ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

စိတ်ထားတက်မှ စိတ်ထားမြတ်မည်

စိတ်ထားတက်မှ စိတ်ထားမြတ်မည်


လောကမှာ မိမိအတွက်ဖြစ်စေ အများအတွက်ဖြစ်စေ ကောင်းမှုလုပ်ငန်းတို့ကို လုပ်ကိုင် နေကြခြင်းဟာ စိတ်ထားမြင့်မြတ်သူတို့မှသာ လုပ်ကိုင်နိုင်တာပါ။

စိတ်ဓာတ်ညံ့ဖျင်းသူ စိတ်သဘောထားသေးသိမ်သူများ အနေဖြင့်မူ ရေရှည်လုပ်ဖို့အသာထား ခဏတာပင် ပြုလုပ်ဖို့ရာ မလွယ်ကူနိုင်ပါဘူး။

သို့သော် မည်မျှပင် ကောင်းတာတွေလုပ်ပြီး ကောင်းအောင်ကြိုးစားနေကြပါစေ မိမိတို့ လုပ်ကိုင်နေကြသည့် ကောင်းမှုလုပ်ငန်းများကို နှောက်ယှက်ဖျက်ဆီးမည့် အရာများကို မလွဲမသွေ ကြုံတွေ့ရတက်ကြတာဟာလည်း ဓမ္မတာပါပဲ။

တကယ်တော့ အဲဒီအရာများဟာ အကောင်းဘက်က တွေးလျှင်ဖြင့် `မိမိတို့လုပ်တဲ့ ကောင်းမှုလုပ်ငန်းများအပေါ်ထားသည့်စိတ် မည်မျှခိုင်မာသည်ကို စမ်းသပ်ခြင်း´ဟု တွေးလို့ ရနိုင်သလို အဆိုးဖက်က တွေးပါကလည်း `မိမိတို့ရဲ့ ဖြူစင်မြင့်မြတ်တဲ့စိတ်ကို အရောင်ဆိုးခြင်း´ လို့ပဲ ဆိုရမှာပေါ့။

အဲဒီလိုမျိုး ကြုံတွေ့ကြရာမှာ ရှေးသူတော်ကောင်းကြီးများကတော့ မှန်ကန်သည့်စိတ်ထား သင့်တင့်လျောက်ပတ်တဲ့နှလုံးသွင်းမှု ယောနိသောမနသိကာရဖြင့် မယိမ်းမယိုင်သည့် ကျောက်စာတိုင်အလား မားမားမတ်မတ် ရပ်တည်ပြတော်မူခဲ့ကြပါတယ်။

တို့တစ်တွေလည်း ကောင်းမြတ်သည့် လုပ်ငန်း လုပ်ရပ်များအပေါ် မားမားမတ်မတ် ခိုင်မာစွာ ရပ်တည်နိုင်ဖို့အရေး စိတ်မျှော်တွေးလို့ ဘုရားရှင်ချမှတ်ပေးတော်မူခဲ့သည့်နည်းလမ်းများကို သိရှိထားကြဖို့ရန် တစ်ဖန်ပြန်လည်ပြီး မျှဝေး ပေးလိုပါတယ်။

သာဝတ္ထိမြို့မှာပါ ဒကာမကြီးတစ်ယောက်ဟာ ပါဝေယျလို့ အမည်ရတဲ့ တက္ကဒွန်းတစ်ယောက်ကို သားတစ်ယောက်နှင့်မခြား ပြုစုလုပ်ကျွေးရင်း ကိုးကွယ်ဆည်းကပ်ခဲ့ပါတယ်။

တစ်နေ့မှာတော့ ဒကာမကြီးဟာ လူအများရဲ့ထံမှ ဘုရားရှင်ရဲ့ဂုဏ်သတင်းကို ကြားရတဲ့အတွက် အများနည်းတူ ဘုရားရှင်ထံမှာ တရားနာချင်တဲ့အတွက် သူကိုးကွယ်တဲ့ တက္ကဒွန်းထံမှာ ခွင့်တောင်းတဲ့အခါ ကျောင်းသွား တရားနာဖို့ ခွင့်မရခဲ့ပါဘူး။

ဒါနဲ့ ဒကာမကြီးလည်း အိမ်မှာပဲပင့်ပြီး ဆွမ်းကပ်တရားနာမှပဲလို့ဆုံးဖြတ်ကာ သူ့ရဲ့သားကို ဘုရားကျောင်းသို့သွားကာ ဆွမ်းစားပင့်စေပါတယ်။

တက္ကဒွန်းဆရာကြီးလည်း ဒါကိုသိပေမယ့် ဒကာမကြီးက စိတ်အားအရမ်းထက်သန်နေတာသိလို့ အတင်းအဓမ္မ မပိတ်ပင်ရဲဘူးပေါ့။

