ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သူ့ကိုချစ်ရင် သူ့ရဲ့ကျေးကျွန်

“ သူ့ကိုချစ်ရင် သူ့ရဲ့ကျေးကျွန် ”


ကိုယ်ချစ်တဲ့သူရဲ့ နာရေးနဲ့ ကိုမချစ်တဲ့သူရဲ့ နာရေး ဘယ်နာရေး ဖတ်ပြီး စိတ်ဆင်းရဲ့ ရမယ်ထင်လဲ။ ကိုယ်ချစ်တဲ့ သူရဲနာရေး ဖတ်ပြီးတော့ပဲ စိတ်ဆင်းရဲရတယ်နော်။

ကိုင်း...ဒါဆိုရင်ချစ်တဲ့သူကြောင့် ဒုက္ခဖြစ်တာလား မုန်းတဲ့သူကြောင့် ဒုက္ခဖြစ်တာလား။ ချစ်တဲ့ သူကြောင့် ဒုက္ခဖြစ်မှာပေါ့နော်။ သြော်လို့ မပြောတော့ဘူးနော်။ ကိုယ့်ဘာသာကိုယ် ဥာဏ်လေး ထည့် ပြီးတော့ သေသေချာချာ လေးလေးနက်နက် စဉ်းစားပါ။

■ သာမန်ကြည်လိုက်လို့ ရှိရင် ကိုယ့်ကို ဒုက္ခပေးနေတာ မုန်းတဲ့သူတွေ၊ မုန်းတဲ့သူတွေကြောင့် ငါဘ၀ပျက်စီးရတယ်၊ ငါ့စိတ်တွေ ဆင်းရဲ ရတယ်။ ဒီလိုပဲထင်နေကြတာ တကယ်တော့ အနီးကပ် နှိပ်စက်နေတာက ကိုယ်ချစ်တဲ့သူတွေပဲလေ။ မုန်းတဲ့သူကို မြင်ရတွေ့ရ မုန်းရတဲ့သူရဲ့ အသံတွေ ကြားရ မုန်းတဲ့သူနဲ့ ပတ်သက်ရလို့ စိတ်ဆင်းရဲရတာကျတော့ ခံလို့မကောင်းဘူး။ ခံလို မကောင်းတော့ မုန်းတဲ့သူကြောင့်စိတ်ဆင်းရဲမှန်း သိတယ်။

■ ချစ်တဲ့သူကိုမြင်ရ တွေ့ရ ကြားရ သိရ ချစ်တဲ့သူတွေ့နဲ့ ပတ်သက်ရ ဆက်ဆံရ ထိတွေရလို့ စိတ်ဆင်းရဲ ရတာမျိုးကျတော့ ခံလို့ကောင်းတော့ ဆင်းရဲရဲ့လား မထင်ဘူးနော်။ ဟုတ်တယ်ဟုတ်။ ခံကောင်းကောင်းနဲ့ ခံနေရတာပေါ့။ ချစ်တဲ့သူတွေနဲ့ ပတ်သက်လို့ ဆင်းရဲခံရတာက ကောင်းကောင်း ခံရတာ မုန်းတဲ့သူတွေ့နဲ့ပတ်သက်လို့ ဆင်းရဲခံရတာက ဆိုးဆိုးခံရတာ။ ကောင်းကောင်းခံရတာနဲ့ ဆိုးဆိုးခံရတာ ဘယ်လိုခံရတာ ကောင်းတုံး။ အမှန်အတိုင်း ပြောကြည်မယ် ဆိုရင်တော့ ကောင်းကောင်း ခံရတာ ကောင်းတယ် မဟုတ်လား။

■ ကောင်းကောင်းခံ ခံကောင်းကောင်းဆိုတော့ ခံနေရတယ်လို့ မထင်ဘူးလေ။ တစ်နေ့ မိုးလင်းကနေ မိုးချုပ်အထိ တစ်နေ့လုံး စားချိန်တောင် မမှန် အိပ်ချိန်တောင် မမှန် ပင်ပင်ပန်းပန်းနဲ့ ရှာဖွေနေရတာ ဘယ်သူ့အတွက်တုံး။ မုန်းတဲ့သူအတွက်လား ချစ်တဲ့သူတွေအတွက်လား။ ချစ်တဲ့သူအတွက်ပေါ့လို ဖြေမှာပေါ့နော်။

