ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“ ကံတူသော်လည်း အကျိုးပေးမတူခြင်းအကြောင်း ”

“ ကံတူသော်လည်း အကျိုးပေးမတူခြင်းအကြောင်း ”


မေး - ကဿပဘုရားရှင် လက်ထက်က ရဟန်းတပါးသည် အနှစ်နှစ်သောင်း ရဟန်းတရားကို အားထုတ်ခဲ့ သော်လည်း သေခါနီး၌ မြက်ပင်တို့ကို မတော်တဆ နှုတ်မိသော ၀ိနည်းပြစ်ကို အမှတ်ရ၍ ဘုရားနှစ်ဆူကြား ကာလပတ်လုံး တိရိစ္ဆာန် နဂါးဘ၀ ဖြစ်ရခြင်း၊

မလ္လိကာ မိဖုရားကြီးသည် ကြီးကျယ်သော အသဒိသဒါန ( အတုမရှိသော အလှူဒါန ) ကြီးကို ပေးလှူခြင်းစသော များစွာသော  ကုသိုလ်များပြုခဲ့ပါလျက် သေခါနီးကာလတွင် ပြုခဲ့ဖူးသော အကုသိုလ် အပြစ်အနည်းငယ်ကို မပြုလုပ်ပါဟု ကောသလမင်းကြီးအား မုသား စကား ပြောကြားခဲ့သည်ကို  အမှတ်ရ၍ (၇) ရက် ငရဲဒုက္ခ ခံရခြင်း၊

တိဿရဟန်းသည် သေခါနီးကာလ၌ မိမိသင်္ကန်းကို စွဲ၍ (၇) ရက် သန်းပြိတ္တာဖြစ်ရခြင်းတို့တွင် သေးငယ်သော အပြစ်ချင်း တူပါလျက် အဘယ့်ကြောင့် မြက်ပင်နှုတ်မိသော ရဟန်းက အချိန်ကြာမြင့်စွာ တိရိစ္ဆာန်ဖြစ်ရပါသနည်း ….။

အဖြေ - ဒါက ဘ၀မှာ ဖြစ်စေတဲ့ အကြောင်းလေးတခုသာ ရည်ညွန်းပြောတာ၊ ဒီပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းက မတူဘူး၊ ပတ်ဝန်းကျင် အခြေအနေတွေချင်းက မတူညီကြဘူး၊  ပုဂ္ဂိုလ် တယောက်နဲ့ တယောက်ဟာ တိုင်းတာလို့ မရနိုင်ဘူး၊ အခု ဒီသင်တန်း တက်နေကြတဲ့ သူတွေတောင်မှ တစ်ယောက်နဲ့ တစ်ယောက် အရည်အသွေးချင်း၊ သဘောထားချင်းက တူလို့ မရဘူးလေ၊ ကွဲပြားခြားနားမှုတွေ အမြဲတမ်း ရှိနေတတ်တယ်၊

အဲဒီ မတူညီတဲ့ သဘောတွေကို တူတယ်လို့ သွားပြီး ယူဆလို့ ရှိရင် မှားသွားမှာပေါ့၊ မတူတဲ့ အခြားအခြေအနေတွေကို ထည့်သွင်းပြီးတော့ စဉ်းစားရမယ်၊

ခုနတုန်းက အနှစ်နှစ်သောင်းရဟန်းတရား အားထုတ်ပြီးတဲ့အခါမှာ နဂါးဘုံ ရောက် သွားတယ် ဆိုတာက နဂါးဘ၀က အသက်ရှည်တဲ့ ဘ၀မျိုးကို ရောက်သွားသည့် အတွက်ကြောင့်ပဲ၊ ပြီးတော့ နဂါးဘ၀ကလဲ တပိုင်းကနတ်နဂါး ဆိုတော့ စည်းစိမ်ချမ်းသာက တစ်ဖက်ရှိနေတဲ့ အနေအထားတခုပေါ့၊ အဲဒီလို အနေအထားရှိတဲ့ ဘုံဘ၀ရောက် သွားတော့ သူ့သက်တမ်း life span
အတိုင်း သွားတော့တာ၊ သူက ကံတင် မကဘူး၊ စိတ်၊ ဥတု၊ အာဟာရ တွေရော ဖန်တီး လာတာ၊

သန်းဖြစ်တဲ့ ကိုယ်တော်ကျတော့ သန်းဆိုတာက သက်တမ်းရှည်တဲ့ ဘ၀မဟုတ်ဘူး၊ တိုတောင်းတဲ့ ဘ၀၊ သူ့ရဲ့ဗီဇ ရောက်လာတဲ့ ဘ၀ရဲ့အခြေအနေတွေကလည်း ထည့်ပြီး စဉ်းစားရအုံးမယ်၊

ပြီးတော့ မလ္လိကာ မိဖုရားကြီး ငရဲကျတယ်၊ ငရဲ ဆိုတဲ့သဘောက ငရဲပြည်မှာသက်တမ်းသက်သက် မရှိဘူး၊

