ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

တခုထည်းသော..လွတ် မြောက် ရာလမ်း

တခုထည်းသော..လွတ် မြောက် ရာလမ်း

ဝိပဿနာ၊ သတိ ပဋ္ဌာန်တရားပွားများအားထုတ် ခြင်းသည် သာတခုထည်းသော..လွတ် မြောက် ရာလမ်းဖြစ် ပါတယ်။

မျက်စိ၊ နား နှာခေါင်း၊ လျာ၊ ကိုယ်၊ စိတ် တို့  နဲ့  လာရောက် တွေ့  ထိ သမျှသော..အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အတွေ့  အထိ၊ နဲ့ အတွေးအာရုံ တို့  ကို တွေ့  ထိ တိုင်း တွေ့  ထိ တိုင်း....ထိ တွေ့ လာသမျှ အတွေ့  အထိ အာရုံ တွေ ကို ကောင်းတယ်၊... ကြိုက်တယ်၊ ချစ် ခင်နှစ် သက်တယ်... မြတ် နိုးတွယ် တာစွဲလမ်းတယ်.. သံယောဇဉ်ရှိတယ် ..လို ထင် နေ ရင် လောဘစိတ် .. ဖြစ် နေ ပြီ... ဒီလောဘ စိတ် နဲ့  သေရင် ... ပြိတ္တာဖြစ် မယ်။

ဒီ အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အတွေ့  အထိ၊ အတွေးအာရုံ တို့  ကိုထိ တွေ လိုက် တိုင်း မကောင်းဘူး၊ မကြိုက် ဘူး၊ မုန်းတယ်၊ မလိုချင် ဘူး၊ မရချင် ဘူး၊ ကြောက် တယ်၊ ဆိုတဲ စိတ် ဖြစ် နေ ရင် ဒေါသစိတ် ဖြစ် နေ ပြီ၊.... ဒီ ဒေါသစိတ် နဲ့  သေရင် (ဒယ်အိုး)... ငရဲ ကို ရောက် ရမယ်။

ဒီ အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အတွေ့  အထိ၊ အတွေးအာရုံ တို့  ကိုထိ တွေ လိုက် တိုင်း ...ကောင်းမှန်းလည်းမသိ၊ ဆိုးမှန်းလည်းမသိ ပဲ သတိ လက် လွတ်... ( အမှတ် အသိမရှိပဲ) ဖြစ် နေ ရင် မောဟစိတ် ဖြစ် နေ ပြီ။ ဒီ မောဟစိတ် နဲ့  သေရင် တိရိစ္ဆာန် ဘ၀ရောက် ရမယ်။

ဒီအဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အတွေ့  အထိ၊ ....အတွေးအာရုံ တို့  ကို ထိ တိုင်း ထိတိုင်း သိသိ နေ ရင်....သိရုံလေးပဲသိနေရင်...လောဘလည်းမဖြစ် ဘူး၊ ဒေါသလည်းမဖြစ် ဘူး... မောဟလည်းမပေါ်တော့ ဘူး.... ထိ၊သိ ..သတိ ကလေးရှိ နေ တဲ့  အတွက်...ထိနေတာကို သိမယ်... ခဏကလေးတည် နေ တာကိုသိမယ်.. ပျက် သွားတာကို သိလာမယ်. အပ်ဖျားပေါ်ကိုမုန်ညှင်းစေ့  ကလေးတွေ ကျကျ လာတဲ့  သဘောကို သိ လာမယ်။....ဒါဟာ ဖြစ်ပျက် ကို မြင် တာပါပဲ။ သမာဓိအားကောင်းလာတော့ အသိ ကလေးတွေ စိတ် စိတ် လာ ပြီး၊ မြန် လွန်းအားကြီးတော့ ...ပျက် ပျက် သွားတာကို ပဲ သိနေတော့ မယ်.. ခန္ဓာကိုယ် မှာစိုက်ကြည့်  လိုက် ရင်လည်း။ ... နာတာ၊ ကျင် တာ၊ ၊ကိုက် တာ၊ ထုံတာ.. ယားတာ.. အေးတာပူတာ.. မခံသာတဲ့ ဒုက္ခ ဝေဒနာတွေ ကို တွေ့ လာမယ်။ သမာဓိအားကောင်းနေ တဲ့  အခါ...၊ သာယာတဲ့  ချမ်းသာတဲ့  သုခဝေဒနာတွေ ကို တွေ့  နေ မယ်။

ဒီဝေဒနာလေးတွေ က တိုးတိုးလာလိုက် .. ရော့ ရော့ သွားလိုက် နဲ့ အနိစ္စမမြဲ တာကို သိလာမယ်၊ ဘာဝေဒနာပဲ ဖြစ် ဖြစ်၊ အဖန် တလဲလဲ ဖြစ် ပျက် နေ တာကို သိနေ ရတော့ . ဒီလို မမြဲတာတွေ ဟာ...... ကိုယ် က မလိုချင် ပဲ ရရ နေ တဲ့  အထွက် ဆင်းရဲနေရ တဲ့  ဒုက္ခကိုသိလာမယ်..ဒီလို မမြဲတာ ဆင်းရဲ တာတွေ ကို မရအောင် လုပ် လို့  မရနိုင် တဲ့  အတွက်.... ငါ မဟုတ်၊ ငါ့ ဟာ မဟုတ်...ငါ ...ငါ... ငါ့  ဟာတွေ မဟုတ် ဘူးဆိုတဲ့  အနတ္တ ကိုသိလာမယ်။

