ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဗုဒ္ဓဟောကြားသော မိတ်ဆွေကောင်းများ။

ဗုဒ္ဓဟောကြားသော မိတ်ဆွေကောင်းများ။


တကယ့်ကို စိတ်နှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်ကို မိတ်ဆွေကောင်းလို့ ခေါ်ပါတယ်။ ဘယ်လို ပုဂ္ဂိုလ်ဆိုရင်……

 

(၁)။ “ဥပကာရ”= ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေ။ ကိုယ်ရဲ့ အပေါင်းအသင်း တစ်ယောက်ဟာ၊ ဆိုပါစို့. အရက်သေစာ သောက်ပြီး မူးမေ့နေရင်တောင်မှပဲ အမူးပြေသည်အထိအောင် သူ့ အန္တရာယ် မဖြစ် အောင် စောင့်ရှောက်ပေးပါတယ်။ ဟော.. မကောင်းတာ လုပ်တာတောင် စောင့်ရှောက်ပေးပါ တယ်။ သူ့ပစ္စည်းတွေကို ထိန်းသိမ်းပေးတယ်။ စောင့်ရှောက်ပေးတယ်။ ကူညီပေးတယ်။ တစ်စုံ တစ်ခု ဘေးရန်ကြုံလို့ ကိုယ့်မိတ်ဆွေဟာ သိပ် ကြောက်လန့်နေလို့ ရှိရင်လည်း အားပေးစကား ပြောပါတယ်။ ကိစ္စရှိရင်လည်း ၀ိုင်းကူပြီး ဆောင်ရွက်ပေးပါတယ်။ ငွေကြေးဓန လိုတာကစပြီး ကူညီထောက်ပံ့ ပေးပါတယ်။


(၂)။ “သမာနသုခဒုက္ခ”= တူညီသော သုခ၊ ဒုက္ခ၊ ဆင်းရဲလည်း အတူတူပဲ။ ချမ်းသာလည်း အတူတူပဲ။ အဲဒီလို တူညီတဲ့ စိတ်ထားရှိတဲ့ မိတ်ဆွေမျိုး။ ဒုက္ခကြုံလာလို့ ရှိရင်လည်း စွန့်ခွါပြီး မသွားဘူး။ ကိစ္စတွေ့လာလို့ရှိရင် ကိုယ် ကိုယ်တိုင်က အသက်စွန့်ပြီးတော့ ကာကွယ်ပေးပါတယ်။ ဒီလို မိတ်ဆွေမျိုးကို မိတ်ဆွေကောင်းလို့ ခေါ်ပါတယ်။


မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် အပေါ်မှာ အရှင်အာနန္ဒာဟာ အင်မတန်မှ သံယောဇဉ် ကြီးပါတယ်။ အားလုံး ကြားဖူးကြပါလိမ့်မယ်။ ဒေ၀ဒတ်ရဲ့ အစီအမံအရ အဇာတသတ် မင်းကြီးက နာဠာဂီရိဆိုတဲ့ ဆင်ဆိုးကြီးကို အရက်တွေတိုက်ပြီးတော့ ဘုရားဆွမ်းခံဝင်လာတဲ့ လမ်းကြား မောင်းလွှတ်လိုက်တာ။ ဘုရားနဲ့ သံဃာတွေလည်း ကြွလာတယ်။ ဆင်ကြီးကလည်း နှာမောင်းကြီး မြှောက် အော်ဟစ်ပြီး အမြီးကြီးကုပ်ကာ ပြေးလာတယ်။ သူ့ရှေ့မှာတွေ့တဲ့ ပုဂ္ဂိုလ်ကတော့ မသက်သာဘူး။


အဲဒီအချိန်မှာ အရှင်အာနန္ဒာမထေရ်မြတ်ဟာ ဘုရားနောက်ကနေ ပါလာတာ။ ဘုရားကို ကာကွယ်ဖို့ ရှေ့ကို ပြေးတက်လိုက်တယ်။ ဒီအချိန်ဟာ အရေးကြီးတဲ့အချိန်မို့ သူ့အသက်ကို စွန့်ပြီး ဘုရားရှေ့က ၀င်ရပ်တယ်။ ဘုရားကိုကာကွယ်ဖို့ သူ့အသက်ကို စွန့်တာပဲ။ အဲဒီမှာ မြတ်စွာ ဘုရားက “မဟုတ်ဘူး အာနန္ဒာ” ပြောလည်း မရဘူး။ ဘုရားရှေ့ကနေ အတင်းရပ်တယ်။  နောက်မှ မြတ်စွာဘုရားက တန်ခိုးတော်နှင့် ဖယ်လိုက်ရတယ်။ 


(၃)။ “အတ္ထက္ခာယီ”= အကျိုးစီးပွားကို ဟောပြောပြသတတ်တဲ့ မိတ်ဆွေ။ ဆရာသမားလို မိတ်ကောင်းဆွေကောင်း။ အဲဒီ ပုဂ္ဂိုလ်ကျတော့ ကိုယ့်ရဲ့ မိတ်ဆွေတစ်ယောက်ဟာ မကောင်းတာ လုပ်နေရင် “မလုပ်နဲ့” လို့ တားပါတယ်။ မရ ရအောင်တားပါတယ်။ ကောင်းတာ လုပ်ဖို့ အတွက်လည်း အားပေးတိုက်တွန်းပါတယ်။ ကောင်းကြောင်းလမ်းမှန် ရောက်အောင်အထိ လိုက်ပို့
ပေးပါတယ်။ 


(၄)။ “အနုကမ္ပက”= အစဉ် သနားစောင့်ရှောက်တတ်တဲ့ မိတ်ဆွေပါ။ သနားစောင့်ရှောက် တတ်တယ် ဆိုတာက ကိုယ့်မိတ်ဆွေတစ်ယောက် ပျက်စီးနေပြီဆိုရင် စိတ်ထဲမှာ ၀မ်းမသာဘူး။ ကြီးပွားတိုးတတ်နေရင် တကယ်ဝမ်းသာတယ်။ “ ဣဿာမရှိဘူး၊ မစ္ဆရိယမရှိဘူး၊ ” “သုဟဒမိတ္တ” တကယ့်ကို စိတ်နှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။


ဒါကြောင့် တရားချစ်ခင် တရားကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေအပေါင်းကလည်း “ ဥပကာရ ” ။ “ သမာနသုခဒုက္ခ ” ။ “ အတ္ထက္ခာယီ ” ။ “ အနုကမ္ပက ” အစရှိတဲ့ မိတ်ကောင်း  ဆွေကောင်းကို ပေါင်းသင်းကြကာ ဘ၀မြင့်မြတ်သထက် မြင့်မြတ်ပြီး မြတ်နိဗ္ဗာန်ကို   ရရောက်နိုင် ကြပါစေ ကုန်သတည်း။


{ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ လှိုင်မြို့နယ်၊ တိုင်းရင်း သားများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }


ဦးသိန်းဝေ။

Views: 105

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service