ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်း မင်္ဂလာ

( ၃၅ ) ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ၊ လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်း မင်္ဂလာ

လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

 

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ကို အုပ်စိုးသော ဗာရာဏသီမင်းဝယ် သားတော်တစ်ပါး ရှိသည်။ ဗြဟ္မဒတ်ဟု အမည်တွင်သည်။ ဗြဟ္မဒတ်မင်းသားသည် အခြံအရံ ပေါများလှသဖြင့် မင်းကြီးသည် မယုံသင်္ကာ ဖြစ်လာသည်။ မိမိ၏နန်းကို လုယူလိမ့်မည်ဟူ၍ စိုးရိမ်လာသည်။ သို့ဖြင့် မင်းသားကို တိုင်းနိုင်ငံမှ နှင်ထုတ်လိုက်လေသည်။

 

မင်းသားသည် ဟိမ၀န္တာတောသို့ သွားရောက်နေထိုင်မည်ပြုသည်။ ထိုမင်းသားတွင် အသိတာဘူ အမည်ရှိ ကြင်ယာတော်မင်းသမီး ရှိသည်။ အသိတာဘူသည် လှပတင့်တယ်ရုံမက စိတ်ထားကောင်းမွန်သည်။ လာဘ်ရခြင်း မရခြင်း၊ အခြွေအရံ ရှိခြင်း မရှိခြင်း၊ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း တည်းဟူသော လောကဓံတရား ၈-ပါးကို ခံနိုင်စွမ်းရှိသည်။ ထို့ကြောင့် ပြည်မှ ထွက်ခွါရသည်ကို ၀မ်းမနည်း။ မညဉ်းညူ။ သစ္စာရှိစွာဖြင့် မင်းသားနှင့်အတူ လိုက်ပါ နေထိုင်သည်။

 

သူတို့မောင်နှံသည် ဟိမ၀န္တာတောရှိ သင့်တင့်လျောက်ပတ်သော အရပ်ဒေသ၌ သစ်ရွက်မိုး တဲကလေး ထိုးကာ နေထိုင်ကြသည်။ မနီးမဝေး အရပ်တွင် ရသေ့ကြီးတစ်ပါးလည်းရှိသည်။ ရသေ့ကြီးသည် တရားကို ပြင်းစွာ အားထုတ်နေထိုင်သည်။ မင်းသားတို့ဇနီးမောင်နှံသည် တောတွင်းရှိ သစ်သီးများနှင့် အမဲသားငါးတို့ကို ရှာဖွေစားသောက်နေထိုင်ကြသည်။

 

တစ်နေ့သ၌ မင်းသားသည် တောတွင်းတစ်နေရာ၌ ကိန္နရီမတဦးကို တွေ့သည်။ တပ်မက် သွားသည်။ ကိန္နရီမကို သိမ်းပိုက်၍ မယားပြုရန် ကိန္နရီမနောက်သို့ ခြေရာခံ၍ လိုက်သည်။ အသိတာဘူ မင်းသမီးကို ထားခဲ့သည်။

 

မင်းသမီးသည် လောကဓံတရားကို နားလည်သူဖြစ်သောကြောင့် မင်းသားပစ်သွားသော်လည်း ၀မ်းမနည်း။ ပူဆွေးခြင်း မဖြစ်။ မနီးမဝေးအရပ်ရှိ ရသေ့ကြီးထံ သွားသည်။ တရားအားထုတ်နည်းကို သင်ယူကာ ကြိုးစား၍ တရားအားထုတ်သည်။ မကြာမီပင် အောင်မြင်သွားသည်။ ဈာန်တန်ခိုး ရသွားသည်။ ဤတွင် ရသေ့ကို ရှိခိုးကာ မိမိနေထိုင်ရာ တဲသို့ ပြန်၍ နေထိုင်သည်။

 

ဗြဟ္မဒတ်မင်းသားသည် ကိန္နရီမ နောက်သို့လိုက်ရာ မအောင်မြင်။ ဖမ်းမိမလိုလိုနဲ့ လွတ်သွားသည်။ မျက်ခြည်ပြတ်သွားသည်။ ဤတွင် မင်းသမီးထံ ပြန်လာသည်။ မင်းသမီးသည် မင်းသားကို မြင်လျှင် ဈာန်တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက်လိုက်သည်။

 

အရှင့်သား၊ သင့်ကြောင့် ငါသည် တရားအားထုတ်နိုင်ကာ ဈာန်ချမ်းသာကို ရရှိသွားပြီ။ သင့်ကို ငါ အလိုမရှိတော့ပြီ-ဟု ဆိုကာ ကောင်းကင်ခရီးဖြင့် အရပ်တစ်ပါးသို့ ငြိမ်းအေးစွာ ပျံသွားလေသည်။ မင်းသားမိုက်သည် နောင်တရကာ ကျန်ရစ်လေသတည်း။

 

အကိုး။ ။ ၅၅၀-အသိတာဘူဇာတ်။

( မင်းယုဝေ)

(မြတ်မင်္ဂလာ ၂၀၀၄-ခု ဇွန်လ)

 

Views: 121

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service