ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သန္တုဋ္ဌီစ၊ တင်းတိမ်ရောင့်ရဲခြင်း မင်္ဂလာ

( ၂၄ ) သန္တုဋ္ဌီစ၊ တင်းတိမ်ရောင့်ရဲခြင်း မင်္ဂလာ

တင်းတိမ်ရောင့်ရဲခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏။

တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

 

တစ်ရံရောအခါ ဗာရာဏသီပြည်ဝယ် လှည်းကုန်သည်တို့၏ အကြီးအမှူးဖြစ်သူ လှည်းမှူးတစ်ဦး ရှိသည်။ သူသည် လောဘနည်း၍ တင်းတိမ်ရောင့်ရဲသူ ဖြစ်သည်။

တစ်နေ့သ၌ လှည်းမှူးသည် လှည်းကုန်သည်များနှင့်အတူ အရပ်တစ်ပါးသို့ ကုန်သွယ်ရန် ဗာရာဏသီပြည်မှ ထွက်ခွာလာခဲ့သည်။

 

သူတို့သည် လမ်းခရီး၌ ကန္တာရတစ်ခုကို ဖြတ်သန်းသွားရပေသည်။ လမ်းခရီးတွင် ရေတွင်းဟောင်းတစ်ခုကို တွေ့ကြသည်။ ရေအလိုရှိကြသဖြင့် ရေတွင်းဟောင်းကို တူးကြသည်။ ထိုအခါ မမျှော်လင့်ဘဲ ကြေးမည်း ကြေးနီတို့ကို တွေ့ကြသည်။ ဆက်လက်တူးကြရာ ငွေ၊ ထို့နောက် ရွှေ၊ ထို့နောက် ပုလဲ၊ ထို့နောက် ကျောက်မျက်ရွဲ၊ ထို့နောက် ပတ္တမြားတို့ကို တွေ့ကြသည်။

 

လှည်းကုန်သည်တို့သည် ဤရတနာတို့ကို ရရှိသော်လည်း မရောင့်ရဲနိုင်ကြ။ လောဘဇောတိုက်ကာ အခြားရတနာတို့ တွေ့ဦးမည်ထင်ပြီး ဆက်လက်တူးကြမည်ပြုသည်။

ထိုအခါ လှည်းမှူးက-အချင်းတို့ ဤမျှဖြင့် တော်လောက်ပါပြီ။ ရောင့်ရဲကြပါ။ ရှေ့ဆက်မတူးကြပါနဲ့-ဟူ၍ တားမြစ်သည်။

လှည်းကုန်သည်တို့ကား မတင်းတိမ်၊ မရောင့်ရဲနိုင်။ လှည်းမှူး၏ စကားကို မနာယူ၊ လောဘဇောတိုက်ကာ ဆက်လက်တူးကြသည်။

 

ထိုတွင်းဟောင်းကား သာမန်တွင်းမဟုတ်၊ နဂါးမင်း နေထိုင်ရာ တွင်းဖြစ်သည်။ လှည်းကုန်သည်တို့ အလွန်နက်စွာ တူးကြသဖြင့် တွင်းအောက်တွင်နေသော နဂါးမင်းဗိမာန် ပျက်လေတော့သည်။ နဂါးမင်းလည်း အမျက်ထွက်သဖြင့် နှာခေါင်းလေဖြင့် မှုတ်သည်။ အဆိပ်ငွေ့များ ထွက်လာသည်။ လှည်းမှူးမှတပါး လှည်းကုန်သည်အားလုံး အဆိပ်သင့်၍ သေကျေပျက်စီးကြလေသည်။

 

ထိုအခါ နဂါးလုလင်တို့သည် လူယောင်ဖန်ဆင်းလျက် တွင်းအောက်မှ ထွက်လာကြသည်။ တင်းတိမ်ရောင့်ရဲမှုရှိသော လှည်းမှူးကို ရန်မပြုရုံမက ရတနာတို့ကို လှည်းပေါ်သို့ တင်ပေးသည်။ လှည်းမှူးကို လှည်းတစီးတွင် စီးစေကာ ရတနာတို့နှင့်အတူ အိမ်သို့ လိုက်ပို့ပေးသည်။ ထို့နောက် နဂါးပြည်သို့ ပြန်သွားကြလေသည်။

 

လှည်းမှူးလည်း မိမိရရှိသော ရတနာတို့ကို ထုခွဲရောင်းချကာ လူအများကို ပေးကမ်းလှူဒါန်းသည်။ သီလဆောက်တည်၍ တင်းတိမ်ရောင့်ရဲစွာပင် နေထိုင်သည်။ သေသည်၏ အဆုံး၌ နတ်ပြည်သို့ လားလေသတည်း။

 

အကိုး။ ။ ၅၅၀-ဧရူဒပါနဇာတ်။

(မင်းယုဝေ)

(မြတ်မင်္ဂလာ ၂၀၀၃-ခု ဇူလိုင်လ)

 

Views: 212

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service