ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

"လေးသောအရာ အောက်ကျစမြဲ"


"လေးသောအရာ အောက်ကျစမြဲ"


မျောက်တအုပ်သည် ရွာနှင့် မနီးလွန်း မဝေးလွန်းသော တောထဲတွင်နေ၏။ တနေ့တွင် မျောက်တကောင်သည် မြေပေါ်တွင် မြေပဲဆန်တစေ့တွေ့သည်။ စားပြီး ရှေ့နားမှာ တစေ့တွေ့ပြန်၏။ နောက်တစေ့ တွေ့ပြန်၏။ တစေ့ပြီး တစေ့ ကောက်စားရင်း ရွာနား နီးသထက် နီးလာပါသည်။ တွေ့မယ့် တွေ့တော့ ပုလင်းလိုက်ပါလား။ မျောက်လက်ဝင်သာရုံအပေါက်ရှိသော ပုလင်းထဲတွင် မြေပဲဆန် အများအပြား သူတွေ့လေသည်။ ၀မ်းသာအားရထိုင်၊ ဟိုကြည့် ဒီကြည့်၊ ပုလင်းထဲလက်တဖက်နှိုက်၊ မြေပဲဆန်ကိုလက်ဖြင့်အပြည့်ဆုပ်၊ ဆွဲထုတ် “ဟာလက်ထုတ်လို့ မရပါလား။

 

“ ခြေထောက်နှစ်ဖက်ဖြင့် ပုလင်းကိုညှပ်ပြီးဖိထား၊ လက်တဖက်က ပုလင်းလည်ပင်းကို ကိုင်ပြီး ဆွဲထုတ်။ မရ။ ဆောင့်ဆွဲ၊ လက်ဖမိုးလေးသာ နာသွားသည်။ လက်ကထုတ်မရ။ ခုနေလူလာလျှင်တော့ ဒုက္ခပဲ။ နောက်တော့ မျောက်အကြံရသွားသည်။ ပုလင်းလိုက်ယူသွားဖို့။ ပုလင်းကို ပွေ့ ပြီးပြန်မယ်လုပ်တော့လည်း ပုလင်းက ယူလို့ မရ။ သြော် ပုလင်းကို ကြိုးဖြင့် ငုတ်ရိုက်ပြီး ချည်ထားသကိုး။ မျောက်ဇောချွေးပြန်လာသည်။ လက်ကလည်း ထုတ်မရ။ ပုလင်းကလည်း ယူမရ။ တောလိုက်ခွေးနဲ့ လူလာလျှင်တော့ မျောက်သည် ဟင်းစားဖြစ်တော့မည်။

မြတ်ဗုဒ္ဒ၏ ကမ္ဘာကျော်အဆိုအမိန့်ကြီးသည် မှန်လေစွ။ (အမှန်မှာ စကြာဝဠာကျော်ဟုဆိုရပါမည်။) “အကြောင်း နှင့် ကင်း၍ပေါ်သော အကျိုးဟူ၍ မရှိ။“ အထက်ပါမျောက်ဟင်းစားဖြစ်သောအကြောင်းများကား (၁) မြေပဲဆန်တဆန်ကောက်ရလို့။ (၂) ရွာနားရောက်သွားလို့။ (၃) ပုလင်းထဲလက်နှိုက်လို့။ ယင်းအကြောင်းများသည် ဝေးသော အကြောင်းများသာ။ တကယ့်နီးသောအကြောင်းရင်းမှာ ပုလင်းထဲမှာ လက်သီးဆုပ်ထားလို့ ဖြစ်ပါသည်။ လက်သီးဆုပ်ကို ဖြေလိုက်လျှင် မြေပဲဆန်ကို ဆုံးရှုံးမည်။ အသက်ချမ်းသာမည်။ (အကြောင်း မရှိတော့လျှင် အကျိုးလည်း မရှိတော့။)

ကျွန်ုပ်တို့၏ လက်သီးဆုပ်သည် မျောက်ထက်ကြီး၏။ ကျွန်ုပ်တို့၏ မြေပဲဆန်သည် မျောက်ထက်များ၏။ ပိုင်ဆိုင်မှု များလေလေ၊ လက်သီးဆုပ်ကြီးလေလေ။ တော်ရုံဟာတွေကို လက်ဆုပ်ထဲက လွှတ်နိုင်၏။ လွှတ်ဖို့ အခက်ဆုံးကား ဤကိုယ်ခန္ဒာကြီးတည်း။ ဤဟာကြီးကို “ငါ“ မဟုတ်ဟုသူများပြောလျှင် ကိုယ်ကလည်း ထောက်ခံလိုက်၏။ ဟုတ်တာပေါ့။ သို့သော် အတွင်းကကြိတ်ပြီး လက်သီးဆုပ်ထားတတ်သည်။

ဗုဒ္ဒဘာသာဖြစ်ရခြင်း ကံကောင်းလေစွ။ ဤတရား idea မျိုးကို မြတ်ဗုဒ္ဒကလွဲပြီး ဘယ်သူမျှ မပြောပြနိုင်ချေ။

 

U Thein Tun 

Views: 118

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service