ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

စိတ်ထားတတ်ရင် ပါရမီဆယ်ပါး ဖြည့်ပြီးသားဖြစ်

စိတ်ထားတတ်ရင် ပါရမီဆယ်ပါး ဖြည့်ပြီးသားဖြစ်

 

တစ်ခါတုန်းက ဗာရာဏသီပြည် ကာသိရွာမှာ လယ်သမားပုဏ္ဏားတစ်ယောက်ဟာ နွားပျောက် တာကို လိုက်ရှာရင်း ရှာရင်းနဲ့ တောထဲမှာ မျက်စိလည်သွားပါတယ်။ ကြာလာတော့ မောလာပါတယ်။ တည်ပင် တစ်ပင်တွေ့တော့ တည်ပင်ပေါ်တက်ပြီး ဆာလည်းဆာနေတာနဲ့ တည်

 

 ပင်ပေါ်မှာပဲ တည်သီးကို စားပါတယ်။ စားနေရင်းပဲ အောက် ချောက်တွင်းထဲကို ပြုတ်ကျသွားပါတယ်။ ချောက်တွင်းထဲ ကျသွားတော့ အစာကပိုငတ်သွားပါတယ်။ အဲဒီ အချိန်မှာ ဘုရားအလောင်းတော်က မျောက်မျိုးမှာ ဖြစ်နေပါတယ်။ အစာရှာထွက်ရင်း ချောက်တွင်းထဲ ကျနေတဲ့ ပုဏ္ဏားကို တွေ့သွားပါတယ်။ ဘုရားအလောင်း မျောက်အနေနဲ့ ချောက်တွင်းထဲဆင်းပြီး ကယ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဆင်းကယ်ရင် ကိုယ်ပါပြန်တက်လို့ ရတော့မှာ မဟုတ်ပါဘူး။

 

 ဘုရားအလောင်း မျောက်မင်းက ဉာဏ်သုံးပြီး ကယ်ပါတယ်။ အနီးအနားမှာရှိတဲ့ ကျောက်ခဲတွေကို ချောက်တွင်းထဲ ပစ်ပစ်ချပေးပါတယ်။ ခဲတစ်လုံးပစ်ချလိုက် ပုဏ္ဏားက ခြေထောက်ကိုမပြီး ခဲလုံးလေးကို ခြေထောက်အောက် သွင်းထားလိုက်နဲ့ ကြာလာတော့ ခဲတွေပြည့်လာပြီး ပုဏ္ဏားလည်း အပေါ်တက်လို့ ရသွားပါတော့တယ်။ ဒါပေမယ့် ဘုရားအလောင်း မျောက်မင်းခမျာ တွင်းတစ်တွင်းစာ ခဲတွေပစ်ချ ပေးလိုက်ရတော့ တော်တော်လေး မောပန်းသွားပါတယ်။ ဒါကြောင့် ပုဏ္ဏားကို ခဏလှဲပါရစေဆိုပြီး အိပ်ပျော်သွားပါတယ်။

 

 ထိုအခါ ပုဏ္ဏားက အိပ်ပျော်နေတဲ့ မျောက်မင်းကိုကြည့်ပြီး “ ဒီမျောက်ကိုသတ်ပြီး အိမ်ကို သယ်သွားရင် မိသားစု စားလို့ရမှာပဲ ” လို့ တွေးမိပါတယ်။ ဒါကြောင့် အနီးမှာရှိတဲ့ ကျေက်ခဲနဲ့ မျောက်မင်းရဲ့ခေါင်းကို ထုချလိုက်ပါတယ်။ ဒါပေမယ့် ချောက်ထဲကျပြီး အစာငတ် ရေငတ်နဲ့ အားပျော့နေတာဆိုတော့ သေလောက်အောင် အင်နဲ့အားနဲ့ မထုလိုက်နိုင်ပါဘူး။ မျောက်မင်းလည်း အထုခံလိုက်ရတာနဲ့ သစ်ပင်ပေါ် ပြေးတက်လိုက်ရပါတယ်။ ပုဏ္ဏားရဲ့ လက်ချက်ကြောင့်ပဲ ခေါင်းမှာ သွေးတွေ တစ်စက်စက် ကျလာပါတယ်။

 

 ပုဏ္ဏားဟာ သူ့အစွမ်းအစနဲ့ ဘယ်လိုမှ တောထဲကထွက်ပြီး ရွာကိုရောက်အောင် မပြန်နိုင်ပါဘူး။ ဒါကိုသိတဲ့ ဘုရားအလောင်း မျောက်မင်းက “ ပုဏ္ဏား.. ဒီတောဟာ သိပ်ထူထပ်တယ်၊ ငါက သစ်ပင်ပေါ်က လမ်းပြမယ်၊ သင်က အောက်က လိုက်ခဲ့ပါ ” လို့ ပြောပြီး တောအုပ် အပြင်ဘက် ရွာအနီးအထိ လိုက်ပို့ပေးပါတယ်။