၃၁ဘုံ မှာ အနိစ္စ၊ ဒုက္ခ။ အနတ္တပဲရှိ ပါ ကလားလို့  သိလာရမယ်။ ၃၁ဘုံရဲ့  အပြစ် တွေ၊ ဘေးတွေ ကိုသိလာမယ်။၃၁ဘုံကလွတ် ချင် လာမယ်။ ဒီ ဝေဒနာတွေ ကို ပဲ စိုက် ရှုရင်း ရှုရင်းနဲ့  ....ရှု မှတ် တဲ့  စိတ် နဲ့ ပစ္စုပ္ပာန်နဲ့  လည်း တဲ့  သွားတဲ့  အချိန် မှာ ဝေဒနာတွေ အားလုံး တဒင်္ဂချုပ် သွားမယ် ပျောက် သွားမယ်၊ မဖြစ် မပျက် ရာကို ဖြတ် ကနဲ မြင် သွားသိသွားမယ်။ အဲဒီလိုသာဆိုရင် ဒီဘ၀ပြုခဲ့  တဲ့  အကုသိုလ် တွေ ရော...ဘ၀ ဘယ် က စမှန်းမသိ တဲ့  ဘ၀၊ ဘ၀ က အကုသိုလ် တွေ ရော.. အားလုံးကြေ သွားတယ်...မြတ် စွာဘုရားလက် ထက် က .... ဆရာအတင်မှားခဲ့  တဲ့  လူဆိုးကြီး၊ လူသတ်သမားကြီ..အင်္ဂုလိမာလကြီး ဟာ..လက် ညှိုးတထောင် ရဖို့  အတွက် လူပေါင်းမြောက် များစွာကို သတ် ခဲ့  တယ်။..ရှေးဘ၀။ ဘ၀ က ပါရမီ အခံက ရှိတဲ့  အတွက် ... မြတ် စွာဘုရားနဲ့  တွေ့  ပြီး...မြတ် စွာဘုရားရဲ့  အဆုံးအမ တရားနာပြီးတာနဲ့  အမြင် မှန် ရပြီး သောတာပန် တည် တယ်... ဆက် လက် ပြီးတရားအားထုတ် တော့ ရဟန္တာကြီဖြစ် သွားးရတယ်။

ခုခေတ်မှာတော့ . တရားနာရုံသက် သက်.. တရားစာတွေ ကို ဖတ် နေ ရုံ သက် သက် နဲ့  တော့ မရနိုင် ဘူး။ လက် တွေ့  တရားကို ကျင့်ကြံပွားများအားထုတ် မှ သာ ရနိုင် တယ်။

ဥပမာ...မကျမ္မာတဲ့ လူနာဟာ ရောဂါပျောက် ချင် လို့  ဆရာဝန် သွားပြရာမှာ... ဆရာဝန် က ပေးလိုက် တဲ့  ဆေးကို မသောက် ပဲ၊ ဆေးညွုန်းကို ရွတ် ဖတ်နေရင် ၊ ပူဇော် နေ ရင့်  ရောဂါ မပျောက် နိုင် ဘူး... ဆေးကို လက် တွေ့ သောက် သုံးမှသာရောဂါပျောက် နိုင် သလို....ဲ တရားကို ရွတ် ဖတ် နေ ရုံနဲ့  တရားနာနေ ရုံ နဲ့  .. တကယ့်  အနစ္စ၊ ဒုက္ခ၊ အနတ္တ ကို မတွေ့  နိုင် ဘူး၊

၃၁ဘုံဘေးဆိုးကြီးက မလွတ်နိုင်ဘူး၊ ဗြဟ္မပြည် မှာတ၀င်းဝင်း၊ ၀က် စကျင်းမှာတရှုံ့  ရှုံ့  ဆိုတဲ့  ...မြတ်စွာဘုရားလက် ထက် က " ဗြဟ္မာကနေ အသက် ကုန် တော့ ၀က် မကလေးသွားဖြစ်သွား တာ" ကို မြတ် စွာဘုရားကမြင် တော့ ပြုံးတော် မူတဲ့  အကြောင်း စာတွေ မှာရှိတယ်...

တရားအားထုတ် မှ မဂ်ဉာဏ် ဖိုဉာဏ်ရမှာ.... ၃၁ဘုံဘေးဆိုးကြီးကလွတ် မှာတရားအားမထုတ် ပဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ကို မျက် မှောက်ပြုရပါလို၏လို ဆုတောင်းနေ ရုံနဲ့  မရနိုင် ဘူး။...

ဒါကြောင့်  ၀ိပဿနာ၊ သတိ ပဋ္ဌာန်တရားပွားများအားထုတ် ခြင်းသည် သာတခုထည်းသော..လွတ် မြောက် ရာလမ်းဖြစ် ပါတယ်။



ငြိမ်း အေး ကြ ပါစေ။

Thant Gyi

Views: 456

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service