ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မြိုထားမိသော ထွန်တုံးများ

မြိုထားမိသော ထွန်တုံးများ


ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က တရားစခန်း တွေ မှာ ကျွန်မတို့ ယောဂီများကို နားလည် အောင်ပေးတဲ့ ဥပမာ များဟာ ထိထိမိမိ မှတ်မိနေသလို လိုက်နာကျင့်သုံး ရန် လမ်းစ ကိုလည်း ရရှိစေပါတယ်..။


မာန ဆို တာကို ရှင်းပြ တဲ့ ဥပမာ ကတော့ စိတ်ဝင်စားစရာ…။ မာနကိလေသာ ဝင်ရင်ကွယ်တဲ့ တောင့်တောင့်ကြီး ဖြစ်နေတာ။ ထွန်တုံးကို မြွေ မြိုသလိုပဲတဲ့..။ အကြော တင်းသထက် တင်းလာတာမျိုး…။ ကိုယ့်က မသိပေမဲ့ ဘေးလူကသိတယ် တဲ့..။ ကိုယ်ကိုယ်တိုင်ကတော့ မြိုလို့ မြို မှန်းတောင်မသိ ..ဖြစ်တတ်ကြောင်း ဆုံးမတော်မူပါတယ်..။


ဝင်တာတော့ သိပါပြီ..ဘုရား..ဘယ်လို အချိန်မှာ ဝင်တတ်ပါသလဲ ဘုရား ဆိုတော့..ဘုန်းဘုန်းက ပုံလေးတစ်ခုပြောပြ ဘူးပါတယ်..။
တစ်ခါက တိုင်းပြည် တစ်ပြည်မှာ ဘုရင်ကြီး တစ်ပါးရှိတယ်..။ ဘုရင်ကြီးက မျဉ်းတကြောင်း ဆွဲ တယ်..။ အမတ်များကို ခေါ်ပြီး ထိုမျဉ်းကို ဖျက်လည်း မဖျက်ရဘူး၊ တိုအောင်လည်း လုပ်ပေးရမယ်..နည်းလမ်းရှာပါ လို့ အမိန့်တော်ချသတဲ့..။


အမတ်တွေခေါင်းချင်းဆိုင်…. ဘာလုပ်ရမလဲပေါ့..။ နောက်တော့ပညာရှိ အမတ် တစ်ယောက် ပေါ်လာပါတယ်..။ ဘုရင်ကြီးဆွဲထားတဲ့ မျဉ်းတိုသွားအောင် ဖျက်လည်းမဖျက်ပဲ သူလုပ်နိုင် ပါတယ်… ဆိုပြီး..တော့လျှောက်ပါတယ်..။
ဘယ်လို ပဉ္စလက် အတတ်များ တတ်လို့ပါလိမ့် နဲ့ စိတ်ဝင်တစားကြည့်နေတဲ့ လူသူဗိုလ်ပါ ပရိသတ် အရှေ့ မှာ…သူ က ဘုရင် ဆွဲထားတဲ့ မျဉ်း ရဲ့ အထက်မှာ သူ့ထက်ရှည် တဲ့ မျဉ်းတစ်ကြောင်းကို ထပ်ဆွဲ လိုက်ပါတယ်..။ ပြီးတော့ …( တိုသွားပါပြီ ဘုရား) လို့ လျှောက် တယ် တဲ့..။


အဲ ဒီဥပမာ လိုပဲပေါ့နော်… ကျွန်မ တို့ တွေဟာ မျဉ်းရှည် ရှည် တွေ ဆွဲ မိတိုင်း ကျန်တဲ့ မျဉ်းတွေ ကို တိုလိုက်တာ ထင်တတ်ကြ တော့ တာ..ဒီသဘာဝ ဟာ မသိမသာ ဝင်လာတတ်တာ ….။
နှိုင်းယှဉ် တတ်တယ်..ငါက သာတယ်…။ ထိုအရာသည် မာန ကိလေသာပါပဲလို့ ဆုံးမတော် မူပါတယ်..။


ဘယ်အချိန်မှာ ဝင်လာတတ်သလဲ ဆိုတာ့…….မသိမသာကို နေရာယူတတ်လို့ ကာယကံရှင် ကိုယ်တိုင် ဖြစ်လို့ ဖြစ်မှန်းတောင် မသိတော့သော ကိလေသာ ..မာန ကိလေသာ…တဲ့..။
ဘွဲ့ ရတဲ့ သူငယ် ချင်း တစ်ယောက်က ဆယ်တန်းမအောင်သေးတဲ့ ကျောင်းနေဘက်သူငယ်ချင်းကို ဘယ်လို ဆက်ဆံမလဲ..။ ကားပိုင် တဲ့ သူတစ်ယောက်က ကားမရှိတဲ့ သူကို ဘယ်လို ဆက်ဆံလဲ..။
သိန်း ၁၀၀၀ လောက်ချမ်းသာ တဲ့လူ တစ်ယောက်ဟာ ကျပ် ၁၀၀၀ လောက်သာ ပိုင်တဲ့သူကို ဘယ်လို ဆက်ဆံ မလဲ..။ ရာထူးမြင့်မြင့် ရတဲ့ အရာရှိတစ်ဦးဟာ အောက် လက်ငယ် သားကို ဘယ်လို ဆက်ဆံမလဲ…။


