ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သုဝဏ္ဏသာမဇာတ်တော်ကြီးနဲ့ သိပ္ပံပညာ

 သုဝဏ္ဏသာမဇာတ်တော်ကြီးနဲ့ သိပ္ပံပညာ



မြန်မာဗုဒ္ဓဘာသာတိုင်းကြားဖူးကြတဲ့ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲက သုဝဏ္ဏသာမ ဇာတ်တော်ကြီး မှာ  သုဝဏ္ဏသာမ၏ဖခင်ဖြစ်သူနဲ့ မိခင်တို့တောထွက်တရား အားထုတ်ကြရာ အကြင်လင်မယား အဖြစ် မနေထိုင်ကြခြေ ။ မကြာခင် မိခင်ဖခင်တို့ မျက်စိကန်းပြီးဒုက္ခရောက်ကြမည်ကိုသိသော သိကြားမင်းက ၎င်းတို့အားပြုစုရန် ခလေးမွေးရန်ပြောဆိုသော်လည်း ၎င်းတို့စောင့်နေသောသီလကို မဖျက်လိုကြ ကြောင်းသိရသဖြင့် သီလဖျက်ရန်မလိုသောနည်းဖြင့် သားသမီးရစေရန် နည်းပေးခဲ့ပါတယ်။


အဲ့ဒီနည်းကတော့ ဖခင်ဖြစ်သူ ဒုကူလ ရသေ့က မိခင်ဖြစ်သူ ပါရိကာရသေ့မ ဥတုလာသောအခါ၌ ချက်ကိုလက်ဖြင့်သုံးသပ်ခိုင်းသည်။ ထိုသို့ပြုခြင်းဖြင့် သုဝဏ္ဏသာမ အားဖွါးမြင်တယ်ဆိုတာ အားလုံး သိကြမှာဖြစ်ပါတယ်။ ဒီနည်းကို ဖတ်ရစဉ်က သံသယတွေများစွာဖြစ်ခဲ့ပါတယ်။

 

 လူဆိုတာ ယောက်ျား၊ မိန်းမတို့ ဆက်ဆံမှသာ ပဋိသန္ဓေစွဲယူနိုင်ကြောင်းသိနေလို့ဖြစ်ပါတယ်။ ယောက်ျား၊မိန်းမအနေနဲ့လည်း ယောက်ျားအနေနဲ့ ယောက်ျားမျိုးခေါ်တဲ့ စပန်း (sperm) နဲ့ မိန်းမရဲ့မျိုးဖြစ်တဲ့ အိုဗန် (ovum)တို့ ထုတ်နိုင် တဲ့သူဖြစ်ဖို့လိုပါတယ်။

 

ယောက်ျားများအနေနဲ့ ကျန်းမာရေးကောင်းနေရင် အလွန်အသက် အရွယ်ကြီး တဲ့အခါကလွဲရင် sperm များထုတ်နိုင်ပြီး၊ အမျိုးသမီးများမှာတော့ ကျန်းမာရေးကောင်းရုံ သာမက ဥတုရာသီး မဆုံးတဲ့အရွယ်ဖြစ်ရမည့်အပြင်၊ ovum များအမြဲတိုင်းထွက်နေတာမဟုတ်ဘဲ၊ လစဉ်ဥတုရာသီ လာပြီးနောက် တစ်ပတ်အတွင်းသာ ovum များထုတ်လုပ်တာဖြစ်ပါတယ်။

ဒါကြောင့် ယောက်ျား၊မိန်းမတို့ ဆက်ဆံတိုင်း ပဋိသန္ဓေမစွဲယူနိုင်ပဲ sperm နဲ့ ovum တို့ထုတ်လုပ်တဲ့ အချိန်မှာဆက်ဆံမှသာ ပဋိသန္ဓေစွဲယူနိုင်ပါတယ်။ ဒါတွေက DNA ခေါ်တဲ့ မျိုးရိုးဗီဇတွေအကြောင်း သိပ္ပံပညာက မသိသေးတဲ့အချိန်ကဖြစ်ပါတယ်။

 

အခု ၂၁ ရာစုနှစ်မှာ လူအပါဝင် သတ္တ၀ါ တွေဟာ ဗီဇဆိုတဲ့ DNA တွေကြောင့်ဖြစ်ကြတာဆိုတာ သိလာပါတယ်။ ဒါကြောင့် DNA တစ်ခုရှိရင်အဲဒီ DNA ကနေ လူတစ်ယောက်၊ သတ္တ၀ါ တစ်ကောင်ကိုပြုလုပ်နိုင်ပါတယ်။ Colone ဆိုတာ DNA တစ်မျိုးထဲက လုပ်ထားတဲ့ သတ္တ၀ါတွေကိုခေါ်ပါတယ်။ DNA တစ်ခုထဲကလုပ်ထားတာမို့ အဲ့ဒီ သတ္တ၀ါတွေဟာ လုံးဝ တူကြပါတယ်။ (identical) ။ 

DNA တွေက ကိုယ်ခန္ဓာက ဆဲလ် (cell) တွေမှာရှိပါတယ်။ ကိုယ်ခန္ဓာက ဆဲလ် တွေကလည်း အမြဲသေနေကြပြီးသေတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ် အသစ်တွေက အစားထိုးနေကြပါတယ်။ အရေပြား ဆဲလ် အသေတွေကအမြဲလိုအရေပြားက ထွက်နေပါတယ်။ ဒါကြောင့် လက်နဲ့ ကိုင်တဲ့  ပစ္စည်းတွေမှာ ကိုင်သူရဲ့ ဆဲလ်တွေကပ်နေတာမို့ယခုခေတ်မှာ လူသတ်မှုလို ရာဇ၀တ်မှုတွေမှာ အမှုဖြစ်တဲ့ နေရာမှာကျန်ခဲ့တဲ့ လူသတ်သမားရဲ့ ဆဲလ်မှာပါတဲ့ DNA ကို စမ်းသပ်ခြင်းဖြင့်သိနိုင်ပါတယ်။ 

ဒါကြောင့် ဖခင်ဖြစ်သူ ဒုကူလ ရသေ့က မိခင်ဖြစ်သူ ပါရိကာရသေ့မ၏ ဥတုလာသောအခါ၌ ချက်ကို လက်ဖြင့် သုံးသပ်ခြင်းဖြင့် သုဝဏ္ဏသာမ ကိုဖွါးမြင်ခဲ့တယ်ဆိုတာ ဖြစ်နိုင်တယ်ဆိုတာနားလည် ရ ပါတော့တယ်။

အမှန်တရားသိနိုင်သောအသိဥာဏ်များတိုးပွါးနိုင်ကြပါစေ

 

Posted by ဒေါ်စိုး

 



Views: 134

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service