ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ခန္ဓာသင်္ကြန်

 

အတာသင်္ကြန်ဘက်ကနေ ခန္ဓာသင်္ကြန်ဘက်လှည့်လိုက်တော့ ရုပ်နမ်ခန္ဓာတွေ ကူးပြောင်းနေပုံ ကိုလည်း တွေရသည် ရုပ်ခန္ဓာက တစက္ကန့်အတွင်းမှာပင် ကဋေငါးထောင်ခန့်ဖြစ်ပျက်သည်ဟု ဆိုသဖြင့် အကြိမ့်ကဋေငါးထောင်ခန့် သင်္ကြန်ကျနေသည် နမ်ခန္ဓာက တစက္ကန့်အတွင်းမှာပင် ကုဋေတသိန်းခန့် ဖြစ်ပျက်နေသည်ဟု ဆိုသဖြင့် အကြိမ်ကဋေတသိန်းခန့် သင်္ကြန့်ကျနေသည်။

 

 နာမ်ခန္ဓာက.. ဝေဒနာ သညာ သင်္ခါရ ၀ိညာဉ်ဟု လေးပါးရှိရာ ထိုလေးပါး ကလည်း တစ်ပါးကနေ တပါးသို့ ကူးပြောင်းနေကြသည် စိတ်ကူးဟု ဆိုသည့်အတိုင်း စိတ်ကလည်း အာရုံတစ်ခုတည်း အမြဲမနေ ဟိုအာရုံ သည် အာရုံ .. အာရုံမျိုးစုံကို ကူးနေသည် မြောက်သတ္တ၀ါတွေ အငြိမ်မနေ သစ်တပင်မှ တပင်သို့ ခုန်ခုန် ၍ကူးနေသည် စိတ်ကလည်း အာရုံ တခုမှ အာရုံတခုသို့ ခုန်ခုန်၍ ကူးနေသည်

စိတ်သင်္ကြန် ခန္ဓာ သင်္ကြန်ဖြစ်သည် ..လူစိတ်ကို မြောက်စိတ်ဟုလည်း ခေါ်ကြသည် အပြောင်းအလဲမြန်ဆန်ခြင်းကို ဆိုလိုပုံရသည် လူစိတ်သည် အခြေအနေနှင့် အချိန်အခါလိုက်၍ ပြောင်းလဲတတ်သည် ထိုအပြောင်းအလဲ မြန်သော စိတ်သည် စိတ်သင်္ကြန် ခန္ဒာ သင်္ကြန် ဖြစ်သည် သုံးဆယ့် တစ်ဘုံမှာ အနာဂါမ် ရဟန္တာတို့သာ ရှိသော သုဒ္ဓ၀ါသ ဗြဟ္မာ ငါးဘုံမှလွဲ၍ ကျန်သော ၂၆ဘုံတွင် တစ်ဘုံပြီး တစ်ဘုံ ပြောင်းရွေ့လာခဲ့ကြသည် ယခုလက်ရှိဘ၀မှာပင် ကြည့်လိုက် ကလေးလူငယ် လူရွယ် လူကြီး လူအို လူနာ လူသေ နုပျို အို နာ သေ တဘ၀တည်းမှပင် အသွင် သဏ္ဍာန် အမျိုးမျိုးကူပြောင်းလာခဲ့ သည်။

 

ခန္ဒာ သင်္ကြန်ဖြစ်သည် ဘ၀မှာ ပဋိသန္ဒေ ပ၀တ္တိ စုတိဟူဤ သုံးပိုင်းသာ ရှိသည် ဘ၀သစ်၌ စ၍ဖြစ်ခြင်းကို ပဋိသန္ဓေဟုခေါ်သည် ပဋိသန္ဓေမှ စုတိအထိ မသေမချင်းနေနေရာကာလကို ပ၀တ္တိဟုခေါ်သည် သေဆုံးခြင်းကို စုတိဟုခေါ်သည် စုတိပြီးသည့်အခါ ကံတွေ ကိလေသာတွေ ကုန်ခန်းသွားပြီးဆိုရင်တော့ ဘ၀ကပြီးပြီ ကံ..ကိလေသာတွေ မကုန်သေးလျှင်တော့ ဘ၀သစ်တခုကို လက်ခံရယူရလိမ့်ဦးမည် ဘုရားဟော ပိဋကတ်၌ ဂတိငါးပါးရှိသည် ဂတိဟူသည် ကံ..ကိလေသာတွေမကုန်သေးသောသူတွေ ရောက်သင့် ရောက်ထိုက်သော ဘ၀ဖြစ်သည် ထိုဂတိက နတ်ဗြဟ္မာဘ၀ ဒေ၀ဂတိ လူဘ၀ မနုဿဂတိ တိရစ္ဆာန်ဘ၀ တိရစ္ဆာနဂတိ ပြိတ္တာဘ၀ ပေတဂတိ ငရဲဘ၀ နိရယဂတိဟူ၍ ငါးမျိုးရှိသည။

 

သတ္တ၀ါတို့သည် ကံကိလေသာ မကုန်သေးက ထိုဂတိငါးပါးတွင် တစ်ပါးပါးသို့ရောက်ရသည် ကုသိုလ်ကံကြောင့် ဒေ၀မနုဿ သုဂတိသို့ေ၇ာက်ရသည် အကုသိုလ်ကံကြောင့် တိရစ္ဆာန ပေတ နိရယဒုက္တတိသို့ရောက်ရသည် မြန်မာဝေါဟာရ၌ အပြောင်းကို အလဲနှင့် တွဲဤလည်းသုံးသည် အလွဲနှင့်တွဲဤလည်းသုံးသည် အလဲဟူသည် အလဲလဲအကွဲကွဲ အလဲလဲအပြိုပြိုဟု ရှိသဖြင့် မကောင်း အလွဲဟူသည် အလွဲလွဲအချော်ချော်ဟုရှိသဖြင့် မကောင်း အပြောင်းက လဲတာလဲ မကောင်း လွဲတာလဲ မကောင်း အမှန်ဆိုရင် အပြောင်းက တည့်မှသာကောင်းသည် မိမိတို့သည် တစ်နေ့နေ့စုတိစိတိကျ၍ ဘ၀ကူးပြောင်းရဦးမည်။

 

ကံကောင်းထောက်မသဖြင့် ဒေ၀ မနုဿဂတိ တစ်ခုခုသို့ရောက်လျင် အပြောင်းက တည့်သည်ဟုဆိုရမည် တိရစ္တာန ပေတ နိရယသို့ ရောက်လျင်ဖြင့် အပြောင်းက လွဲချော်လေပြီ တကယ်တော့ အပြောင်းက လဲလိုပြိုလိုလည်း မဖြစ် လွဲချော်လိုလဲ မဖြစ် အပြောင်းတွေလည်း များခဲ့ပြီ အလဲတွေလည်း များခဲ့ပြီ အလွဲတွေလည်းများခဲ့ပြီ။

 

 ထို့ကြောင့် ယခုအပြောင်းလွဲလို့ မဖြစ်ပါ အပြောင်းတည့်မှဖြစ်မည် ……လူစိတ်သည် အချိန်အခါလိုက်၍ ပြောင်းလဲတတ်သည် ထိုအပြောင်းအလဲဖြစ်သော စိတ်သည် စိတ်သင်္ကြန် ခန္ဓာသင်္ကြန် ဖြစ်သည် ။

 by ပန်းဗေဒါ

Views: 147

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service