ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဝန်ချတောင်းပန်ခြင်းနှင့် ခွင့်လွှတ်ခြင်း

“၀န်ချတောင်းပန်ခြင်းနှင့် ခွင့်လွှတ်ခြင်း”

လူတိုင်းဟာ အမြဲတမ်းအဆင်ပြေသင့်မြတ်နေတာတော့ မဟုတ်ပါဘူး။တစ်ခါတစ်လေ အဖုအထစ် လေးတွေ ပေါ်လာတတ်ပါတယ်။ အဲဒီအချိန်မှာ “မာနတွေ”၀င်လာပြီး အခြေအနေတွေ တင်းမာ လာမယ်ဆိုရင် ရန်ငြိုးဆိုတဲ့ အဖုအထစ်ဟာ ကြီးသထက်ကြီးလာတတ်ပါတယ်။

ထိုသို့မဖြစ်အောင် အကောင်းဆုံးလုပ်ဆောင်နည်းကတော့ ဘုရားဟောတဲ့ တရားသဘောနဲ့ အပြစ်ကြော ဆင်ခြင်ကာ မာနကို ခ၀ါချလို့ ရိုးသားစွာဝန်ခံတောင်းပန်လိုက်ပါ။

တစ်ဖက်သားကလည်း မေတ္တာရှေ့ထား၊ သင့်မြတ်ခြင်းဟာ အကောင်းဆုံးတရားပဲလို့ သဘော ထားကာ နားလည်ခွင့်လွှတ်ပေးလိုက်ပါ။ ဘုရားရှိစဉ်အခါက ရဟန်းနှစ်ပါးဟာ ငြင်းခုံစကားများရင်း တစ်ပါးက အလွန်အကျွံပြောဆိုမိပါတယ်။ ကိုယ်အလွန် အကျွံပြောဆိုမိတာကို သိလိုက်တဲ့ အခါမှာတော့ တစ်ဖက်ရဟန်းကို တောင်းပန်လိုက်ပါတယ်။

သို့သော် တစ်ဖက်ရဟန်းက သည်းခံခွင့်လွှတ်ခြင်းမရှိပါ။ အဲဒီအကြောင်းကို အခြားရဟန်းတွေက ဘုရားရှင်ကို လျှောက်တင်ပါတယ်။
ဘုရားရှင်က “ရဟန်းတို့ “လူမိုက်”ဟာ နှစ်မျိုးရှိတယ်။
♦ အပြစ်ကို အပြစ်လို့ မမြင်သူနှင့်
♦ အပြစ်ကို တောင်းပန်တဲ့အခါ တရားအလျှောက်  လက်မခံသူတို့ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် “ပညာရှိ” ဟာလည်းနှစ်မျိုးရှိပါတယ်။
♦ အပြစ်ကို အပြစ်လို့ မြင်သူနဲ့
♦ အပြစ်ကိုတောင်း ပန်တဲ့အခါ တရားအားလျော်စွာ လက်ခံသူတို့ပဲ ဖြစ်တယ်။”

ရဟန်းတို့ ရှေးတုန်းက ဖြစ်ဖူးသည်မှာ နတ်တို့အရှင်သိကြားမင်းဟာ သုဓမ္မာနတ်သဘင်မှာ
နတ်တို့ကို ဆုံးမလိုတဲ့အတွက်ကြောင့် ထိုသို့ပြောခဲ့ပါတယ်။
“အမျက်ဒေါသဟာ သင်နတ်သားတို့ရဲ့အလိုကို မလိုက်ပါစေနဲ့၊ သင်နတ်သားတို့အား အဆွေ ခင်ပွန်းတို့ဖြင့် မိတ်မပျက်စေလင့်၊ မကဲ့ရဲ့ထိုက်သူကို မကဲ့ရဲ့ကြကုန်လင့်၊ ကုန်းတိုက်စကားကို မဆိုကြကုန်လင့်။ ထိုသို့မဟုတ်ခဲ့သော် ထိုအမျက်ဒေါသဟာ လူယုတ်ကို တောင်ကဲ့သို့ လွမ်းမိုးနှိမ်နင်းနိုင်၏။”
- (အစ္စယသုတ်)

ဒါကြောင့် ဓမ္မမိတ်ဆွေများ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ မည်သည့်ကိစ္စပဲဖြစ်ဖြစ် အတူနေမိတ်ဆွေ အချင်းချင်း အဖုအထစ်လေးတွေ ပေါ်လာတဲ့အခါမှာ
● ပညာရှိပီသစွာဖြင့် အပြစ်ကို သိပြီး ၀န်ခံလိုက်ပါ။
● ကိုယ့်အပေါ်တောင်းပန်လာလျှင်လည်း ကျေကျေ နပ်နပ်ဖြင့် မေတ္တာစိတ်ဓာတ်နဲ့ သည်းခံ ခွင့်လွှတ်လိုက်ပါ။ ဒါဆိုရင် အဖုအထစ်လေးတွေ ပျောက်သွားပါလိမ့်မယ်။

- (ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ)

Dhamma Danã Source ►

 

Views: 150

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service