နောက်ရက်မှာ ဘုရားရှင် ကြွလာတဲ့အခါ ဝမ်းသာအားရနဲ့ဆွမ်းကပ်ပြီးလို့ တရားနာတော့မဲ့အချိန်မှာ တက္ကဒွန်းလည်း ရောက်လာခဲ့ပြီး အိမ်ရှေ့ကနေ ဘုရားရှင်နဲ့ ဒကာမကြီးရဲ့ ဂုဏ်ကျေးဇူးမဲ့ စကားတွေကို အော်ဟစ်ကာ ပြောဆိုခဲ့ပါတယ်။

အဲဒီအသံများ ကြားလိုက်ရတဲ့အတွက် ဒကာမကြီးလည်း စိတ်ဆိုးခြင်း စိတ်ပျက်ခြင်း စိတ်မကောင်ခြင်းများစွာဖြင့် တရားနှလုံးသွင်းလို့ မရနိုင် ဖြစ်ခဲ့ရပါတယ်။

ဒါကိုသိတဲ့ ဘုရားရှင်က ဒကာမကြီးကို အောက်ပါအတိုင်း စကားသုံးခွန်းကို မိန့်ကြားခဲ့ပါတယ်။

န ပရေသံ ဝိနောမာနိ-
န ပရေသံ ကတာကတံ။
အတၱေနာဝ အဝေကၡယ်-
ကတာနိ အကတာနိစ။
(ဓမၼ.႒.၂၃၉။)

ဘုရားရှင်က ဒကာမကြီး လောကမှာ လူရယ်လို့ဖြစ်လာပြီဆိုရင် လူ့သဘာဝအရ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံ ပေါင်းသင်းရတဲ့အခါ ပတ်ဝန်းကျင်မှာ ရှိသူများက စကားတွေအများကြီး ပြောကြလိမ့်မယ်တဲ။

အဒီစကားများထဲမှာ
''န ပရေသံ ဝိနောမာနိ ကိုယ့်အတွက် ဘာကုသိုလ်ကောင်းမှုမှ မဖြစ်စေတဲ့စကားမျိုးဆိုရင် နှလုံးမသွင်းနဲ့´´တဲ့။ နောက်တစ်ခါ မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေက များစွာသော အလုပ်တွေကို လုပ်ကြလိမ့်မယ်တဲ့။

ထိုအလုပ်များထဲမှာ
``န ပရေသံ ကတာ ကတံ- ကိုယ့်အတွက် ဘာကောင်းမှုမှ မဖြစ်စေနိုင်တဲ့လုပ်ငန်းတွေ လုပ်ဆောင်မှုတွေကို လိုက်ကြည့်မနေနဲ့´´တဲ့။

နောက်ဆုံးစကားက
``အတ္တနောဝ အဝက္ခေယျ-ကတာနိ အကတာနိစ- မိမိတို့ကိုယ်တိုင်ကျတော့ အမြဲတမ်းပဲ ငါကောင်းမှုတွေ ပြုဖြစ်ရဲ့လား? မကောင်းမှုတွေများ ပြုဖြစ်သေးလား ဆိုတာကို အမြဲတမ်း ဆင်ခြင်သုံးသပ်နေရမယ်´´တဲ့။

မှတ်မိလွယ်စေဖို့ ဦးဇင်းတို့ ဆရာဘုန်းကြီးက ကဗျာလေးစပ်ထားပါတယ်။

*ကုသိုလ်မဲ့ငြား သူ့စကား စဉ်းစားမနေရာ။

* ကုသိုလ်မဖြစ် သူ့အပြစ် မနှစ်မသက်ရာ။

* ကိုယ်၏ကောင်းမှု ပြုမပြု ကြည့်ရှုဆင်ခြင်ပါ။

ဒါ့ကြောင့် အားလုံးပဲ ဘုရားစကား လိုက်နာပွားပြီး မိမိတို့ရဲ့ မှန်ကန်မြင့်မြတ်သည့် လမ်းကြောင်း ပေါ်မှ မယိမ်းယိုင်ကြမူ၍ မှန်ကန်မြင့်မြတ်သည့် စိတ်များထားတက်ကြကာ စိတ်ထားမြင့်မြတ်သူများ ထာဝရဖြစ်နိုင်ကြပါစေ...


(ဓမ္မပဒ ပါဝေယျကာဇီဝကဝတ္ထုကို မှီငြမ်းရေးသားပါသည်။)

ဓမ္မအသိ လူတိုင်းရှိနိုင်ကြပါစေ...

A Shin Candatapa.

 

Views: 119

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service