ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

၎။ သိဒ္ဓတ္ထ Siddhattha 悉達多

၎။ သိဒ္ဓတ္ထ Siddhattha 悉達多

 

ငါးရက်မြောက်သောနေ့တွင် မင်းကြီးက ပုဏ္ဏားတော်များကို ဖိတ်သည်။ သားတော်၏ လက္ခဏာတို့ကို ကြည့်ရှုဖတ်ကြားစေသည်။ ပုဏ္ဏားတော်ခုနှစ်ယောက်တို့က " သားတော် သည် စကြဝတေးမင်းသော်လည်းကောင်း၊ ဘုရားသော်လည်းကောင်း ဖြစ်လိမ့်မည်" ဟူ၍ နှစ်ခွ ဆိုကြသည်။ အငယ်ဆုံးဖြစ်သော ကောဏ္ဌညပုဏ္ဏားကမူ " အရှင့်သားတော်သည် တောထွက်၍ ဘုရားဧကန် ဖြစ်လိမ့်မည်" ဟူ၍ တစ်မျိုးတည်းသာဆိုသည်။

 

 မင်းကြီးက " ငါ့သားတော်သည် ဘယ်အရာကို မြင်၍ တောထွက်မည်နည်း " ဟု မေးမြန်းသည်။

 

" သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီး လေးပါးကို မြင်၍ တောထွက်ပါမည် " ဟု ကောဏ္ဌညပုဏ္ဏားက ဖြေကြားသည်။

 

 ဘုရားလောင်းကို " သိဒ္ဓတ္ထ "ဟူ၍ အမည်ပေးသည်။ ဂေါတမ အနွယ် ဖြစ်သောကြောင့်" သိဒ္ဓတ္ထဂေါတမ " ဟူ၍လည်း ခေါ်ကြသည်။

 

4။ Siddhattha

 

On the fifth day the king invited the court brahmins and asked them to read the future of Bodhisat. The seven brahmins told the king.

 

" Yours son will become either the sovereign of the whole universe or the Enlighteened Buddha;" thus they prophesied in two ways. But the youngest brahmin Kondannya said definitely. " Your son will retire from the world and become the Enlightened Buddha."

 

 The king then asked, " What will he see and retire from the world? "

 

 Kondannya brahmin replied, " He will retire from the world after seeing the four omens viz; an old man, a sick person, a dead person and a monk. " Bodhisat was named Siddhattha  and as he was of the Gotama clan He was also called Siddhattha Gotama.

 

Siddhattha 悉達多

 

第五天王邀請法院婆羅門,並要求他們閱讀菩薩 (巴Bodhisatta)的未來。七婆羅門告訴王。

 

“你的兒子將成為整個宇宙的任何主權或成佛”;因此,他們預言在兩個方面。但最年輕的婆羅門 憍陳如 (巴Kondannya)肯定地說。 “你的兒子將退任的世界,成為一個開明佛。”

 

 國王接著問,“是什麼,他看到來自世界退休?”

 

 憍陳如 (巴Kondannya)婆羅門回答說,“他會看到四個徵兆即退休後,來自世界;。一個老頭,一個有病的人,死的人,一個和尚” 菩薩 (巴Bodhisatta)被評為悉達多和他是喬達摩氏族的他也被稱為喬達摩悉達多 (巴Siddhattha Gotama.)。

Views: 188

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service