ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ပရလောကသားများ၏ ကယ်တင်ရှင်

☆“ပရလောကသားများ၏ ကယ်တင်ရှင်”☆ 
~~~~~~~~~~~~~~~~~~~~~~~~~~~~


☆ ပရလောကသားများမှာ သရဲ သဘက်၊ ဖုတ်၊ ကျတ်(စမ်း)စသည်တို့ဖြစ်ကြ
သည်။ သူတို့သည် သူတို့၏ဘဝဖြင့် ရောင့်ရဲတင်းတိမ် နေကြသူများသာ ဖြစ်
ကြ၏။

☆ မေတ္တာ ကရုဏာသခင် သီဟိုဠ်ပြန်ဆရာတော်သည် သိက္ခာတော်(၂၀)ဝါရ
တော်မူသောအခါ ဂါမဝါသီ၌ အမြဲနေထိုင်သီတင်းသုံးခြင်းကို ငြီးငွေ့စပြုလာ
လေ၏။ ယင်းကြောင့်လည်း ဆရာတော်သည် တောရပ်ဆောက်တည်ရန်
ထွက်ခွာလာခဲ့သည်။

☆ သီတင်းသုံးနေထိုင်သော ကျောင်းကိုစွန့်ခွာ၍ သပိတ်တစ်လုံး၊ သုံးထည်
သောသင်္ကန်းတို့ဖြင့် ဓူတင်တေရဿ ဆောက်တည်လာလေ၏။ တောရပ်ကို
မှီသောနေ့ကပင် တစ်ထပ်သောဆွမ်းကို မျှတရုံသာ ဆွမ်းခံ၍ သုံးဆောင်
တော်မူလေ၏။

တောရပ်ဆောက်တည်၍ တရားဓမ္မကို ကျင့်ကြံကြိုးစား အားထုတ်လာသော
အခါ သုံးနှစ်ခရီးသို့တိုင် ရောက်ရှိလာလေ၏။ ဆရာတော်၏စိတ်အစဉ်၌
လောကီလူသားများထက် ပရလောကသားများကို ကယ်တင်လိုသော ဆန္ဒ
ပြင်းပြလျက်ရှိ၏။ ယင်းကြောင့်လည်း တောရပ်ကို ဆောက်တည်လာခဲ့၏။

☆ ဆရာတော်သည် တရားတော်ကို မပြတ်ရှုမှတ်ဆင်ခြင်လာလေ၏။ သမာဓိ
အားကောင်းလာသည်နှင့်အမျှ မိမိဆန္ဒကို အကောင်းအထည်ဖေါ်ရန် နီးကပ်
လာလေ၏။ ဆရာတော်သည် တစ်နေရာတည်း၌ နေထိုင်ခြင်းကို ပယ်စွန့်ကာ
တစ်တောဝင် တစ်တောင်တက်ဆင်းဖြင့် သီတင်းသုံးကာ နေတော်မူလေ၏။

☆ ယင်းသို့ တရားတော်မြတ်ကို ရှာဖွေအားထုတ်လာသောအခါ တောစောင့်
နတ်၊ တောင်စောင့်နတ်တို့က အိပ်မက်ထဲတွင် လာရောက်၍ ပရလောက
သားတို့အား ကယ်တင်ပါမည့်အကြောင်း လျှောက်ထားလာကြသည်။ အစ
တွင် ဆရာတော်သည် မိမိတရားတော်ကိုသာ အာရုံစူးစိုက်ပြီး အားထုတ်ကာ
နေ၏။ တောစောင့်နတ်၊ တောင်စောင့်နတ်တို့က အကြိမ်ကြိမ် လာရောက်
လျှောက်ထားတောင်းပန်ကြသဖြင့် ဆရာတော်သည် စိတ်ဝင်စားမှု ဖြစ်လာ
လေ၏။ ပရလောကသားတို့စုဝေးသော နေရာအရပ်ကား လူသေများကို မြှုပ်
နှံထားသော သုသာန်နယ်မြေအတွင်းဖြစ်၏။

☆ ဆရာတော်သည် ပရလောကသားတို့အား ကယ်တင်ရန် သုသာန်တစ်ခုသို့
သွားရန် ဆုံးဖြတ်ချက်ချလေ၏။ ဆရာတော်သည် ပထမသုသာန်သို့ နေ့လည်