■ အဲဒီတစ်ချက်တည်းနဲ့ကို ချစ်တဲ့သူတွေ နဲ့ ဝေးလေးကောင်းလေလို့ တွေးရော တွေးမိရဲ့လား။ တစ်ခါတစ်ရံတော့ တွေးမိမှာပေါ့နော်။ ချစ်တဲ့သူတွေကြောင့် သိပ်စိတ်ညစ်ရတဲ့အခါ တွေမျိုး သိပ်စိတ်ဆင်းရဲရတဲ့ အခါတွေမျိုးမှာတော့ သူတို့နဲ့ ဝေးလေကောင်းလေ လို့တွေးမိကြ မှာပေါ့။ အဲဒီလိုဖြစ်တဲ့အချိန် တွေးမိတာက သံဝေဂနဲ့ တွေးမိတာ မဖြစ်နိုင်ဘူး ဒေါသဒေါမနဿနဲ့ တွေးတာပိုဖြစ်လိမ့်မယ်။ စိတ်ဆင်းရဲမှုဆိုတဲ့ ဒေါမနဿက ကြောက်ရွံ ထိတ်လန့်မှုဆိုတဲ့ သံဝေဂ အယောင်ဆောင် နေတတ်ပါတယ်။စိတ်ဆင်းရဲပြီးလောကကြီးကို မကျေမနပ်ဖြစ်နေတာကို သံဝေဂဖြစ်နေတယ် လောကကြီးကို ငြီးငွေ့ နေတယ် လို့ထင်နေတတ်တယ်လေ။

■ ချစ်တဲ့သူကြောင့် အကြီးအကျယ် စိတ်ဆင်းရဲ့ ရမှဒုက္ခမဟုတ်ဘူး။ သာမန် စိတ်ဆင်းရဲရလည်း ဒုက္ခပဲ၊သာမန ၀မ်းနည်းလည်း ဒုက္ခပဲ၊ စိတ်မဆင်းရဲရ ၀မ်းမနည်းရတောင် သူတို့ အတွက်ရုန်းကန် လှုရှားနေရတာ သူတို့ဆန္ဒ္ဒ ဖြည့်ဆည်းပေးနေရတာ သူတို့ကို သတိရ တမ်းတနေရတာကိုက ဒုက္ခ ပဲလို့ ဥာဏ်နဲ့လေးလေးနက်နက် သိမြင်သဘောပေါက်မှ သံဝေဂ အစစ်လို့ခေါ်နိုင်ပါတယ်။

■အကြီးအကျယ် စိတ်ဆင်းရဲရမှာ အကြီးအကျယ်ဝမ်းနည်းရမှ တဒင်္ဂ တစ်ခဏ ကြောက်ရွံ့သလိုဖြစ်တာ သံဝေဂအစစ်မဟုတ်ပါဘူးအတုပါ။ ငြီးငွေ့တဲ့အသွင်းနဲ့ ဒေါမနဿက သံဝေဂယောင်ဆောင်ထားတာပါ။ အရာရာကိုသတိ ဥာဏ်နဲ့ အကြောင်းအကျိုး ဆက်စပ်ပြီး လေးလေးနက်နက် သဘောပေါက်မှ သံဝေဂအစစ် ဖြစ်နိုင်ပါတယ်။

တကယ်ကိုယ်က ချစ်နေတော့သူတို့ခိုင်းသမျှ လုပ်ပေးရ သူတို့စားဖို့ ရှားပေးရနဲ့ သူ့ကိုချစ်ရင် သူ့ရဲ့ ကျေးကျွန်ဖစ်လို့ဖြစ်နေမှန်ကို မသိ ဖြစ်နေရောပေါ့။

 

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏

“သံဝေဂဉာဏ်ရင့်သန်ဖို့ ချစ်ခြင်းတရားကို ဆင်ခြင်သုံးသပ်ခြင်း” မှ

Views: 241

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service