သိပ်ကို အတွေးအခေါ် ကောင်းပြီး…. ရေးလိုက်ရင် ပိုစ့်တင်လိုက် ရင် LIKE ထောင်ချီ.. Comment ရရာချီ ရသူတစ်ယောက် ဟာ..တခြားလူတစ်ယောက် သူ့နဲ့အကြောင်းအရာတူ..ရေးသော်လည်း သူ့လောက် ကောင်းချီးသြဘာ မရသူရဲ့ ပိုစ့်ကို ဘယ်လို ဆက်ဆံ မလဲ..။…စိတ်ထဲက ပြန်ဖြေ မိပါတယ်..ထွန်တုံးမြွေ မြိုသလိုပါဘုရား..လို့ ။


ဘုန်းဘုန်း က ရွာ တစ်ရွာ ၊တောနယ် ဘက်မှာ တရားသွားဟော ရင်း…. လူတစ်ယောက် တွေ့ ဘူးတယ် တဲ့..။သူ့ကြည့်တော့ အင်္ကျီခပ်နွမ်းနွမ်း…လူပုံက ပန်းလျလျ..သို့သော် ထွန်တုံးမြွေ မြိုသလို ဖြစ်နေတာ နဲ့ ဘုန်းဘုန်းက ..ဒီလူ တစ်ခုခုတော့ ရှိလိမ့်မယ်..အကဲခတ်ပါတယ်..။


နောက်တော့ စကားပြောကြည့်ရင်းမှ သိရတာ..။ သူက အရင် အင်္ဂလိပ်လက်ထက် စစ်တပ်ထဲမှာ တင့်ကားမောင်း တုံးက တော်လို့ ဆုတံဆိပ် ရခဲ့ဘူးတယ် ဆိုပဲ..။ 
ထိုအောင်မြင်ဘူးသော အတိတ်သည် ထွန်တုံးသဖွယ် မြွေတစ်ကောင်လို ပျော့ပျောင်း မနေစေတော့....။  အရိုအသေ မပေးတတ်တော့တာ..နှိမ်ချတဲ့ အကြည့်တွေ မွေးဖွား ပေးတော့တာ..။ ငါ့လောက်မှ မမတတ်လေချင်း ဟူသော အထင်သေးစိတ်တွေ ဝင်လာမိတော့တာ..။


ဘုရား..ဘုရား..ဒီတရားလေးနာမိရင်း ကိုယ့် ဗိုက်ထဲမှ ထွန်တုံးများကို လိုက်လံရှာဖွေမိ..။ Doctor ထွန်တုံး Professor ထွန်တုံး Blogger ထွန်တုံး…… များလှပါတကား..။ ပညာတွေလည်းတတ်ပြီ..စီးပွားတွေလည်းရပြီ…..တရားနယ် ပယ် မှာလည်း သောတပန် ဖြစ်ဘို့လည်းလုပ်မှာ ဘုရားတဲ့..။ တရားမာန နဲ့ တရားနယ် ပယ် မှာ လည်းထွန်တုံးတွေ ထပ်မြို နိုင်သေးတယ်တဲ့..။


သက္ကာယ ( အထင်အရှားရှိသောသဘော) ဟူသော သဘောတရား အပေါ်မှာ *ငါ*ကောင်ထင် သော ဒိဋ္ဌိ..ကို *ငါ* လုပ်ရင် ဖြစ်မှာပါဆိုသောမာန ဖြင့် *ငါ*ပိုင်တဲ့ တရားပါ..*ငါ*လို ချင်တဲ့ သောတာပန် ဆိုတဲ့ တဏှာ ဖြင့်…. ချဉ်းကပ်သော …. *ငါ* သည်* ငါ* မရှိမှ ရသောတရား ရရှိပါစေရန်…*ငါ*ကို ပယ်သတ်ရင်း …*ငါ*ကို ကြီးထွားစေတဲ့ ရင်ထဲမှ ထွန်တုံးများကို ဆွဲထုတ်ရပါအုံးမည်..။


မေတ္တာဖြင့်
သစ္စာအလင်း

Views: 80

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service