ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“ သံသရာခရီးသွား အမှားမလုပ်မိစေနှင့် ... ”

“ သံသရာခရီးသွား အမှားမလုပ်မိစေနှင့် ... ”


သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အမှားလုပ်မိတတ်ကြတယ်။ ဘာကြောင့် အမှားလုပ်မိ ကြသလဲဆိုရင် အမှားလုပ်မိခြင်းရဲ့ အကြောင်းတရား တွေထဲမှာ အမှန်တရား မသိတာ အဓိကပဲပေါ့။


အေး “လုပ်သင့်တာနဲ့ မလုပ်သင့်တာ” ကိုခွဲခြားပြီး မသိဘူး။  ခွဲခြားမသိတဲ့ အတွက် ကြောင့် မလုပ်သင့်တာကို လုပ်မိခြင်း၊ လုပ်သင့်တာ တွေကျတော့ မလုပ်မိခြင်း ဆိုတာအကြောင်းတစ်ခုပဲ။
မသိလို့ အဆိုးကို အကောင်းထင်ပြီး ရံဖန်ရံခါ လူတွေဟာ လုပ်မိတတ်တယ်ပေါ့။

မှားမှားယွင်းယွင်း တစ်ခုခု လုပ်မိသွားပြီးဆိုရင် ခံရတဲ့ အကျိုးဆက်ဟာ သက်သာလှတယ် မရှိဘူးပေါ့။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ လက်ထက်တော်အခါမှာ ကြုံတွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို သတိထားဖို့ပါ.......။

ဥဂ္ဂသေန

ဥဂ္ဂသေန ဆိုတဲ့ သူဌေးသား။ ဥဂ္ဂသေနဟာ သူဌေးသားပဲ။ သူ့ဇနီးကတော့ ကချေသည် မျိုးရိုး၊ သဘင်သည်မျိုးရိုး ခေါ်တာပေါ့။ ရှေးတုန်းကတော့ ဒါ မျိုးရိုးရှိတယ်။ ခုခေတ်ကတော့ မျိုးရိုးရယ်လို့ မဟုတ်ကြဘူး။ ဝါသနာပါလို့လုပ်တယ်ပေါ့နော်။ ကချေသည်မျိုးရိုးဆိုတော့ သူ့အဖေက ဇာတ်ဆရာ၊ သူက ကတဲ့မင်းသမီးပေါ့လေ။ ခုခေတ်အခေါ် အငြိမ့်မင်းသမီး၊ ဇာတ်မင်းသမီးပေါ့။

ဥဂ္ဂသေနက သူဌေးသား။ ဒီဇာတ်ပွဲကြည့်ရင်း အဲဒီဇာတ်မင်းသမီးကို သဘောကျပြီး သူလဲ ဇာတ်ထဲ လိုက်သွားတယ်။ သူဌေးသားက သူဌေးသားလို မနေဘဲ သဘင်သည်လုပ်တယ်။ ခုခေတ်ကတော့ အနုပညာသည်လို့ ခေါ်ပါတယ်။ နှိမ့်ချခေါ်တာ မရှိဘူး။

 

ရှေးတုန်းကတော့ အနုပညာသည်လို့ မခေါ်ဘူး၊ သဘင်သည်လို့ပဲခေါ်တယ်။ မြန်မာပြည်မှာနော်။ သဘင်သည်လို့ခေါ်ပြီး ဖက်ခွက်စားလို့လည်း ခေါ်ကြတယ်။ ဇာတ် မင်းသား မင်းသမီးတွေ ကြားရင်တော့ ကြိုက်မှာမဟုတ်ဘူးပေါ့။ ရှေးတုန်းက အဲဒီလိုခေါ်တယ်။ ဖက်ခွက်စား။ လူတွေက ရှုံ့ချတယ်ပေါ့။ သူတို့ ကပြတာ ကြည့်တော့ ကြည့်တယ်၊ ဒါပေမယ့် အဲဒီမျိုးရိုးကို လူတွေက အထင်မကြီးဘူး။ သဘင်သည် မျိုးရိုးကို အထင်မကြီးဘူး။

အဲ၊ ဥဂ္ဂသေနက သူဌေးသား ဖြစ်လျက်သားနဲ့ အဲဒီဇာတ်ပွဲက မင်းသမီးကို သဘောကျပြီးတော့ သူတို့ဇာတ်ထဲကို လိုက်သွားတယ်။ အဲဒီလိုဖြစ်ရတာ ဘာကြောင့်တုန်းဆိုတော့ ဘဝတစ်ခုမှာ သူက အမှားလုပ်ခဲ့မိတယ်။

ဟိုတုန်းကလဲ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ပဲ။ အဲဒီတုန်းက ခရီးသွားရင်း လမ်းမှာ ရဟန္တာတစ်ပါး
တွေ့တယ်။ တွေ့ပြီးတော့ အဲဒီရဟန္တာကို သူတို့က ဆွမ်းကပ်ကြတယ်။ ဆွမ်းကပ်ပြီး ဆုတောင်းတယ်ပေါ့။ အရှင်ဘုရား၊ ဒီကောင်းမှုကြောင့် အရှင်ဘုရားသိတဲ့ တရားထူး၊ တရားမြတ်ကို တပည့်တော်တို့ သိပါရစေဘုရား လို့ အဲဒီလိုဆုတောင်းတဲ့အခါ ရဟန္တာပုဂ္ဂိုလ်ကြီးက အနာဂတံသဝဏ်နဲ့ ကြည့်လိုက်တယ်။ ဪ ... သူတို့ဟာ ငါသိတဲ့ တရားထူးတရားမြတ်သိတဲ့ 
ပုဂ္ဂိုလ်တွေ ဖြစ်မှာပဲ၊ ဖြစ်မှာပဲဆိုတာကိုမြင်လို့ ရဟန္တာက သဘောကျပြီးပြုံးတာ။ 

♦ အဲဒီပြုံးတာကို မြင်ပြီးတော့
အမျိုးသမီးလုပ်တဲ့သူက နှုတ်မစောင့်ဘူးလေ၊ ကြည့်၊ ကိုယ်တော်ကြီးက ပြုံးတယ်၊ ဇာတ်သမားနဲ့တူတယ် ပြောလိုက်တယ်။ ဟို လင်ယောကျာ်းလုပ်တဲ့သူကလည်း အေး၊ ဟုတ်မှာပေါ့ကွာ လို့ ပြောလိုက်တယ်။

♦ ဥဂ္ဂသေနက ဟုတ်မှာပေါ့ကွာ ပြောခဲ့လို့ သူဌေးသားဖြစ်လျက်သားနဲ့ ဇာတ်သမားသွားဖြစ်ရတယ်။ ဘဝတစ်ခုမှာ အမှားလုပ်ခဲ့ပြီးပြီဆိုရင် အမြင့်ကနေ အနိမ့်ဆင်းသွားတာပဲနော်။ 

ဒါကြောင့်မို့ အင်မတန်ကြောက်စရာကောင်းလို့ သံသရာခရီးသွား အမှားမလုပ်မိစေနဲ့ ပြောတာနော်။

- (ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး  ဒေါက်တာနန္ဒမာလာဘိဝံသ)
(သံသရာခရီးသွား အမှားမလုပ်မိစေနှင့်စာအုပ်
နှာ ၃၃-၃၆မှ ကူးယူဖော်ပြပါသည်။)

Dhamma Danã Source ►

Views: 363

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service