ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကဲ့ရဲ့မလွတ်သောလောက

``ကဲ့ရဲ့မလွတ်သောလောက´´

သက်ရှိလောက၊ သဘာဝကား 
ဘယ်မျှတန်ခိုး၊ ဘ၀ဂ်မိုးလည်း
ဆိုရိုးကဲ့ရဲ့၊ မလွတ်ခဲ့တည့် ။


လွန်ခဲ့ရှေးခါ၊ အတီတာက
မြတ်စွာလက်ထက်၊ ကောဓ၀ဂ်လာ
ဥပါသကာ၊ တုလ၀တ္ထု
နှိုင်းချိန်ရှုလော့။

 

တုဏှိဘာဝ၊ ဆိတ်ဆိတ်မျှကြောင့်
ကောဓအမျက်၊ ထွက်ခဲ့လျက်သာ
ဆွေသဟာနှင့်၊ ဖဲခွါထံပါး
ရေ၀တနားမှ၊ ထွက်ငြားလာခဲ့သည်။

 

နောက်ထပ်တဖန်၊ ချဉ်းကပ်ပြန်သော်
ဘိဓမ္မာများ၊ ဟောဖော်ကြားကြောင့်
ဖြစ်ငြားအမျက်၊ ထွက်ခဲ့လျက်သာ
ဆွေသဟာနှင့်၊ ဖဲခွါထံပါး
သာရိပုတ္တရာနားမှ၊ ထွက်ငြားလာခဲ့သည်။

 

နောက်ထပ်တဖန်၊ ချဉ်းကပ်ပြန်သော်
သုတ္တန်တရား၊ ဟောဖော်ကြားကြောင့်
ဖြစ်ငြားအမျက်၊ ထွက်ခဲ့လျက်သာ
ဆွေသဟာနှင့်၊ ဖဲခွါထံပါး
အာနန္ဒာနားမှ၊ ထွက်ငြားလာခဲ့သည်။

 

တုဏှိဘာဝ၊ ဘိဓမ္မဟော 
သုတ္တချုံးပြန်၊ ထေရ်သုံးတန်ကြောင့် 
လျှောက်ပြန်ဘုရား၊ သို့တွက်ငြားကြောင့် 
မိန့်ထားတုလ၊ လူ့လောက၌
စကားနည်းပြန်၊ ရှုံ့ချပြန်၏ ။


များပြန်ကဲ့ရဲ့၊ ဆိတ်ငြိမ်ခဲ့လည်း 
ကဲ့ရဲ့ပြစ်ပြော၊ လူ့သဘောကား 
မှန်သောမှားသော၊ မလွတ်သောပင် 
ပြစ်နှောတင်သည်၊ ရှင်ပင်ဗုဒ္ဓ 
မလွတ်ရမို့၊ တီတရှေးရိုး 
စဉ်လာမျိုးတည်း။
•••••••••••••••••••••••••••••••


လောကကြီးမှာ မည်သည့် အကြောင်းနှင့်ဖြစ်စေ အကဲ့ရဲ့မလွတ်နိုင်ဟု ဘုရှားရှင်က ဟောကြား တော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တစ်နေ့၌ အတုလ ဥပါသကာ ခေါင်းဆောင်သော သူ၏အပေါင်းအဖော် ငါးရာတို့သည် တရားနာရန် ရောက်လာကြပါတယ်။

♦ ရှေးဦးစွာ အရှင်ရေ၀တ ထံချဉ်းကပ် ကြပါတယ်။ အရှင်ရေ၀တသည် အနည်းငယ် နှုတ်ဆက် စကားပြောပြီး တိတ်ဆိတ်စွာ တရားထိုင်နေလေရာ အရှင်သာရိပုတ္တရာထံ သွားကြပါတယ်။

♦ အရှင်သာရိပုတ္တရာက ခက်ခဲနက်နဲသော အဘိဓမ္မာတရား သဘောများကို ကျယ်ဝန်းစွာ ဟောပြောရာ ငြီးငွေ့လာပြီး သင့်တော်သော တရားကို နာယူမည်ဟုဆုံးဖြတ်၍ အရှင်အာနန္ဒာထံ သွားကြပြန်တယ်။

♦ အရှင်အာနန္ဒာက အခြေခံတရားများ၏ လိုရင်းသဘောတို့ကို တိုတိုတုတ်တုတ် ဟောပြောရာ နားမရှင်းဖြစ်ကြပြန်တယ်။ ထို့နောက် မြတ်စွာဘုရား၏ ရှေ့မှောက်သို့သွားရောက်ကြပြီး လျှောက်ထားကြပြန်တယ်။

 

“အရှင်ဘုရား အရှင်ရေ၀တက တရားမဟောပါ၊ သူ့ဘာသာ နှုတ်ဆိတ်နေပါတယ်။ အရှင်သာရိပုတ္တရာက အဘိဓမ္မာကို ကျယ်ဝန်းစွာဟော၍ ငြီးငွေ့ကြရပါတယ်။ အရှင်အာနန္ဒာ တရားဟောပုံမှာ တိုတိုကျဉ်းကျဉ်းဖြစ်၍ နားလည်ရန်ခက်ပါတယ်။ ဘယ်တရားနှင့်မှ အဆင်မပြေ၍ အရှင်ဘုရားထံ တရားနာရန် လာရောက်ကြပါတယ်” ဟုလျှောက်ထားရာ ဘုရားရှင်က အောက်ပါအတိုင်း ဟောတော်မူခဲ့ပါတယ်။

 

“အို…အတုလ ကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည် မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာပြောဟော သူကိုလည်းကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ”

 

(ကောဓ၀ဂ်၊ အတုလဥပါသကာဝတ္ထု)၊

 

ဦးခေမာစာရ

 

Views: 79

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service