နှစ်နာရီခန့်တွင် သွားရောက်၍ ပရလောကသားတို့အား ဖိတ်ကြားထားလေ၏

☆ “ဒီနေ့ည ဆရာတော် ဒီနေရာကိုလာပြီး ငါးပါးသီလ ချီးမြှင့်ပေးမယ်။ တရား
ဟောမယ်။ စုဝေးနေကြလေ”ဟု မိန့်ကြားလေ၏။

☆ ဆရာတော်သည် ည(၁၁)နာရီခန့်အချိန်တွင် သုသာန်သို့ ကြွရောက်လေ
၏။ တရားဟောမည့်နေရာမြင်ကွင်းကား ဆန်းကြယ်လှပေ၏။ အစတွင် ဆ
ရာတော်သည် မိမိမျက်စိကိုပင် မယုံကြည်နိုင်။ ပရိသတ်အင်အားမှာလည်း တစ်ထောင်ကျော်ခန့်ရှိမည်ဟု ထင်မှတ်ရ၏။

☆ ဆရာတော်သည် တရားဟောမည့်နေရာ၌ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက်
တချို့သော ပရလောကသားတို့က ဆရာတော်ဘုရားအား ရှိခိုးဦးတိုက်လျက်
ရှိကြ၏။ တချို့ကား ရှိမခိုး။ တချို့ကား အရိုအသေမပေးပဲ ရှိ၏။ ဆရာတော်
အား ကျောပေးကာ ထိုင်နေကြ၏။ တချို့ကား မတ်တပ်ရပ်ကာ ကျောပေးလျက်
ရှိကြ၏။ တချို့ကား မတ်တပ်ရပ်လျက် ရှိခိုးကာနေကြ၏။

☆ တချို့ကား လက်အပြတ် လက်မပါ။ တချို့ကား လည်အပြတ်၊ လည်မပါ။ ခန္ဓာကိုယ်တုံးလုံးနှင့်ရှိကြ၏။ တချို့ကား မိမိတို့၏ လက်နှစ်ဖက်နှင့်မျက်နှာကို
ဖုံးအုပ်ကာ ငိုယိုလျက်ရှိကြ၏။ ဤမြင်ကွင်းကား ဆရာတော်အဖို့ ထူးဆန်းအံ့
သြဖွယ်ကောင်းသော မြင်ကွင်းတစ်ရပ်ပင်။

☆ ဆရာတော်က တရားနာပရိသတ်အား အကဲခတ်ကာ-

☆ “ကဲ ... ငါးပါးသီလဆောက်တည်ရန် ဆရာတော်ကို ကန်တော့ကြ”ဟူ၍မိန့်
တော်မူလေ၏။

☆ ကျွတ်တမ်းဝင်မည့် ပရလောကသားတို့က ဆရာတော်အား ဆရာကန်တော့
ချိုးဖြင့်ကန်တော့ကြလေ၏။

☆ ဆရာတော်သည် ငါးပါးသီလကို ချီးမြှင့်ပေးလေ၏။ ငါးပါးသီလချီးမြှင့်ပေး
ပြီးနောက် သရဏဂုံတရားတော်မြတ်ကို ဟောကြားချီးမြှင့်ပေးလေ၏။ သရ
ဏဂုံတရားတော်မြတ်ကို နာယူမှတ်သားရသောအခါ တရားတော်ဆုံး၍ ပရ
လောကသားတို့သည် သာဓုအနုမောဒနာပြုကြလေ၏။

“သာဓု သာဓု သာဓု”

☆ ဆရာတော်အား ကျောပေးကာ ထိုင်နေကြသော ပရလောကသားတို့ ဆရာ
တော်ဘက်သို့ မျက်နှာမူကာ ဦးညွှတ်၍ရှိခိုးလာကြလေ၏။ ရပ်နေသော ပရ
လောကသားတို့သည်လည်း ထိုင်ချလိုက်ကြ၏။ ဤမြင်ကွင်းမျိုးကို ဆရာတော်
သည် ဘဝသက်တမ်းတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမျှ တွေ့မြင်ခွင့်မရှိခဲ့။
အထူးစိတ်ဝင်စားလာ၏။ ဆက်လက်ပြီး ဆရာတော်သည် ညစဉ်ညတိုင်း တ
ရားဟောရန် စိတ်ကို ဆုံးဖြတ်ချက်ချထားလေ၏။

