ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

လာဘ်လာဘအပေါ်၌ တွယ်တာမက်မောမှု ပပျောက်ရေး

လာဘ်လာဘအပေါ်၌ တွယ်တာမက်မောမှု ပပျောက်ရေး

တချို့တချို့သော ပုဂ္ဂိုလ်တွေက လာဘ်လာဘကို သိပ်ပြီး လိုချင်ကြတယ်။ လာဘ်လာဘအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီစိတ်ဓာတ်ကိုကုန်ခန်း သွားချင်တယ်ဆိုလို့ရှိလျှင် ဘာလုပ်ရမလဲ? အနိစ္စသညာကို ခပ်များများ ပွားပေးရတယ်။ ဘာအနိစ္စလဲလို့ မေးတော့? ခန္ဓာငါးပါး။ ဘယ်ခန္ဓာငါးပါးလဲ? 


မိမိသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရား။ ဗဟိဒ္ဓ များထိုထို ပုဂ္ဂိုလ်သန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရား။ ဒီရုပ်နာမ်တို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ သဘာဝတွေ, ပျက်နေတဲ့ သဘာဝတွေကို ဥာဏ်နဲ့မြင်အောင်ကြည့်ပြီး အနိစ္စလို့ တွင်တွင်ရှုရတယ်။  

 

အတိတ် ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့ကိုလည်း ပုံစံတူပဲ အနိစ္စလို့ ရှုပေးပါ။ ဒါတွင်လားဆိုတော့ မကသေးဘူး။ မိမိက ဘယ်လာဘ်လာဘအပေါ်မှာ တွယ်တာမက်မောနေသလဲ? ရွှေတို့ စိန်တို့ ဆိုကြပါစို့။ ဒီပရမတ္ထသစ္စာ နယ်ကနေပြီးတော့ ပရမတ်မျက်လုံးနဲ့ ရှုကြည့်ပါ။

 

အာနာပါနနဲ့ စတုတ္ထဈာန် သမာဓိဆိုက်အောင် ထူထောင်ထားနိုင်တဲ့, ရုပ်တွေနာမ်တွေကိုလည်း အဇ္ဈတ္တဗဟိဒ္ဓ သိမ်းဆည်းနိုင်တဲ့ ပုဂ္ဂိုလ်က ဒီရွှေဆိုတဲ့ အရာဝတ္ထုကို ဥာဏ်လင်း ရောင်ခြည် အကူအညီနဲ့ လှမ်းပြီး ထိုးစိုက်လိုက်, ရွှေမှာ တည်ရှိနေတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းလိုက်လျှင် ရွှေဆိုတာ မတွေ့တော့ဘဲ ရုပ်ကလာပ် အမှုန်တို့ရဲ့ အပေါင်းအစုအဖြစ် တွေ့ပြီ။ အဲဒီ ကလာပ်ကလေးတွေကို ဓာတ်ခွဲလိုက်လျှင် ကလာပ်တစ်ခုတစ်ခုမှာ ပထ၀ီ, အာပေါ, တေဇော, ၀ါယော, အဆင်း, အနံ့, အရသာ, သြဇာဆိုပြီး သဘောတရား ရှစ်ခုစီရှိတယ်။

 

အဲဒီ သဘောတရားရှစ်ခုသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်နေတယ်။ အဲဒီလို ပျက်နေတဲ့ သဘာဝကို ၀ိပဿနာဥာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနိစ္စလို့ တွင်တွင်ရှုပေးပါ။ ရွှေဆိုတာ မတွေ့တော့ဘူးဆိုလျှင် အနိစ္စသဘာဝကိုသာ ဆက်တိုက်တွေ့နေပြီဆိုလျှင် ရွှေအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီတဏှာ စိတ်ဓာတ်သည် ရှုံ့သွားလိမ့်မယ်၊ တွန့်သွားလိမ့်မယ်လို့ ဒီလို ဟောကြားထားတော်မူပါတယ်။ အလားတူပဲ စိန်တို့ ဘာတို့လည်း ပုံစံတူပဲ ရှုပါ။

 

ဝိပဿနာသာ ရှုနိုင်ပါစေ၊ မိမိ တွယ်တာမက်မောနေတဲ့ သက်မဲ့ ကာမ၀တ္ထု အစုစုတွေကိုလည်း ဓာတ်လေးပါးသိမ်းဆည်းပြီး ဒီလို စနစ်တကျ ရှုနိုင်လျှင် ဒီသက်မဲ့ ကာမ၀တ္ထု အစုစုအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီတဏှာတရားသည် နောက်ကို တွန့်ဆုတ်သွားလိမ့်မယ်။

 

အလားတူပဲ အဇ္ဈတ္တ ဗဟိဒ္ဓမှာ တည်ရှိနေကြတဲ့ သက်ရှိ ရုပ်တရား နာမ်တရားတွေ အပေါ်မှာ တွယ်တာမက်မောနေတယ်ဆိုလို့ရှိလျှင်လည်း ဒီတွယ်တာမက်မောနေတဲ့ အဇ္ဈတ္တဗဟိဒ္ဓမှာ တည်ရှိတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းပြီး အနိစ္စလို့သာ တွင်တွင် ရှုနေပါ။ တွယ်တာမက်မောနေတဲ့ ဒီစိတ်ဓာတ်သည် နောက်ကို တဖြည်းဖြည်း တွန့်ဆုတ်သွားလိမ့်မယ်။

ဖားအောက်တောရဆရာတော်

 

Views: 160

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service