ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

တရားဓမ္မ အဆင့်အတန်း

 တရားဓမ္မ အဆင့်အတန်း

တရားဓမ္မအဆင့်အတန်းဆိုတာ ကိုယ့်ဟာကိုယ်မလိမ်မညာလို့ရှိရင် သိပါတယ်။ အရေးကြီးတာက သူများကိုလိမ်တာထက် ကိုယ့်ဟာကိုယ်လိမ်တာက လူတွေမှာပိုများတယ်။ အထင်ရောက်တာပေါ့၊ ကိုယ့်ကိုယ်ကို ထင်တာ။ ကိုယ့်မှာမရှိဘဲနဲ့ ရှိတယ်ထင်တာ။ မဟုတ်ဘဲနဲ့ဟုတ်တယ်ထင်နေတာ။

အဲဒီတော့ သူများပုဂ္ဂိုလ်တစ်ယောက်ကို အရိယာဖြစ်ပြီလား မဖြစ်ဘူးလားဆိုတာ သိဖို့ အလွန် ခက်ပါတယ်။ အဋ္ဌကထာထဲမှာ မှတ်တမ်းတစ်ခုရှိတယ်။

တောထွက်ဦးပဉ္စင်းကြီးတစ်ပါးက ရှေ့ကသွားနေတဲ့ သူ့ရဲ့ ဆရာဘုန်းကြီး (ရဟန္တာကြီး)ကို ဆွမ်းခံ သွားရင်းမေးတယ်။
'အရှင်ဘုရား…ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဘယ်လိုဟာတုန်း'တဲ့ ။
'ငါ့ရှင်…ရဟန္တာပုဂ္ဂိုလ်ဆိုတာ သူ့နောက်ကသပိတ်ပိုက်ပြီးလိုက်နေပေမယ့် ကိုယ့်ရှေ့ကပုဂ္ဂိုလ်ဟာ ရဟန္တာပါလားမသိဘူး၊ အဲဒီလောက်ထိအောင်သိဖို့ခက်ပါတယ်'လို့ ပြောတာ။

ဟိုကိုယ်တော်ကြီးက ဒါကိုသဘောမပေါက်သေးဘူး။ ရဟန္တာနဲ့ အတူတူနေပေမယ့်လို့ ရဟန္တာလို့ သိချင်မှသိတာ။

အဲဒီတော့ ကိုယ့်ကိုယ်ကို အကဲခတ်လို့တော့ရပါတယ်။ ငါ့မှာလောဘတွေနည်းသွားသလား၊ လောဘက ဖြစ်စရာမရှိလျှင်လည်းမဖြစ်ဘူး။ ဒေါသတွေနည်းသွားပြီလား။ ဆိုပါစို့ … ကိုယ့်ရဲ့ပတ်ဝန်းကျင်က ကောင်းနေလို့ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်ကို သဘောကောင်းတယ်လို့ သတ်မှတ်လို့ မရဘူး။ သူက အများကောင်းလို့ သူကောင်းနေတာလေ။ မကောင်းတဲ့ ကြားထဲမှာလည်း ကောင်းအောင် နေတတ်မှ။

သူများတော်လို့ ကိုယ်ကောင်းနေတဲ့ သူတော်ကောင်းက များတယ်နော်။ ဆိုးလာပြီဆိုလျှင် သည်းမခံနိုင်တော့ဘူး။ အစွယ်တွေထွက်လာတာ။ ဘယ်လိုလောကဓံနဲ့ကြုံကြုံ စိတ်က တုန်လှုပ်မှုမရှိတော့ဘူးဆိုလျှင် ကိုယ့်ကိုယ်ကို အရည်းအချင်း သတ်မှတ်ကြည့်လို့ရတယ်။

အဲဒီလိုကြည့်မှ ငါဟာ သောတာပန်အဆင့်လား၊ သကဒါဂါမ်အဆင့်လားလို့ ကိုယ့်ဘာသာတော့ သိနိုင်ပါတယ်။ သို့သော် မြတ်စွာဘုရားက စံကလေးတွေပေးထားတာရှိပါတယ်။ ဓမ္မကြေးမုံဆိုတဲ့ ထဲမှာ။ ဓမ္မါဒါသသုတ်မှာ မြတ်စွာဘုရားက ကိုယ့်ကိုယ်ကို သောတာပန်လို့ ပြောနိုင်ပါတယ်တဲ့။

ဘာတုန်းဆိုလျှင် …
'ဗုဒ္ဓေ အဝေစ္စ ပဿဒ' ဘုရားပေါ်မှာ နှစ်နှစ်ကာကာကြည်ညိုတယ်။ ရုပ်ပုံကိုကြည်ညိုတာမျိုး မဟုတ်ဘူး။ ဒီရုပ်တုကို ကိုးကွယ်လျှင် လာဘ်ရတယ်ဆိုလို့ ကိုးကွယ်တာမျိုးမဟုတ်ဘူး။ နေ့နံကိုက်တဲ့ဘုရား ကိုးကွယ်တာမျိုး မဟုတ်ဘူး။ ဘုရားရဲ့ဂုဏ်တော်ကိုသိပြီးတော့ ကိုးကွယ်တာ ။

'ဗုဒ္ဓေ အဝေစ္စ ပဿဒ' အလေးအနက်ထားပြီး ကြည်ညိုမြတ်နိုးတာ။

'ဓမ္မေ အဝေစ္စ ပဿဒ' တရားကိုသိတယ်။ကျင့်လည်းကျင့်တယ်။

'သံဃေ အဝေစ္စ ပဿဒ' အရိယာသံဃာတွေနဲ့ပတ်သတ်ပြီး အလေးအနက်ကြည်ညိုတယ်။ သဒ္ဓါတရားရှိတယ်။

နောက်ငါးပါးသီလကို အသက်ကဲ့သို့ မြတ်နိုးတယ်။ အသက်ကဲ့သို့ မြတ်နိုးတယ်ဆိုတာ အသက်ထက် မြတ်နိုးတယ်လို့ပြောတာ။ အသက်ကိုတောင်စွန့်ဝံ့တယ်။ ငါးပါးသီလကို မစွန့်ဘူးလို့ဆိုလိုတယ်။ အသက်နဲ့လဲနိုင်တယ်ပေါ့။

အဲဒီလောက်အဆင့်ထိအောင် ဖြစ်သွားပြီဆိုလျှင် ကိုယ့်ကိုယ်ကို Declare လုပ်တော့တဲ့။ ငါ သောတာပန်လို့ ပြောနိုင်တယ်လို့ ဆိုထားတာ၊ အဲဒါနဲ့ စံချိန်ထိုးကြည့်ဖို့ပါပဲ ။ ။

~ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ~

Credit to Kyel Sin.

 

Views: 274

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service