☆ သို့ဖြင့် ဆရာတော်သည် သုသာန်တစ်ခုတွင် နှစ်ပတ်ခန့် ကြွရောက်ပြီး တရားတော်ချီးမြှင့်ပေးလေ၏။ ဆရာတော်က သီလချီးမြှင့်ပေးခြင်း၊ တရား
ဟောချီးမြှင့်ပေးခြင်းကြောင့် ကျွတ်တမ်းဝင်ကြသော ပရလောကသားများ
လည်း ရှိကြ၏။

☆ ဆရာတော်သည် တရားဟောနေစဉ် တရားနာပရိသတ်ထဲမှ ပိုးစုန်းကြူးများ
ကဲ့သို့ အလင်းရောင်တန်းများ ဖြာထွက်ကာ ကောင်းကင်သို့ ပျံတက်သွားကြ
လေ၏။ ပထမတွင် ဆရာတော်သည် သတိမထားမိ။

☆ ညအိပ်မက်ထဲတွင် တောစောင့်နတ်တို့က လာရောက်၍ လျှောက်ထားကြ
၏။

☆ “အရှင်ဘုရား၊ အရှင်ဘုရား တရားဟောနေစဉ် ပိုးစုန်းကြူးပမာ ကောင်း
ကင်သို့ အလင်းတန်းကြီး ပျံတက်သွားတာဟာ ကျွတ်တမ်းဝင်သွားကြတဲ့ ပရ
လောကသားတွေ ဖြစ်ပါတယ်ဘုရား”ဟု လျှောက်ထားကြ၏။

☆ နောက်ပိုင်းတွင် တရာတော်သည် တရားချီးမြှင့်တိုင်း သတိထားမိလေ၏။
ဆရာတော်၏ တရားအဆီအနှစ်တွင် စိတ်ပါဝင်စားကြသော ပရလောကသား
များမှာ ကျွန်တမ်းဝင်သွားကြလေ၏။

☆ ဆရာတော်သည် သုသာန်တစ်ခုမှ သုသာန်တစ်ခုသို့ လှည့်လည်ကာ ကျွတ်
တမးဝင်နိုင်မည့် ပရလောကသားတို့အား ရည်ရွယ်ကာ တရားဟောခြင်းအ
မှုကို ဆက်လက်အားထုတ်တော်မူလေ၏။

☆ ဆရာတော်သည် ယင်းသို့သုသာန်ပေါင်းများစွာကို ညအချိန်တွင် လှည့်
လည်ကာ တရားဟော၍ ပရလောကသားတို့အား ကယ်တင်လာလဲ့လေ၏။ ကယ်တင်လာစဉ် ရမ်းဗြဲမြို့နယ် လေတောင်တိုက်နယ် ငပြီချောင်းကျေးရွာ သု
သာန်သို့ ရောက်ရှိလာလေ၏။

☆ ငပြီချောင်းရွာသုသာန်သည် ပရလောကသားတို့ အလွန်ယုတ်မာကြမ်းတမ်း
ခက်ထန်ကြောင်း ကျော်ကြား၏။ ဆရာတော်သည် နေ့လယ် (၁)နာရီခန့်တွင်
သုသာန်သို့ ကြွရောက်၍ တရားနာကြရန် ပရလောကသားတို့အား ဖိတ်ကြား
ထား၏။ ထိုနေ့ည (၁၁)နာရီအချိန်တွင် ငပြီချောင်းသုသာန်သို့ ကြွလာလေ၏။

☆ ဆရာတော်ကြွလာသည်ကို မြင်လျှင် သံခမောက်ဆောင်း ပရလောကသား
နှစ်ဦးက ခရီးဦးကြိုဆိုလာကြ၏။ သူတို့နှစ်ဦးအနက်မှ တစ်ဏီးက-

☆ “ဘုန်းကြီး၊ ဒီသူသာန်ကို မလာပါနဲ့၊ ပြန်သွားပါ”ဟု လျှောက်ထားလေ၏။

☆ ထိုအခါ ဆရာတော်က-

“ကျွတ်သင့် ကျွတ်ထိုက်တဲ့ပရလောကသားတို့ ကျွတ်တမ်းဝင်ကြစေရန် ရည်
ရွယ်လို့တရားဟောရန် ဆရာတော်ကြွလာခြင်း ဖြစ်တယ်”ဟု မိန့်ကြားတော်
မူလေ၏။

☆ “ဒီသုသာန်မှာ တရားဟောခြင်းကို ဘယ်သူ့ကိုမှ ခွင့်မပြု၊ အေးအေးဆေး