ကံသည်ပင် သူတို့ရဲ့ သက်တမ်းပဲ၊ သူ့ကံရဲ့ အရှိန်ကုန်တာနဲ့ ချက်ချင်းလွတ်တယ်၊ ကံအရှိန် မကုန်သေးသမျှတော့ ဆက်သွားနေမှာပဲ၊ ဘယ်တော့ မှ သေတယ် လို့ မရှိဘူး၊

“ န စ တာဝ ကာလံ ကရောတိ၊ ယာဝ န တံ ပါပကမ္မံ ဗျန္တီ ဟောတိ ” ကံမကုန်သေးသမျှ ဘယ်ငရဲသားမှ ဘယ်တော့မှ သေတယ် လို့ မရှိဘူး၊ ဘယ်လောက် ညှင်းဆဲ ညှင်းဆဲ၊ ဘယ်လောက် ဒုက္ခတွေ ရောက်ရောက်၊ ကံမကုန်သေးလျင် မသေ ဘူး လို့ ဆိုတယ်၊ အဲဒီတော့ ကိုယ်လုပ်ခဲ့တဲ့ ကံသည်ပင် ငရဲပြည်ရဲ့ life span ပဲ၊ သက်တမ်းတစ်ခုပဲ၊

အဲဒီတော့ လူမှာ အကြောင်းတခုထဲကို မကြည့်ပဲနဲ့ အခြား အခြေအနေကောင်းတွေ၊ အခြေအနေ မကောင်းတာတွေ အများ ကြီး ရှိသေးတယ် ဆိုတာ ထည့်သွင်းပြီးတော့ စဉ်းစားရမယ်၊

သူလည်း ကောင်းတာလုပ်တာပဲ၊
ငါလည်း ကောင်းတာလုပ်တာပဲ၊
သူလည်း မကောင်းတာလုပ်တာပဲ၊
ငါလည်း မကောင်း တာ လုပ်တာပဲ၊
အကျိုးပေးခြင်းကျတော့ တူတယ်၊
မတူဘူး လို့သွားပြောလို့ မရဘူး၊
ရာဇ၀တ်မှုတစ်ခု ကျူးလွန်တာ တောင်မှ လွတ်တဲ့သူက လွတ်သွားတာပဲ၊ ခံရတဲ့သူက ခံရတယ်လေ၊ ဘာဖြစ်လို့တုန်းဆိုတော့ အခြေအနေချင်း မတူညီလို့၊ ၀ဋ်ကြွေးပါ လာရင် အကုသိုလ်အကျိုးပေးချိန်ကျလာရင် ခံရတာပဲ၊ မလွတ်နိုင်ဘူး၊ ဒါကိုတော့ အခြေအနေလို့ ခေါ်တယ်၊

လောဏကပလ္လသုတ်မှာ ဘာဟောထားသလဲ ဆိုတော့ မြတ်စွာဘုရားက ဆားခဲလေးတစ်ခုကို ဖန်ခွက်တခုထဲမှာ ရှိတဲ့ ရေထဲကို ထည့်လိုက်လို့ရှိရင်  အဲဒီရေသည် သောက်မရအောင် ငန်သွားနိုင်တယ်၊ သို့သော် အဲဒီ ဆားခဲကိုပဲ ရေကန်ကြီး တစ်ခုထဲ၊ မြစ်ထဲမှာ ထည့်လိုက်မယ် ဆိုရင် ဘာအရသာမှ မပေါ်ဘူး၊ ဘာမှကို ထူးခြားမလာဘူး၊

အဲဒီလိုပဲ လူတွေမှာလဲ တစ်ချို့ပုဂ္ဂိုလ်တွေမှာ ကောင်းတာတွေ လုပ်ထားတာတွေက အများကြီး၊ မကောင်းတဲ့ အကုသိုလ် မတော်တဆ လုပ်မိအုံး၊ သူကျတော့ ပျောက်သွားတယ်၊ အကုသိုလ်က အကျိုးမပေးဘူး ၀င်မလာတော့ဘူး၊

တစ်ချို့ကျတော့ ကောင်းတာက မရှိဘူး၊ မကောင်းတာတွေက များနေတယ် ဆိုလျင် ခုနက ဆားခဲကို ဖန်ခွက်ထဲက ရေထဲ ထည့်လိုက်သလိုပဲ၊ သူ့ကျတော့ ပိုခံရတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူ့မှာ အခြေအနေကောင်းတွေ မရှိဘူး၊ အဲဒီသဘော တွေကို ထည့်စဉ်းစားကြည့်လိုက်မယ် ဆိုရင် ကံက အကျိုးပေးတယ် ဆိုတဲ့ နေရာမှာလည်း အခြေအနေတွေပေါ်မှာ မူတည် တယ်၊

တစ်ဦးနဲ့ တစ်ဦးဟာ အခြေအနေတွေချင်း မတူဘူး၊ မတူလျင် အကျိုးပေးတာချင်းလဲ မတူညီနိုင်တော့ဘူး၊ အဲဒီသဘောကို နားလည်မှသာ ကံအကြောင်းတရားတွေကို လက်ခံ ယုံကြည်နိုင်မှာ ဖြစ်ပါတယ်။

- ( ပါမောက္ခချုပ်ဆရာတော်ကြီး အရှင်နန္ဒမာလာဘိဝံသ)

Views: 273

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service