 

 လယ်တီဆရာတော်ဘုရားကြီးက ဒီဝတ္ထုလေးကို ထုတ်ပြပြီး ပါရမီဆယ်ပါး ပါပုံကို ဖွင့်ပြပါတယ်။

 ၁။ ပုဏ္ဏားရဲ့ အသက်ကို ကယ်လိုက်တာက ဒါနပါရမီပါ။

 

 ၂။ ပုဏ္ဏားက ခေါင်းကို ကျောက်ခဲနဲ့ထုပေမယ့် ပြန်ပြီး လက်တုံ့မပြန်တာ၊ ကြမ်းကြုတ်တဲ့စကား တွေကို မပြောမိအောင် ထိန်းသိမ်းတာက သီလပါရမီပါ။

 

 ၃။ တစ်စုံတစ်ရာ လောကီအကျိုးကို မတောင့်တဘဲ ပုဏ္ဏားကို ကယ်တင်လိုက်တာက နေက္ခမ္မ ပါရမီပါ။

 

 ၄။ ပုဏ္ဏားကို ချောက်တွင်းထဲကနေ အပေါ်ရောက်အောင် ဘယ်လိုကယ်ရမလဲလို့ သိတာက ပညာပါရမီပါ။

 

 ၅။ သိတဲ့အတိုင်း နောက်မဆုတ်ဘဲ ကြိုးပမ်းအားထုတ်တာက ၀ီရိယပါရမီပါ။

 

 ၆။ ကျောက်ခဲနဲ့ ခေါင်းထုတာကို သည်းခံတာ၊ နာကျင်တဲ့ ဝေဒနာကို သည်းခံနိုင်တာတွေက ခန္တီပါရမီပါ။

 

 ၇။ သင့်ကို ငါကယ်မယ်လို့ ပုဏ္ဏားကို ပြောကြားထားတဲ့ “ နှုတ်ပဋိညာဉ် ”ကို မဖျက်တာက သစ္စာပါရမီပါ။

 

 ၈။ ပုဏ္ဏားရဲ့ အကျိုးကို အဆုံးတိုင်အောင် ငါ ဆောင်မယ်လို့ ဆုံးဖြတ်ထားတဲ့ “ စိတ်ပဋိညာဉ် ”

ကို မရွှေ့မပြောင်းတာက အဓိဌာန်ပါရမီပါ။ ( နှုတ်နဲ့ စိတ် ကွာပါတယ်)

 

၉။ ချောက်တွင်းထဲကျနေတဲ့ ပုဏ္ဏားကိုကြည့်ပြီး ငါ မကယ်ရင်တော့ သေတော့မှာပဲလို့ ပုဏ္ဏား

 ရဲ့အကျိုးကို လိုလားတောင့်တစိတ်၊ ပုဏ္ဏားအပေါ် သနားကြင်နာစိတ် ၀င်လာတာက မေတ္တာ

 ပါရမီပါ။

 

 ၁၀။ သူ့အကျိုးကို ဒီလောက် အပင်ပန်းခံပြီး ပြုပေမယ့် ငါ့ကို ဒီလိုကျောက်ခဲနဲ့ ခေါင်းကို ထုရက်

 လေခြင်းလို့ ပုဏ္ဏားရဲ့အပေါ်မှာ စိတ်မကွက်တာက ဥပေက္ခာပါရမီပါ။

 

 ဒီသာဓက ဖြစ်စဉ်ဝတ္ထုလေးကို အာရုံပြုပြီး ကိုယ့်ရဲ့စိတ်ကလေးတွေ ထားတတ်ရင် ထားတတ် သလို ပါရမီဆယ်ပါးလုံး ဖြစ်သွားပါတယ်ဆိုတာ နားလည်သဘောပေါက်ကြပြီး ဘ၀မြင့် မြတ်သထက် မြင့်မြတ်ကာ နိဗ္ဗာန်ချမ်းသာကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။

 

{ရဝေနွယ်(အင်းမ)၏ မြင့်မြတ်သူတို့ရဲ့အလုပ်ကို ကိုးကားရေးသားပါသည်။ }

 

ဘာသာဝါဒ၊ ရွေးချယ်ကြ

 မှန်မှ ကျိုးများမည်။

 အယူဝါဒ၊ မှားယွင်းက

 မုချ ကျိုးနည်းမည်။

 အမှားအမှန်၊ ရွေးချယ်ရန်

 စံမှန် ရှိရမည်။

 မှတ်ကျောက်မှာတင်၊ စံမှာယှဉ်

 ရွေးလျှင် မမှားပြီ။ ။

(ချမ်းမြေ့ဆရာတော်)

 

ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်

Views: 123

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service