ဆေး ပြန်သွားပါ”ဟု ပြန်လျှောက်ထားလေ၏။

☆ “ရဟန်းဟာ ဒီသူသာန်တစ်ခုကိုသာမဟုတ်၊ သုသာန်ပေါင်းများစွာမှာ တ
ရားဟောခဲ့ပြီးပြီ၊့ျွတ်တမ်းဝင်သူများလည်း ရှိခဲ့ပြီ”ဟု မိန့်ကြားလေ၏

☆ “တားမရဘူးဆိုရင် အန္တရာယ်ရှိပါက ရဟန်းရဲ့တာဝန်သာ ဖြစ်ပါလိမ့်မယ်”
ဟုခပ်မာမာ ပြောလာ၏။

☆ ဆရာတော်သည် သုသာန်၌ သင့်တင့်လျောက်ပတ်သော နေရာတစ်ခုကို
ရွေးချယ်လိုက်၏။ ထိုနေရာ၌ထိုင်ကာ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်
လေ၏။ တစ်နာရီခန့်ကြာသောအခါ သံခမောက်ဆောင်း ပရလောကသား
နှစ်ဦး ထပ်မံရောက်ရှိလာပြန်၏။

☆ “အရှင်ဘုရား၊ တရားဟောမယ်ဆိုပါက ဟောနိုင်ပါပြီဘုရား”ဟူ၍ လျှောက်
ထားလေ၏။

☆ ဆရာတော်က မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းရာမှ မိမိ၏ရှေ့တည့်တည့်သို့
ကြည့်ရှုလိုက်သောအခါ ပရလောကသားများမှာ ငါးရာခန့်မျှရှိသည်ဟု ထင်
မှတ်ရ၏။ ဆရာတော်မှာ ဝမ်းသာသွားလေ၏။ ကျွတ်တမ်းဝင်မည့်သူများ ပါ
လာလိမ့်မည်ဟုလည်း မျှော်လင့်ထား၏။

☆ ဆရာတော်သည် အာနာပါနကမ္မဋ္ဌာန်းကို ထပ်မံ၍ စီးဖြန်းပါသည်။ တစ်နာ
ရီခန့်ကြာသောအခါ ကမ္မဋ္ဌာန်းရှုမှတ်ခြင်းကို ရပ်ထားလိုက်၏။ ပရိသတ်များမှာ
လည်း ဆရာတော်၏အမိန့်တော်ကို နာခံရန် အသင့်ရှိသူလည်းပါ၏။ တချို့
ကား ဆရာတော်အား ကျောပေးကာနေကြ၏။ တချို့ကား မတ်တပ်ရပ်ကာ ဆ
ရာတော်အား အကဲခတ်နေကြ၏။ တချို့ကား လဲလျောင်းအိပ်ကာနေကြ၏။ တ
ချို့ကား မတ်တပ်ရပ် ကျောပေးကာနေ၏။ တချို့ကား ငြိမ်သက်စွာ ထိုင်နေကြ
၏။ တချို့ကား လှုပ်လှုပ်ရှားရှား သွားလာနေကြ၏။ အထူးသဖြင့် သံခမောက်
ဆောင်းနှစ်ဦးသည် ဝဲယာရှေ့နောက် စုန်ကာဆန်ကာ သွားလာနေကြ၏။

☆ ဆရာတော်က -

“ငါးပါးသီလယူကြရန် ဆရာကန်တော့ချိုးဖြင့် ကန်တော့ကြ”ဟူ၍ မိန့်ကြားလေ
၏။

☆ တချို့ကား ဆရာတော်ကို ကန်တော့ကြ၏။ တချို့ကား မကန်တော့ချေ။ ဆရာ
တော်အား စူးစူးဝါးဝါး ကြည့်ရှုကာနေကြသည်။

☆ ဆရာတော်သည် ငါးပါးသီလကို ချီးမြှင့်ပေးသနားလေ၏။ သီလချီးမြှင့်ပြီး
သောအခါ သရဏဂုံဂုဏ်တော်တရားကို ဟောကြားချီးမြှင့်ပေးလေသည်။ သရဏဂုံတရားတော်ကြောင့် နောက်ကျောခိုင်းနေသူများ ဆရာတော်၏မျက်
နှာတော်ဘက်သို့ လှည့်လာကြ၏။ မတ်တပ်ရပ်နေသူများကလည်း ထိုင်ချသွား
