ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

နတ်တွေမှာသော စကားသုံးခွန်း

"နတ်တွေမှာသော စကားသုံးခွန်း"

 

သဒ္ဓါရဲ့တန်ဖိုးကို လူတွေထက်နတ်တွေက ပိုသိတယ်။ ဘာဖြစ်လို့ပိုသိသလဲဆိုတော့ လူတွေက စီးပွားဥစ္စာကို ကြိုးစားပြီးရှာကြတယ်၊ ကိုယ့်ရဲ့လုံ့လဝီရိယကြောင့် စီးပွားဥစ္စာတွေ တိုးတက်ကြ တယ်ဆိုတော့ ကံကံရဲ့အကျိုးကို သိပ်ပြီးမယုံကြည်ဘူး။ သဒ္ဓါရဲ့စွမ်းအားကို သိပ်ပြီးမသိကြဘူး။

 

နတ်တွေကြတော့ ကံကံရဲ့အကျိုးကို သိပ်ပြီးယုံကြည်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာက လုပ်ကိုင်ပြီးစားရတဲ့ ဘဝမှမဟုတ်တာ၊ ကံကံရဲ့အကျိုးကြောင့်ရလာတဲ့ ဘဝသာဖြစ်တယ်။ အရာရာဟာ ကံပေါ်မှာမူတည်နေတယ်။ ကံမရှိရင် ဘာမှမရပါဘူး။ လူ့ပြည်မှာလို အရောင်းအဝယ် လုပ်လို့မရဘူး။ နတ်ပြည်မှာ ရွှေဆိုင်တွေဖွှင့်လို့ရတာ မဟုတ်ဘူး။ အဲဒီတော့ကံပေးတာလေးပဲ သူတို့တတွေ ရကြတာနော်။

 

နတ်တွေကလူတွေနဲ့ မတူဘူး၊ ဖြစ်ပေါ်လာတဲ့ ဘဝတစ်ခုမှာ သူတို့နတ်သက်တမ်း တစ်လျှောက်လုံး ဝတ်ထားတဲ့အဝတ်လည်းဘယ်တော့မှ ဖွတ်ရတယ်မရှိဘူး။ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ်မရှိဘူး။ အို...ပူလို့အိုက်လို့ ချွေးထွက်တာလည်း မရှိဘူး။ အမြဲတမ်း သန့်ရှင်း သန့်ပြန့် နေတယ်။ သို့သော်နတ်တွေဟာ ကံကုန်တော့မယ်ဆိုရင် ဝတ်ထားတဲ့အဝတ်တွေ နွမ်းလာတယ်၊ ပန်ထားတဲ့ပန်းတွေ ညိုးလာတယ်။ ခန္ဓာကိုယ်ဟာလည်း စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက် ဖြစ်လာတယ်။ ချိုင်းကြားကနေ ချွေးတွေဘာတွေ ထွက်လာတယ်။ ဒါကသူတို့ သေခါနီးပြီဆိုတဲ့ signပြတာလို့ ခေါ်တယ်။

 

အဲဒီလိုအခြေအနေတွေ ပေါ်လာတဲ့ နတ်တွေကို မိတ်ဆွေနတ်က နန္ဒဝန်ဥယျာဉ်ထဲကို ဆွဲခေါ်သွား ကြတယ်။ ဆွဲခေါ်သွားပြီးတော့ စကား(၃)ခွန်း ပြောဆိုမှာ ကြားကြတယ်။

"အေး...ဘာမှမစိုးရိမ်ပါနဲ့ ဒီဘဝက သေသွားလို့ရှိရင် အကောင်းဆုံးဘုံကို ရောက်အောင်သွားပါ၊ အကောင်းဆုံးဘုံကို ရောက်တဲ့အခါကျတော့ အကောင်းဆုံးလက်ဆောင်ကို ရအောင်ယူလာပါ၊ ရထားတဲ့ လာဘ်လာဘကို ခိုင်မာအောင်ကြိုးစားပါ" ဆိုတဲ့ စကား(၃)ခွန်းကို ပြောလိုက်ကြတယ်။

 

စကား(၃)ခွန်းရဲ့အဓိပ္ပါယ်ကဘာလဲဆိုရင်....

(၁)အကောင်းဆုံးဘုံကို ရောက်အောင်သွားဆိုတာက လူ့ဘုံကို ရောက်အောင်သွားလို့ပြောတာ ဖြစ်တယ်။

(၂)အကောင်းဆုံး လာဘ်ကို ရအောင်ယူဆိုတာက သဒ္ဓါတရားကိုပြောတာဖြစ်တယ်။

(၃)ခိုင်မာအောင် လုပ်ပါဆိုတာ အဲဒီ့ရထားတဲ့ သဒ္ဓါတရားကို ခိုင်မာအောင် လုပ်ပါလို့ ဒီလို ဆိုလိုတာ ဖြစ်တယ်။

 

အဲဒီတော့ နတ်သားတစ်ယောက်၊ နတ်သမီးတစ်ယောက် စုတေခါနီးပြီဆိုရင် နန္ဒဝန်ဥယျာဉ်ကို ခေါ်သွားပြီးတော့ အဲဒီစကား(၃)ခွန်းကို မှာကြားကြပါတယ်။ အဲဒါကြောင့်သဒ္ဓါစွမ်းအားရဲ့တန်ဖိုးကို သူတို့က ပိုသိကြတယ်။

 

လူ့ပြည်ရဲ့ တန်ဖိုးကို သူတို့က ပိုသိကြတယ်။ လူ့ပြည်မှာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးရှိတဲ့ အတွက် ကုသိုလ်ကောင်းမှုတွေ အကုန်လုံးလုပ်နိုင်တယ်။ လူ့ပြည်မှာ ကုသိုလ်ကောင်းမှုများများ လုပ်လာတဲ့ ပုဂ္ဂိုလ်သည် နတ်ပြည်ရောက်တဲ့အခါ သာမန်ထက် ပိုပြီးထူးခြားတဲ့ စည်းစိမ် ခံစားရတယ်။ ဒါကြောင့်သွားချင်ရင် ဘယ်မှ မသွားပါနဲ့ လူ့ပြည်ကိုသွားပါ။ သဒ္ဓါတရား ရှိလာပြီဆိုရင် ဒီသဒ္ဓါစွမ်းအားကို အကြောင်းပြုပြီးတော့ ကုသိုလ်များများလုပ်ပါ။ လုပ်ပြီးရင် တို့နတ်ပြည်ကို ပြန်လာပါလို့ ဒီလိုမှာကြတယ်။

 

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ

 

Views: 214

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Pyaephyoaung is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 4
oplihon posted blog posts
Aug 20
oplihon is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
A Maris updated their profile
Aug 18

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service