာ တည်းဟူသော တရားအစစ်ကျတော့ တစ်သိန်းမှာမှ တစ်ယောက်လောက်သာကြည်ညိုတာပါ။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာ အစစ်ကျတော့ တစ်သိန်းမှာ တစ်ယောက်ပဲကြည်ညိုပါတယ်။

လူ ငါးသောင်းဆိုရင် တရားအစစ်ကို ဘယ်နှယောက် ကြည်ညိုမလဲဆိုရင် လူတစ်ယောက်တောင်အပြည့် မဟုတ်တော့ဘဲ တစ်ဝက်လောက်ပဲ ကြည်ညိုပါတော့မယ်။

ဒီသဘောတရားလေးကို နားလည်စေချင်တာပါ။

ဆက်ရန်. . .

ဓမ္မဒူတဆရာတော်၏ “လိုရာခရီးရောက်ဖို့” စာအုပ်မှ ကူးယူဖော်ပြသည်။
 

Views: 86

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service