ကြ၏။ လဲလျောင်းအိပ်နေသူများလည်း ထကာထိုင်လာကြ၏။ ဆရာတော်၏
တရားတော်အဆုံးတွင် သာဓုအနုမောဒနာကို တူညီစွာ ခေါ်ဆိုလာကြသည်။

☆ သံခမောက်ဆောင်း နှစ်ယောက်သားသည် ဆရာတော်၏အနီးသို့ ချဉ်းကပ်
လာကြပြန်ပါ၏။

☆ “ဆရာတော်၏တရားတော်ကား ကောင်းပေစွတကား။ နောင်ကိုလည်း ကြွ
ရောက်တရားချီးမြှင့်ပေးပါရန် တောင်းပန်ပါ၏။ အစတွင် တားစီးခဲ့ခြင်းကို
လည်း သနားသည်းခံ ခွင့်ပြုပါဘုရား”ဟူ၍ တောင်းပန်လာကြ၏။

☆ သီလ၊ သမာဓိ၊ ပညာသိက္ခာသုံးရပ် ပြည့်စုံသော ဆရာတော်အတွက်မူ များ
စွာပင် ဝမ်းမြောက်ရသည်။ သီလ၊ သမာဓိ၊ ပညာ အားနည်းသောပုဂ္ဂိုလ်တို့
ကား ပရလောကသားတို့၏ လှည့်ကွက်ထဲသို့ကျရောက်ကာ သမာဓိပျက်ပြား
ပြီး သုသာန်မှာ တရားအားထုတ်ခြင်းမှ စွန့်ခွာလာရလေသည်။

☆ ဆရာတော်သည် သုသာန်ပေါင်းများစွာ၌ ပရလောကသားများကို တရား
ဟောခဲ့သည်။ သို့သော် ဤငပြီချောင်းသုသာန်ကဲ့သို့ လလာရောက်ကြိုဆို
ခြင်း တားမြစ်ခြင်း မရှိခဲ့။ ဤသုသာန်ကား ထူးခြားလှပေစွတကား။ ထိုသု
သာန်တွင် ရက်သတ္တနှစ်ပတ်ခန့်မျှ ပရလောကသားများအား တရားဟောခဲ့
သည်။ ကျွတ်တမ်းဝင်ကြသောသူတို့ကိုလည်း ဆရာတော်မြင်တွေ့ခဲ့ရ၏။

☆ ဆရာတော်သည် ဆက်လက်ပြီး သုသာန်တစ်ခုမှ သုသာန်တစ်ခုသို့ လှည့်
လည်ကြွရောက် တရားဟောလာခဲ့သည်။ ထိုသို့ တရားဟောလာရာ သပြုချွိန်
ကျေးရွာသို့ ရောက်ရှိလာ၏။ သပြုချွိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ခေတ္တ
သီတင်းသုံးလျက် ညအချိန်တွင် သုသာန်သို့သွားရောက်ကာ တရားဟောလေ
၏။

☆ ပထမ ကျောင်းထိုင်ဆရာတော်က သတိမထားမိ။ သုံးရက်မြောက်သောနေ့
တွင် ကျောင်းထိုင်ဆရာတော် သိသွားလေ၏။ ထိုအခါ ကျောင်းထိုင်ဆရာ
တော် ဦးပဒုမက-

☆ “အရှင်ဘုရား၊ ညအချိန်မှာ ဘယ်ကိုကြွပါသလဲဘုရား”ဟူ၍ လျှောက်ထား
လေ၏။ ထိုအခါ သီဟိုဠ်ပြန်ဆရာတော်က-

☆ “ရွာထဲမှာ တရားဟောကြွပါတယ်ဘုရား”ဟုလျှောက်ထားလေ၏။ ဆရာ
တော်ဦးပဒုမက-

☆ “ရွာထဲမှာ တရားဟောမယ်ဆိုပါက တပည့်တော်သိလောက်ပါမယ်။ အခု
ကား မသိပါ”ဟုလျှောက်ထားပြန်၏။ ယင်းသို့လျှောက်ထားသောအခါ သီဟိုဠ်
ပြန်ဆရာတော်က-

☆ “အရှင်ဘုရားက ဒီရွာမှ လူတွေကိုသာ ရည်ရွယ်ပြောတာဖြစ်မယ်၊ တပည့်
တော် တရားဟောတဲ့ရွာကတော့ ဟိုဘက်က ရွာကြီးပါဘုရား”ဟုလျှောက်
ထားလေ၏။

☆ ကျောင်းထိုင်ဆရာတော်ဦးပဒုမသည် အထူးပင် စိတ်ဝင်စားလာလေ၏။

☆ “တပည့်တော် တရားလိုက်ဟောလို့ရပါမလားဘုရား”ဟုထပ်မံ လျှောက်
ထားလေ၏။ သီဟိုဠ်ပြန်ဆရာတော်က-

☆ “မည်သူမဆို တရားဟောလိုပါက ဟောလို့ရပါတယ်ဘုရား”ဟုပြန်ဖြေလေ
၏။

☆ “ဒီနေ့ည တပည့်တော် လိုက်ပါမယ်ဘုရား။ ဘယ်လိုတရားမျိုး ဟောရမှာလဲ
ဘုရား”ဟုလျှောက်ထား၏။

☆ “တရားကတော့ အထူးမဟုတ်ပါဘူး၊ သရဏဂုံသုံးပါး တရားတော်ကို အ
ကျယ်တဝင့်ဟောခြင်းမျှသာ ဖြစ်ပါတယ်ဘုရား”

☆ ယင်းနေ့ကား နေ့တာကုန်ဆုံး၍ ညဘက်သို့ ရောက်လာလေ၏။ အချိန်
ကား(၁၁)နာရီခန့်ရှိလာ၏။ သီဟိုဠ်ပြန်ဆရာတော်သည် ကျောင်းထိုင်ဆရာ
တော်ဦးပဒုမနှင့်အတူ သုသာန်သို့ကြွသွားကြလေ၏။ ဆရာတော်နှစ်ပါးသည်
သပြုချွိန်သုသာန်ဘက်သို့ ဦးတည်ကာ ထွက်ကြသည်။

☆ အတွေ့အကြုံမရှိသေးသော ကျောင်းထိုင်ဆရာတော်သည် သရဏဂုံသုံး
ပါးတရားတော်ကို အာရုံပြုလျက် ကြွလာလေ၏။ သုသာန်ကို ရောက်လာကြ၏။
သင့်တင့်လျောက်ပတ်နေရာ၌ ဆရာတော်နှစ်ပါး နေရာယူကြ၏။

☆ ရှေးဦးစွာ သီဟိုဠ်ပြန်ဆရာတော်သည် ပရလောကသားတို့အား ငါးပါးသီလ
ခံယူကြရန် ဆရာကန်တော့ချိုးဖြင့် ကန်တော့စေ၏။ ကျောင်းထိုင်ဆရာတော်
ဦးပဒုမကား ဘာတစ်ခုမှ မမြင်ပါချေ။ အသံကိုလည်း မကြား။ သီဟိုဠ်ပြန်ဆ
ရာတော်၏အသံမျှကိုသာ ကြားရလေ၏။ ဆရာတော်က ငါးပါးသီလချီးမြှင့်ပြီး
သောအခါတွင်ျေကာင်းထိုင်ဆရာတော်ဦပဒုမအား သရဏဂုံသုံးပါးတရား
တော်မြတ်ကို ဟောကြားချီးမြှင့်ပေးရန် တိုကတွန်းလေ၏။ ဆရာတော်ဦးပဒုမ
သည် သရဏဂုံသုံးပါးတရားတော်မြတ်ကို စိတ်အားထက်သန်စွာဖြင့် အလေး
ထားကာ ဟောကြားလေ၏။

☆ တရားတော်ပြီးဆုံး၍ အရှင်မြတ်နှစ်ပါးသည် ကျောင်းသို့ပြန်ကြွလာကြ၏။
ကျောင်းရှင်ကား တရားဟောချီးမြှင့်ခဲ့သော်လည်း တစ်စုံတစ်ရာကိုမှ မမြင်
ရ၊ မကြားရသဖြင့် လေထဲတွင် စာရေးသလို ရင်တွင်းမှာ ဟာတာတာ ခံစားရ
လေ၏။ အားမရ၊ ပရလောကသားတို့ မျက်ဝါးထင်ထင် တွေ့မြင်ရလျှင် တရား
ဟောရခြင်းမှာ အလွန်ကောင်းမည်ဟု နှလုံးသားထဲတွင် ကိန်းအောင်းထား
လေ၏။

☆ ဆရာတော်နှစ်ပါးသည် ညအချိန်တွင် သုသာန်သို့ ကြွမြဲကြွကာ ပရလောက
သားတို့အား တရားချီးမြှင့်ပေးလေ၏။ တရားအားထုတ်ကြ၏။ တရားထိုင်ကြ
၏။ ဤကဲ့သို့ နေ့စဉ်ရက်ဆက် တရားချီးမြှင့်လားသောအခါ လေးရက်မြောက်
သောနေ့တွင် ကျောင်းထိုင်ဆရာတော် ပရလောကသားတို့အား မျက်ဝါးထင်
ထင်မြင်တွေ့ရလေ၏။

☆ အစတွင် ကျောင်းထိုင်ဆရာတော်သည် မိမိမျက်စိကိုပင် မယုံကြည်နိုင်။ ပရ
လောသသားများကား ကျေးရွာမှာရှိသော လူများထက် အဆပေါင်းများစွာ ရှိ
ကြောင်း တွေ့မြင်ရသဖြင့် အံ့အားသင့်နေ၏။ ပရလောကသားတို့၏ ကိုယ်အ
မူအရာ၊ နှုတ်အမူအရာတို့ကိုလည်း ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရသဖြင့်
သီဟိုဠ်ပြန်တရာတော်အား များစွာကျေးဇူးတရားကြီးမားကြောင်းကို စိတ်ထဲ
၌ ကြိတ်၍ ချီးကျူးမှုကို ပြုလေ၏။

☆ ယင်းသို့ ကျောင်းရှင်ဆရာတော်က ပရလောကသားတို့အား မြင်တွေ့ရ
သောနေ့တွင် ငါးပါးသီလချီးမြှင့်ပေးရန် ထပ်မံတိုက်တွန်းလေ၏။ ပရလောက
သားတို့ကား အခြားကသူများ မဟုတ်ကြ။ မိမိကျေးရွာမှလူများသာဖြစ်
ကြောင်း တွေ့မြင်ရသဖြင့် ဝမ်းမြောက်သွားလေ၏။ လွန်ခဲ့သောဆယ်နှစ်ခန့်
က ကွယ်လွန် သွားကြသူများ၊ ငါးနှစ်ခန့်က ကွယ်လွန်သွားကြသူများ၊ နှစ်နှစ်
ခန့်က ကွယ်လွန်သွားခဲ့ကြသူများ၊ တစ်နှစ်ခန့်က ကွယ်လွန်သွားခဲ့ကြသူများ
ဖြစ်နေသဖြင့် များစွာဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေ၏။ ဆရာတော်၏စိတ်
ထဲ၌ ကွယ်လွန်ချိန်တွင် အယူတိမ်းစောင်းခဲ့ကြသဖြင့် ဤသို့ဖြစ်နေကြသည်
ဟု ခံစားနေရ၏။

☆ သူတို့၏ရုပ်ပုံလွှာများ၊ ပြောကြဆိုကြသောစကားသံများကို မြင်ရကြားရသ
ဖြင့် ပရလောကသားအကြောင်းကို တစေ့တစောင်း သခွင့်ရလာ၏။ ကျောင်း
ထိုင်ဆရာတော်သည် ငါးပါးသီလကို ချီးမြှင့်ပေး၏။ ပြီးလျှင် သရဏဂုံသုံးပါးတ
ရားတော်မြတ်ကို အကျယ်ချဲ့ကာ ဟောကြားလေ၏။ ယင်းသို့တရားဟော
ကြားနေစဉ်တွင် ပိုးစုန်းကြူးကြီးသဖွယ် အလင်းတန်းတခုသည် ပရလောက
သားများထဲမှ ကောင်းကင်သို့ ပျံတက်သွားလေ၏။

☆ တရားဟောပြီး၍ ဆရာတော်နှစ်ပါး ကျောင်းသို့ပြန်ကြွလာကြလေ၏။ လမ်း
တွင် ကျောင်းရှင်ဆရာတော်က-

☆ “အရှင်ဘုရား၊ တရားဟောနေစဉ် အလင်းတန်းတစ်ခု ကောင်းကင်သို့ ပြန်
တက်သွားတာ တွေ့ခဲ့ရပါတယ်ဘုရား”ဟူလျှောက်ထားလေ၏။ ထိုအခါ သီ
ဟိုဠ်ပြန်ဆရာတော်က -

☆ “အရှင်ဘုရား၏တရားတော်မှာ သက်ဝင်ယုံကြည်ကြသဖြင့် တရားတော်၌
စိတ်တည်ကာ ကျွတ်တမ်းဝင်သွားသောသူဖြစ်ပါတယ်”ဟုမိန့်တော်မူလေ၏။

☆ နောက်တစ်နေ့ တရားဟောရန်သွားရာတွင် မိမိနှင့်ခင်မင်ရင်းနှီးခဲ့သော
ဒကာ ဒကာမများကို ပရလောကသားများထဲတွင် တွေ့မြင်ရ၏။ ထိုအခါ
ကျောင်းရှင်ဆရာတော်က-

☆ “ဒကာကြီး၊ ဒကာမကြီးတို့ သားသမီးများကို ဘာများမှာချင်ပါသလဲ”ဟုမိန့်
တော်မူလေ၏။

☆ “အရှင်ဘုရား၊ တပည့်တော်သမီးကို သင်္ကန်းလှူပါလို့ ပြောပေးပါဘုရား”ဟု
မိန့်တော်မူလေ၏။

☆ “အရှင်ဘုရား၊ တပည့်တော်သားကို ဆွမ်း၊ သင်္ကန်း၊ ထီး၊ ဖိနပ် လှူပေးပါလို့
ပြောပေးပါဘုရား”

☆ “အရှင်ဘုရား၊ တပည့်တော်အတွက်တော့ ဘာမှလှူရန်မလိုပါ၊ ဘာပဲလှူလှူ
မကျွတ်ပါဘုရား”စသည်ဖြင့် ပရလောကသားများက လျှောက်ထားကြ၏။

☆ ဆရာတော်သည် ပရလောကသားတို့အား အထူးကရုဏာသက်ဝင်လာ
လေ၏။ ကြီးစွာသော သံဝေဂတရားကိုလည်း ရရှိခဲ့သည်။ တရားရခဲ့သည်။

☆ မည်သို့ပင် လှူသော်လည်း မကျွတ်သူမှာ လူ့ဘဝ၌နေစဉ်က လူသတ်မှု၊
မုဒိန်းမှု၊ ခိုးမှု၊ တိုက်မှု၊ လူတစ်ဖက်သားအပေါ်မှာ နိုင့်ထက်စီးနင်း ပြုကျင့်မှု၊
ဒုစရိုက်တရားများ ကျူးလွန်မှု၊ မကောင်းမှုအပေါ်တွင် သာယာနှစ်သက်မှုများ
ကို ဘဝသက်တမ်းတစ်လျှောက်တွင် ကြိမ်ဖန်များစွာ ပြုကျင့်ခဲ့သူ ဖြစ်၏။

☆ ထိုသို့ ပရလောကသားတို့က မှာကြားလိုက်သော စကားများကို သက်ဆိုင်
ရာ သားသမီးများအား ခေါ်ယူ၍ ဆရာတော်က ပြန်လည်မိန့်ကြားတော်မူ
လေ၏။ သားသမီး ဆွေမျိုးသားချင်းများကလည်း ကုသိုလ်ကောင်းမှုများကို
ပြုလုပ်လှူဒါန်းကာ အမျှပေးဝေကြလေ၏။

☆ သီဟိုဠ်ပြန်ဆရာတော်သည် ထိုကျေးရွာမှတစ်ဆင့် အခြားကျေးရွာများသို့
လှည့်လည်ကာ သုသာန်များ၌ တရားဟောချီးမြှင့်ခြင်းအမှုကို ပြုတော်မူလေ၏

☆ ကျွတ်သင့်ကျွတ်ထိုက်သော ပရလောကသားများလည်း ကျွတ်တမ်းဝင်ခဲ့ကြ
လေပြီ။ ဆရာတော်သည် အထူးသဖြင့် ပရလောကသားတို့အား မေတ္တာကရု
ဏာသက်မိ၍ ယခုကဲ့သို့ ကယ်တင်လာခဲ့လေသည်။ သီဟိုဠ်ပြန်ဆရာတော်၏
မေတ္တာ ကရုဏာတရားကား ကြီးမားလှပေစွတကား။

[ဤဆောင်းပါးဖြင့် အနောက်ရွာကျောင်း ကမ္မဋ္ဌာနစရိယဆရာတော်
ဘဒ္ဒန္တဂုဏဝံသအား ကန်တော့ပါ၏]

☆မဟာနွယ်(မန်းတက္ကသိုလ်)☆
☆ Buddhavasa Tiloka☆

 

 

 

Views: 100

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service